ဒီလိုခံစားမှု ၅ မျိုးကိုခံစားချင်ရင် နှစ်တိုင်း မေမေနဲ့နှစ်ယောက်တည်းခရီးသွားကြည့်ပါ။
shwemom.com
|
2019-05-02

ဖေဖေနဲ့မေမေတို့မှာဆိုရင် သားသမီးတွေနဲ့တရင်းတနှီးပိုနေတတ်ကြတာ မေမေတို့နဲ့ပါ။ ငယ်စဉ်အချိန်အခါကသာ သားအမိတွေကြားထဲ နီးနီးကပ်ကပ်နဲ့ရင်းနှီးချစ်ခင်တတ်ကြပေမယ့် ဆယ်ကျော်သက်ဘဝရောက်လာကတည်းကအချိန်မေးနိုင်တာတွေ၊အသက်အရွယ်ရလာတာတွေကြောင့် မိဘတွေနဲ့အလိုလိုကို တီတီတာတာပြောပြီး ကြင်ကြင်နာနာမနေတတ်ကြတော့တာ သဘာဝပါပဲ။

သားသမီးတွေရဲ့လိုအင်ဆန္ဒတွေ ဘာတွေဖြစ်နေသလဲဆိုတာတွေကို ှဆဌမအာရုံနဲ့သိမြင်နိုင်တဲ့ မေမေတို့အတွက်ကတော့ တရင်းတနှီးမနေဖြစ်တော့ပေမယ့်လည်းအမြဲလိုလိုဂရုတစိုက်ရှိနေတတ်ပါတယ်။ သားသမီးတွေအလုပ်တွေရလို့အသက်ကြီးသွားရင်တောင်မှပဲအရာရာလိုက်စိတ်ပူနေတတ်ပြီး ကလေးတစ်ယောက်သဖွယ်အမြဲတမ်းနွေးနွေးထွေးထွေးရှိတတ်ကြပေမယ့်အနေစိမ်းတဲ့သားသမီးတွေရဲ့အပြုအမူကြောင့် မေမေတို့ခင်ဗျာမှာလည်း တချို့အချိန်တွေရှိန်ကာအရင်ကလောက် တရင်းတနှီးမရှိတတ်ကြတော့ပါဘူး။

မရှိတော့မှနောင်တမရရအောင်လို့ ကိုယ့်မေမေရှိနေစဉ်မှာ တတ်စွမ်းတာထက်ပိုပြီးချစ်ခင်ကာ နှစ်ယောက်တည်း ကြည်ကြည်နူးနူးအချိန်ဖြုန်းကြဖို့ တိုက်တွန်းချင်ပါတယ်။ မအားလပ်တောင်မှ တစ်နှစ်မှာ တစ်ပတ်လောက်တော့အနည်းဆုံးအချိန်ပေးပြီး နှစ်ယောက်တည်း ပတ်ဝန်းကျင်အသစ်တွေဆီကို ခရီးထွက်ကြည့်ကြပါ။ ဒီလိုလုပ်ပေးခဲ့ရင် ဘယ်လိုမျိုးအဖိုးမဖြတ်နိုင်မယ့်အကျိုးကျေးဇူးတွေကို ခံစားစေရမလဲဆိုတာကိုအောက်မှာဆက်ဖတ်လိုက်ကြပါဦးနော်။


(၁) ဘဝကြီးရဲ့တန်ဖိုးအကြီးမားဆုံးလက်ဆောင်

အရွယ်ရောက်လာလို့ ကိုယ်စီအလုပ်တွေနဲ့ဖြစ်နေချိန်၊ မေမေ့ကိုကိုယ့်လခထဲက ပစ္စည်းတွေဝယ်ပေးတာ၊အသုံးစရိတ်ပေးတာတွေထက်အချိန်လေးသီးသန့်ပေးပြီး ခရီးအတူတူထွက်တာဟာ သူတို့စိတ်ထဲ ကျန်တာတွေထက် ပိုကြည်နူးပျော်ရွှင်ရသလို တဖြည်းဖြည်းတိုတိုလာတဲ့လူ့သက်တမ်းမှာလည်း ဒီအခိုက်အတန့်လေးတွေဟာ နောင်တစ်ချိန်မှာအဖိုးမဖြတ်နိုင်တဲ့ ဘဝရဲ့လက်ဆောင်တွေအဖြစ် ပြန်ခံစားမိစေမှာပါ။


