ကိုယ့်ထက်အသက်ကြီးတဲ့မမတွေကိုမှအမျိုးသားတွေတမ်းတမ်းစွဲဖြစ်နေရတဲ့အချက်များ
shwemom.com
|
2019-05-02

လူအများစုက ချစ်သူစုံတွဲတစ်တွဲမှာအမျိုးသားဟာအမျိုးသမီးထက်အသက်ပိုကြီးသင့်တယ်လို့ ယေဘူယျအနေနဲ့ ပြောကြပါတယ်။အရင်တုန်းကအမျိုးသမီးတွေအဖို့ ကိုယ့်ထက်ငယ်ရွယ်တဲ့အမျိုးသားနဲ့ ချစ်ကြိုက်နေတာကို လူမှုပတ်ဝန်းကျင်က သိပ်လက်ခံလေ့မရှိပါဘူး။ ဒါပေမယ့်အခုခေတ်မှာဆိုရင်တော့ လူတွေဟာအသိအမြင်လည်း ပွင့်လင်းပြီး သဘောထားတွေလည်း ပြောင်းလာတာကြောင့် ချစ်မှုရေးရာမှာအသက်အရွယ်ဟာ ပဓာနမကျဘူးဆိုတာ မြင်လာကြပါပြီ။အမျိုးသားတော်တေ်ာများများဟာ ကိုယ့်ထက်အသက်ကြီးတဲ့အမျိုးသမီးတွေကို နှစ်သက်လေ့ရှိပါတယ်တဲ့။ ဘာကြောင့် သူတို့တွေဟာ ငယ်ရွယ်နုပျိုတဲ့ မိန်းမငယ်လေးတွေထက် မမတွေရဲ့ ချစ်ခြင်းကို မတွန်းလှန်နိုင်ရတဲ့အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

မမတွေကအာရုံမထွေပြားဘူး

© Gilbert Flores/Broadimage/Broad Image/East News

အမျိုးသားတွေဟာအတွေးရှင်းတဲ့အမျိုးသမီးတွေကို နှစ်သက်ကြပါတယ်။ ကိုယ်ဘာလိုချင်တယ်ဆိုတာကို ကိုယ်တိုင်သိတဲ့အမျိုးသမီး၊ ကိုယ်ရည်ရွယ်ထားတဲ့ ပန်းတိုင်အတွက် စဉ်ဆက်မပြတ်ကြိုးစားနေတဲ့အမျိုးသမီးမျိုးကို သူတို့တွေက လေးစားကြပါတယ်။ မိန်းမငယ်ငယ်လေးတွေက ချစ်မှုရေးရာမှာ ဒရာမာတွေ ချိုးပြနေတဲ့အချိန် မမတွေကတော့ ဘဝတိုးတက်ဖို့ရယ်၊ သူတို့ချစ်တဲ့သူတွေဘ၀ တိုးတက်ဖို့ရယ်လောက်ပဲ စိတ်ကူးထဲရှိတာပါ။ သူတို့နဲ့တွေ့ဆုံရတဲ့အခါ ကိုယ်ဆိုလိုချင်တာကို ကွယ်ဝှက်စရာမလိုပဲ ပြောနိုင်တာကြောင့်လည်းအမျိုးသားတွေက ကိုယ့်ထက်အသက်ပိုကြီးတဲ့ မမတွေကို နှစ်သက်ကြပါတယ်။

ဘဝအကြောင်း သိတယ်

instagram

အသက်ကြီးလာတဲ့အခါ ဘဝအတွေ့အကြုံတွေ ပိုဆုံလာပါတယ်။ ဒါကြောင့်အမျိုးသားတွေအနေနဲ့ ကိုယ့်ထက်အသက်ကြီးတဲ့အမျိုးသမီးတစ်ယောက်ဆီမှာ သင်ယူဖို့အကြောင်းအရာများစွာ ရှိလာပါတယ်။ သူမဟာအကြောင်းအရာမျိုးစုံအပေါ်မှာ မတူညီတဲ့ ရှုထောင့်များစွာဆီကနေ တွေးခေါ်တတ်ဖို့ လမ်းကြောင်းပြနိုင်တာကြောင့်အမျိုးသားတစ်ယောက်ကို ရင့်ကျက်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဒီလိုအမျိုးသမီးတွေဟာ တစ်ခါတစ်လေအမျိုးသားတစ်ယောက်က သူ့ကိုယ်သူတောင် မမြင်နိုင်တဲ့အားသာချက်တွေကို မြင်တွေ့အောင် ကူညီပေးနိုင်ပါတယ်။

