FA တွေ (၇) ရက်အတွင်း ချစ်သူရစေမယ့်အထိရောက်ဆုံး နည်းလမ်း(၇)မျိုး
shwemom.com
|
2019-05-03

သင့်ကို သူငယ်ချင်းတွေက FA တစ်ယောက်ဆိုပြီးအမြဲတမ်း ဝိုင်းနှိမ်နေတာကို ခံနေရပြီလား။ ဒါမှမဟုတ် ကိုယ်သေ ဘာကျတဲ့ ကောင်မလေးတွေ ရှိရဲ့သားနဲ့ ဘယ်လို ချည်းကပ်ရမှန်းမသိလို့အခက်တွေ့နေတာလား။ ဒီနည်းလ မ်းတွေကို လုပ်ကြည့်လိုက်လေ။ သင့်ကို ဂေါ်မစွံတစ်ယောက် ဘဝက လွတ်မြောက်ဖို့ ကူညီပေးနိုင် ပါလိမ့်မယ်။


fr.videoblocks.com

(၁)။ တန်ဖိုးကြီး စားသောက်ဆိုင်တွေမှာ ဓာတ်ပုံရိုက်ပါ
…………………………………………………………
ကိုယ်တိုင်သွားစားတာပဲ ဖြစ်စေ၊ သူငယ်ချင်းတစ်ယောက်ယောက် သွားလို့ လိုက်သွားတာမျိုးပဲ ဖြစ်စေ၊ လမ်းကြုံတာမျိုးပဲဖြစ်စေ တန်ဖိုးကြီး စားသောက်ဆိုင်တွေကို ရောက်တိုင်း ဓာတ်ပုံရိုက်ပါ။ ပြီးရင်အဲ့ဒီဓာတ်ပုံနဲ့အတူ Check In ဝင်တာမျိုး၊ မှတ်ချက်တစ်ခုခု ရေးတာမျိုးလုပ်ပြီး ကိုယ့်ရဲ့ Facebookအကောင့်မှာ တင်ပါ။ ဒီလို လုပ်ခြင်းအားဖြင့် သင့်ကို လူတွေကအထင်ကြီးစေပြီး သူတို့စိတ်ထဲမှာ မှတ်ချက်ကောင်းကောင်း ပေးပြီးသွားလည်း ဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုပြောရမလဲ … လူရှိန်တာပေါ့။


www.videoblocks.com

(၂)။ ကားမောင်းနေရင်းရိုက်တဲ့ ဆယ်လ်ဖီတွေ တင်ပါ
…………………………………………………
ကားမောင်းနေရင်း ရိုက်တဲ့ဆယ်လ်ဖီဆိုတာ တစ်နည်းအားဖြင့် ကိုယ့်မှာ ကားရှိကြောင်း ကြွားလိုက်တာပါပဲ။ တက္ကစီမောင်းနေရင်တော့ တမျိုးပေါ့။ LOL ။ ဒီနည်းလမ်းကလည်း လူအထင်ကြီးမှုကို တစ်ဖက်က ရယူလိုက်တာပါပဲ။ ဥပမာ – သင်က မိန်းကလေးတစ်ယောက်ကို ကျိတ်ပြီး သဘောကျနေတယ်ဆိုရင်အဲဒီမိန်းကလေးက ကိုယ့်ကိုအထင်မကြီးသရွေ့ ပြန်ကြိုက်ဖို့ လမ်းမရှိပါဘူး။ ဒီတော့အထင်ကြီးအောင် နည်းမျိုးစုံနဲ့ လုပ်သာလုပ်ပါ။ ကိုယ့်မှာ ကားမရှိဘူး၊ ကားမမောင်းတတ်ဘူး ဆိုရင်လည်း ကားပိုင်တဲ့ သူငယ်ချင်းတစ်ယောက်ကိုအကူအညီတောင်းပြီး ကြိုးစားကြည့်ပေါ့။ လွယ်တော့မလွယ်ဘူးလေ။ မျက်နှာပြောင်ရတာပေါ့။

(၃)။အလှဆုံး Camera Affect တွေကို သုံးပါ
……………………………………………………
သင့်ဘာသာသင်အပြင်မှာ ဘယ်လိုမျက်နှာကြီးပဲ ဖြစ်နေနေ ဓာတ်ပုံထဲမှာတော့အစွမ်းကုန်လှဖို့ ကြိုးစားပါ။ သင့်မျက်နှာက နူးညံ့ပြီး ချောမွေ့နေရမယ်၊ သင့်အပြုံးက ဆွဲဆောင်မှု ရှိနေရမယ်။ ဒါမှပဲ သင်စိတ်ဝင်စားနေတဲ့ တစ်ယောက်ယောက်က သင့်ကို ပြန်ပြီး ကြွေဖို့ စဉ်းစားမှာပါ။ ဓာတ်ပုံထဲမှာ လှပြီးအပြင်မှာ ရုပ်ဆိုးနေတယ် ဆိုရင်တောင် သူက သင့်ကိုအားနာနာနဲ့ တွဲရင် တွဲဦးမှာမို့အကောင်းဆုံး Camera Affect တွေကိုသာ သုံးပြီး ဓာတ်ပုံရိုက်ပါ။အလှဆုံးပြုံးနိုင်ဖို့ လေ့ကျင့်ပါ။