shutterstock


(၂) တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာလိမ့်မယ်

လူဆိုတာအသက်အရွယ်နဲ့လိုက်ပြီး စိတ်နေစိတ်ထားတွေ၊အခြေအနေတွေဆိုတာ ပြောင်းလဲတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ငယ်ငယ်တုန်းက သိခဲ့တဲ့မေမေဟာအရမ်းကျန်းမာသန်စွမ်းပြီး စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ဖြစ်ချင်ဖြစ်နေခဲ့ပေမယ့် ဇရာရလာတာနဲ့အမျှအားငယ်စိတ်လေးတွေဝင်တတ်တာမျိုး၊ ခါးနာတာ ဒူးနာတာ စတာတွေကို မပြောဘဲကိုယ့်နည်းကိုယ့်ဟန်နဲ့ကုသနေတာလိုမျိုး ကျန်းမာရေးအခြေအနေမျိုးတွေအပြင်၊ သားသမီးမြေးမြစ်တွေနဲ့သူစိတ်ထဲမှာ ပုံဖော်ထားတဲ့အရာမျိုးလေးတွေကိုလည်း ခရီးသွားရင်းအမှတ်မထင်သိနိုင်တဲ့အတွက် ကိုယ့်ဘက်ကလည်း ဖြည့်ဆည်းပေးလို့ ရနိုင်တာပေါ့။


shutterstock


(၃) တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်

ဘဝမှာဘယ်လိုသွားပြီး ဘာလေးတော့လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်မျိုး ထားထားတာလူတိုင်းမှာ ရှိကြမယ်ထင်ပါတယ်။ ဒီလို bucket list လေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်တူနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်လည်းကိုယ်ဖြစ်ချင်တာဖြစ်ရတယ်၊ မေမေ့ကိုလည်းအချိန်ပေးပြီးသားလည်းဖြစ် သူသွားချင်တဲ့နေရာကိုလည်း လိုက်ပို့ပြီးဖြစ်အောင်လို့ နှစ်ယောက်သား စိတ်ထဲမှာတေးထားတဲ့ ခရီးသွားဆန္ဒတွေကို တိုင်ပင်ကြပြီး ထပ်တူညီတာမျိုးရှိရင်အတူတူသွားကြည့်လိုက်ပါ။ ပြီးပြည့်စုံတဲ့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ခံစားမှုမျိုး သင်ခံစားရပါလိမ့်မယ်။








(၄)အားနာစိတ်တွေကိုပယ်ပျောက်စေခြင်း

တစ်နှစ်ပတ်လုံး ကျောင်းကိစ္စ၊အလုပ်ကိစ္စတွေနဲ့ မအားမလပ်ဖြစ်နေခဲ့လို့ တစ်ပတ်မှာတစ်ခါတောင် မေမေနဲ့စကားကောင်းကောင်းမြပောဖြစ်မိတဲ့အချိန်မျိုးတွေ ရှိခဲ့မှာပါ။ တချို့အချိန်တွေဆို ငါမေမေ့ကိုအချိန်ပေးဦးမှဆိုပြီး တွေးထားပေမယ့်လည်းအရေးကြီးတဲ့ကိစ္စတွေ ပေါ်လာတတ်လို့ ပျက်ပေါင်းရလည်း များနေပြီ၊ ဒါကြောင့်လည်း မေမေ့ကိုစိတ်ထဲကြိတ်ပြီးအားနာရတဲ့အခိုက်အတန့်မျိုးတွေ ရှိဖူးမှာပါ။အဲဒီလိုအပြစ်ရှိသလိုအားနာရတဲ့စိတ်တွေကို ပယ်ဖျောက်စေဖို့အတွက် ၃၆၅ ရက်မှာ ၇ ရက်လောက်သာအချိန်ပေးပြီး နှစ်ယောက်တည်း ခရီးထွက်ကာ မေမေ့ကိုဂရုစိုက်ပေးကြည့်လိုက်ပါလား။


shutterstock


(၅) တိုတောင်းလှတဲ့ဘဝကြီးမှာ မေမေနဲ့အတူအဖိုးမဖြတ်နိုင်တဲ့အမှတ်တရတွေကို ဖန်တီးလိုက်ပါ။

နီးနီးဝေးဝေး ခရီးသွားရင်း ဓာတ်ပုံလေးတွေရိုက်မယ်၊ ဗီဒီယိုလေးတွေရိုက်ထားမယ်၊ မေမေလိုချင်တာကို ဝယ်ပေးပြီး စိတ်ချမ်းသာအောင်ထားကြည့်ပါ။ ဘဝဆိုတာတိုတိုလေးမို့ လွန်ကာမှလွမ်းဆွတ်ပြီး နောင်တမရကြပါနဲ့။


shutterstock


Source: Powerful Time


Penny




Some text some message..