မတူညီတဲ့ ရှုထောင့်တွေဘက်က တွေးခေါ်တတ်တယ်

instagram

မမတစ်ယောက်နဲ့ ချစ်ကြိုက်ခွင့်ရတာဟာအမျိုးသားတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာ ကြီးထွားသန်စွမ်းမှုကို ပေးပါတယ်။ လူတစ်ယောက်နဲ့ ချစ်ကြိုက်မိတဲ့အခါ လူတွေဟာ လူ့စိတ်သဘော သဘာဝကို ပိုသိလာတဲ့အပြင် ကိုယ့်ကိုကိုယ်လည်း ပိုသိမြင်လာစေပါတယ်။ ဒါပေမယ့် မမတွေကတော့ ကိုယ့်ခံစားချက်တွေကိုအနက်ရှိုင်းဆုံးနေရာအထိ ရောက်အောင် ထွင်းဖောက်မြင်နိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့အရာကို ဖိအားပေးမခံရပဲ ပွင့်ပွင့်လင်းလင်း ပြောပြနိုင်လို့လည်း မမတွေဟာ တစ်ပန်းသာနေပါတယ်။

ကိုယ်ပိုင်ယုံကြည်ချက်ရှိပြီးအမှီခိုကင်းတယ်

instagram

ငယ်ရွယ်နုနယ်ပြီး မရင့်ကျက်သေးတဲ့ မိန်းမပျိုလေးတွေက လူတကာရဲ့အာရုံစိုက်ခံရမှုကို တောင့်တနေတဲ့အချိန် မမတို့ကတော့ ကိုယ့်ရရှိထားတဲ့ သွင်ပြင်သဏ္ဍာန်ပေါ်မှာ သက်တောင့်သက်သာ ဖြစ်နေတတ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို သူတစ်ပါးရဲ့အမြင်တွေ၊ ဝေဖန်ချက်တွေနဲ့လည်း သူတို့က မလဲပါဘူး။ ဘဝအတွေ့အကြုံလည်း ထိုက်သင့်သလောက် ရှိပြီး ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုသရဖူဆောင်းထားတဲ့ မမတွေဟာအမျိုးသားတွေကို သံလိုက်ဓာတ်လိုမျိုး ဆွဲဆောင်စေတတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုှရှိတယ်

instagram

မမတွေဟာ သူတို့ဘဝတစ်လျှောက်လုံးမှာအဆိုးရောအကောင်းပါ တွေ့ကြုံဖြတ်သန်းခဲ့ရပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ တစ်ပါးသူအပေါ်မှာ တုံ့ပြန်လိုက်တဲ့အပြုအမူဟာအစွန်းရောက်လွန်းနေသလားဆိုတာကို ဝေဖန်ပိုင်းခြားနိုင်တဲ့အပြင် စိတ်ခံစားမှုတွေနဲ့အပြုအမူတွေကိုပါ ထိန်းချုပ်နိုင်နေပါပြီ။ ဒီလိုပြောလို့ မမတွေနဲ့ rs တစ်ခု တည်ဆောက်ရတာ ပျင်းစရာကောင်းသလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ဘယ်နေရာမှာတော့အလိုလိုက်သင့်တယ်၊ လူကို ပျော်အောင် ဘယ်လိုထားသင့်လဲဆိုတာ သူတို့တွေ ကောင်းကောင်း သဘောပေါက်ပါတယ်။ တစ်ခါတစ်လေ လိုအပ်ရင် ကိုယ့်ချစ်သူအပေါ်မှာ ကလေးဆိုးကြီးလို မူယာမာယာနဲ့ ဆိုးနွဲ့ပြတတ်တာလည်း မမတွေပါပဲ။ သူတို့တွေနဲ့ စကားပြောဆက်ဆံရတာ ပွင့်လင်းတဲ့အပြင်အထအနကောက်မလွယ်တာကြောင့်လည်းအမျိုးသားတွေဟာ မမတွေဆို တော်ရုံလက်မလွှတ်နိုင်ကြတာဖြစ်ကြောင်း သိရှိရပါတယ်။










လင်းလင်း (ShweMom)

Ref: Brightside




Some text some message..