(၄)။ ကိုယ့်ရဲ့အချစ်ရေးကံ ဘယ်လောက်ဆိုးခဲ့ကြောင်း ဒရာမာ ချိုးပါ
………………………………………………….
များသောအားဖြင့် ချစ်တဲ့စိတ်ဆိုတာ သနားတဲ့စိတ်ကနေ ဆင်းသက်လာတာပါ။အယ်လယ်။ ကိုယ်အရင်က ဘယ်လိုပဲ ဘူခဲ့ ဘူခဲ့ လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးပြီး ကောင်မလေးတွေက ရက်ရက်စက်စက် ပစ်သွားသလို ဘာညာ ဒရာမာတွေရေးပါ။ ပြီးရင် ကိုယ့်ရဲ့ Facebookအကောင့်မှာ တင်ပါ။အဲဒီလို လုပ်လိုက်ပြီးရင် ကိုယ့်ကို သနားတဲ့ ကွန်မန့်တွေ ရလာပါလိမ့်မယ်။အဲဒီထဲကမှအရမ်းကြီး လာသနားနေတဲ့ တစ်ယောက်ကို ရွေး။ ရုပ်ကလေးကလည်း ကြည့်ပျော် ရှုပျော်လေးဆိုရင် စကားရောဖောရော သွားလုပ်။အဆင်ပြေဖို့များတယ်နော်…။


http://www.stayatbase.com

(၅)။ တိရိစ္ဆာန်လေးတွေနဲ့ ဓာတ်ပုံရိုက်ပါ
………………………………………………
ဒါကတော့ သင့်ကိုယ်သင် ကြင်နာတတ်သူ တစ်ယောက်ဖြစ်ကြောင်း ပြတဲ့အကွက်ပါ။ များသောအားဖြင့်တော့ လူတွေရဲ့ စိတ်ထဲမှာ တိရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့သူ၊ သူတပါးကို ကူညီတတ်တဲ့ သူတွေကိုတွေ့ရင်အမှတ်ကောင်းကောင်းပေးလေ့ရှိပါတယ်။ ဒီတော့ ချစ်စရာကြောင်လေးတွေ၊ ခွေးလေးတွေကို တွေ့တိုင်း ပိုင်ရှင်ကို ခွင့်တောင်းပြီး ကိုယ်မွေးထားသလိုလိုနဲ့ ဓာတ်ပုံရိုက်ပါ။ ဒီလိုနည်းနဲ့ ဝါသနာတူ လက်တွဲဖော်ကို ရှာတွေ့နိုင်သလို ကိုယ်စိတ်ဝင်စားနေတဲ့ သူဆီကအမှတ်ကောင်းကောင်းလည်း ရနိုင်တယ်နော်။





(၆)။ Love React တွေ မညှာမတာပေးပါ
………………………………………………….
သင်က တစ်ယောက်ယောက်ကို ချစ်နေပြီဆိုပါစို့။အဲဒါကို သင့်စိတ်ထဲမှာပဲ သိမ်းထားရင်အဲဒီချစ်နေတဲ့အဆင့်ကနေ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ သင်သူ့ကို ချစ်တယ်ဆိုတာ သူသိကြောင်း ပြရမှာပါ။ သင့်အနေနဲ့ သူ့ကိုချစ်တယ်လို့လည်း ဖွင့်မပြောရဲသေးဘူး ဆိုရင် သူ့ရဲ့ Facebook မှာ တင်သမျှပုံတွေ၊ စာသားတွေကို Love React တွေသာ စွတ်ပေးပါ။ (စိတ်ဆိုးလို့ တင်ထားတဲ့ ပို့စ်တွေကိုတော့ ရှောင်ပေါ့)။အချိန်ကြာလာတဲ့အခါ သင့်ရဲ့ Love React တွေကို သူသတိထားမိလာမှာ ဖြစ်ပြီး သင်သူ့ကို စိတ်ဝင်စားနေကြောင်း ရိပ်မိသွားပါလိမ့်မယ်။

(၇)။ Cele တွေ ၊အရမ်းကြည့်ကောင်းနေသူတွေကိုရှောင်ပါ
………………………………………………………………………..
သင့်အနေနဲ့ ဘယ်တုန်းကမှ ရည်းစားတစ်ယောက် မရခဲ့ဖူးဘူးဆိုရင်အွန်လိုင်းမှာ နာမည်ကြီးတဲ့ Cele တွေ၊အရမ်းကြည့်ကောင်းနေတဲ့ သူတွေကို ရှောင်သင့်ပါတယ်။ ဘာလို့လဲဆိုရင် သူတို့က သင့်ကိုပြန်ကြိုက်ဖို့အချိန်တော်တော်လေး ယူပြီး စဉ်းစားမှာမို့လို့ပါ။ ဖြစ်နိုင်ရင်အနှစ် သုံးဆယ်လောက် ကြာသွားနိုင်ပါတယ်။ မထင်မှတ်ပဲ သင်ရည်းစားစကား သွားပြောထားတာတွေကို SS ရိုက်ပြီး တင်တာမျိုးတောင် လုပ်သွားနိုင်လို့အဲဒီလိုလူတွေကို ရှောင်သင့်ပါတယ်။ ပုံမှန်အနေအထားနဲ့ ဆွဲဆောင်မှုရှိတဲ့ သူမျိုးကိုရွေးတာကအသင့်တော်ဆုံးပါပဲ။

Linn

Source : Internet




Some text some message..