ချစ်သူကို နှစ်နှစ်ကာကာ ချစ်တတ်တဲ့ယောကျ်ားတွေရဲ့အပြုအမူများ
shwemom.com
|
2019-05-03

ယောကျ်ားလေးတွေကအချစ်ကိုရူးသွပ်နေပြီဆိုရင် ဘယ်သူတားတားကို မရတော့တာပါ။ သူတို့ချစ်တဲ့ကောင်မလေး ကိုဆိုအပွန်းပဲ့မခံတတ်ကြဘူး။ သင့်ချစ်သူကောင်လေးက သင့်ကို ရင်ဘတ်ထဲကနေ နှစ်နှစ်ကာကာချစ်တယ်ဆိုရင် ဒီလိုအပြုအမူလေးတွေရှိနေမှာပါ။

၁။ သင့်ကို ဘယ်လိုပဲဖြစ်ဖြစ်ချစ်တယ်




သင့်ကိုနှစ်နှစ်ကာကာနဲ့ချစ်တဲ့ယောကျ်ားဆိုရင် သင် ဘယ်လိုပဲဖြစ်ဖြစ် ချစ်တယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သင့်ကိုပဲ ချစ်တယ်။ သူ့ဘေးနားမှာရှိနေတဲ့ တခြားမိန်းကလေးတွေကို လျစ်လျုရှုထားပြီး သင့်ကိုပဲချစ်တယ်။ သင်တစ်ယောက်တည်းကိုပဲ မျက်စိထဲမှာပဲမြင်လို့ နောက်တစ်ယောက်နဲ့ ဖောက်ပြန်သွားမှာမျိုးတွေ မရှိပါဘူး။

၂။ သင့်အတွက် ကြိုးစားတယ်
သူရဲ့လက်ရှိအခြေအနေက သင့်ကို တင့်တယ်အောင်ထားနိုင်တဲ့အခြေအနေမဟုတ်သေးတဲ့အတွက်ကြောင့်အလုပ်တွေပိုပြီးကြိုးစားလုပ်လာတယ်။ ဘယ်သူအတွက်ဆိုရင် သူနဲ့သင်တို့အနာဂတ်အတွက် ကြိုးစားေ နတာ ပဲဖြစ်တယ်။ သင်နဲ့နီးရဖို့ ၊ သင့်အသိုင်းအဝိုင်းထဲဝင်ဆံ့ဖို့အတွက်အလုပ်ကြိုးစားလာတယ်။ သူ့အလုပ်တွေ ပိုကြိုး စားလာရင် သင်ကို နှစ်နှစ်ကာကာ ချစ်လို့ပါ။

၃။ သင်မကြိုက်တာတွေကို ပြင်တယ်




သူဟာ သင့်ကိုအရမ်းချစ်တဲ့ယောကျ်ားတစ်ယောက်ဆိုရင် သင်မကြိုက်တာတွေကို ကြိုးစားပြင်ပေးတယ်။ သူ့အတွက်အကျင့်ဖြစ်နေတဲ့အရာတွေကို သင်မကြိုက်ဘူးဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ရအောင်ပြင်ပေးတယ်။ သင်မကြိုက်တာေ တွကိုအတတ်နိုင်ဆုံးပြင်ပေးတယ်။အဲ့ဒါ သင်ကိုချစ်လွန်းလို့ပါ။

၄။အမှားလုပ်မိရင် သင်ကျေနပ်တဲ့ထိတောင်းပန်တယ်




သင့်အပေါ်အမှားတစ်ခုခုလုပ်မိသွားရင် သင်ကျေနပ်တဲ့အထိ တောင်းပန်တယ်။ သူ့ဘက်ကအရင်မှားတာဖြစ်ဖြစ်၊ မမှားတာပဲဖြစ်ဖြစ် သင်ကိုအရင်စချော့တယ်။ သင့်ကိုအမြဲအလျော့ပေးတယ်။ သင်ကျေနပ်တဲ့အထိ ဘာပဲလုပ်ပေးရ၊ လုပ်ပေးရပါ။ သင့်မျက်နှာကိုအမြဲဲပြုံးနေအောင်ထားတယ်။ သင့်ချစ်သူက ဒီလိုမျိုးလုပ်ပေးရင်တော့ သင့်ကို နှစ်နှစ်ကာကာ ချစ်လို့ပါ။

၅။ သင့်အတွေးအခေါ်တွေကို လေးစားတယ်




သူ့ ဘာပဲလုပ်လုပ် သင့်ကို ခွင့်တောင်းတယ်။ သူ့မှာအခက်အခဲကြုံနေခဲ့ရင် သင့်ဆီကအကြံဉာဏ်ကိုယူတယ်။ သင်ပေးတဲ့အကြံဉာဏ်တွေနဲ့ သင့်အတွေးအခေါ်တွေကိုအမြဲလေးစားတယ်။အဲဒါကြောင့် သူ့အလုပ်နဲ့ပတ်သက်ပြီး သင့်ကိုအကုန်ပြောပြထားတယ်။ တစ်ခုခုအကြံဉာဏ်လိုခဲ့ရင် သင့်ဆီကတောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ကိုယုံကြည်တာကြောင့်ပါ။

Hannwe Soe (Shwemom)


Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်းအသိပေး ကြေညာအပ်ပါသည်။






ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..