ဆယ်ကျော်သက်များနဲ့ လူကြီးတွေကြား ပဋိပက္ခတိုက်ပွဲ
hellosayarwon.com
|
2019-05-14


လူကြီးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေဆိုတာအမြဲတမ်းအတိုက်အခံဖြစ်တတ်ကြပါတယ်။ ဒီဘက်ခေတ်မှာမှ မဟုတ်ပါဘူး။ ရှေးနှစ်ပေါင်းများစွာကတည်းက လူကြီးနှင့်

လူငယ် ကြား ပဋိပက္ခ (Generation Gap) ဆိုတာ ရှိခဲ့ပါတယ်။ လူကြီးတွေကလည်း ကိုယ်သိဖူး၊ နားလည်ဖူးတဲ့အရာတွေကိုပဲ  လူငယ်တွေကလည်း ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအလိုက် မတူညီတဲ့ ရှုထောင့်တစ်ခုကနေ တွေးတယ်။ တစ်ဘက်က လက်ဖမိုး၊ တစ်ဘက်က လက်ဖဝါး၊ ကိုယ်မှန်တယ်ထင်တဲ့အရာကိုပဲ စွဲစွဲမြဲမြဲ လက်ကိုင်ထားရာကနေ တစ်ယောက်နဲ့ တစ်ယောက်အမြင်မတူတာ ကြာလာတော့ နားလည်ပေးရကောင်းမှန်း မသိတော့ဘူး၊ သူ့နေရာမှာ ကိုယ်သာဆိုရင်ရောလို့လည်း ဖြည့်မတွေးတတ်ကြတော့ဘူး။ ဒါကတော့ ကလေးတစ်ယောက်အရွယ်ရောက်လာရင် လူကြီးတွေနဲ့အမြဲတမ်းဖြစ်လေ့ဖြစ်ထရှိတဲ့အိမ်တွင်းရေး ပြဿနာလေးပါ။

ဘယ်လိုအရာတွေက ပြဿနာတွေ ဖြစ်စေဖို့ နှိုးဆော်ပေးနေလဲ။
ဒီပြဿနာရဲ့ တရားခံတွေကို မဆွဲထုတ်ခင် လူကြီးဘက်ကအမြင်နဲ့ လူငယ်တွေဘက်ကအမြင် ၂ခုခွဲပြီး ပြောပြပေးချင်ပါတယ်။ လူငယ်တွေဆိုတာအရာရာကို စိတ်အားထက်သန်တယ်။

အပေါင်းအသင် းတွေ ခုံမင်တယ်။ ခေတ်ရေစီးကြောင်းနောက် လိုက်ပါစီးမျောရတာ သဘောကျတယ်။အသစ်အဆန်းတွေကို ဖန်တီးရတာ ကြိုက်တယ်။အချုပ်အနှောင်တွေကို သဘောမကျဘူး။ လွတ်လွတ်လပ်လပ်ပဲ နေချင်သလို တစ်စုံတစ်ယောက်က ကိုယ့်ဘဝကို ချယ်လှယ်ချုပ်ချယ်တာ၊ ဝင်ရောက်စွက်ဖက်လာရင်လည်း မကြိုက်တတ်ကြပါဘူး။ လူကြီးတိုင်းတော့ မဟုတ်ပေမဲ့ တော်တော်များများကတော့ လူငယ်တွေရဲ့ စိတ်သဘောထားနဲ့ ဆန့်ကျင်ဘက်ကွဲထွက်နေတတ်ပါတယ်။ မိဘနေရာ၊အုပ်ထိန်းသူတစ်ယောက်လည်း ဖြစ်နေတော့အပျော်ထက် သားသမီးရဲ့

ကျန်းမာရေး၊ အနာဂတ်၊ ဘေးကင်းလုံခြုံမှုကို ပိုပြီး ဦးစားပေးတယ်။ ရှေးရိုးစွဲအယူဝါဒတွေကို လက်ကိုင်ထားတယ်။ လွတ်လွတ်လပ်လပ်နေတာကို မကြိုက်ဘူး။ စည်းကမ်းတွေ တင်းကြပ်ရတာ၊ လူငယ်တွေကို ကိုယ့်လက်၊ ကိုယ့်သဘောအောက်က လွတ်ထွက်မသွားအောင် ထိန်းထားရတာကို ပိုကြိုက်တယ်။ ဒီတော့ လူငယ်တွေမှာအပြစ်မရှိသလို လူကြီးတွေ မှားတယ်လို့လည်း ဆိုလို့ မရပါဘူး။အသက်အရွယ်နဲ့ ကြီးပြင်းလာတဲ့ ခေတ်၊ ပတ်ဝန်းကျင်အခြေအနေ ကွာဟမှုအပေါ်မှာ တစ်ဘက်နဲ့ တစ်ဘက်အပြန်အလှန်နားလည်ပေးနိုင်မှ၊ လူကြီးတွေအနေနဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေကို ဘယ်လိုထိန်းကျောင်းရမလဲဆိုတာ နားလည်မှ

မိသားစု တွင်း ပြဿနာတွေ ငြိမ်းအေးပြီး သာယာပျော်ရွှင်စရာ ကောင်းတော့မှာပေါ့။

ဘယ်လိုအပြုအမူတွေက ဆယ်ကျော်သက်တွေကို လမ်းမှားရောက်အောင် တွန်းပို့နေတာလဲ။


ဆယ်ကျော်သက် အရွယ်တွေဆိုတာ ပုန်ကန်ရတာ၊ ကိုယ့်သဘောအတိုင်း ကိုယ်လုပ်ရတာကို ကြိုက်တဲ့အရွယ်ဖြစ်ပြီး လမ်းမှားရောက်သွားဖို့လည်းအရမ်းလွယ်ကူပါတယ်။ မိဘတွေက စိုးရိမ်ပူပန်လွန်ကဲစိတ်နဲ့အရမ်းကြီး ချုပ်ကိုင်လိုက်မိတဲ့အခါ စေတနာက ဝေဒနာဖြစ်ပြီး သားသမီးနဲ့ မိဘကြား သံယောဇဉ်က ပိုပြီး လျော့နည်းသွားတာပေါ့။ နောက်တစ်ချက်ကအကျိုးအကြောင်းကို သေချာရှင်းမပြဘဲ ဘာမှလုပ်ခွင့်မရှိဘူးဆိုပြီး ပိတ်ပင်တာပါ။ ဆယ်ကျော်သက်တွေက ကိုယ့်ကိုယ်ကိုယ် ကြီးလာပြီလို့ ထင်ပေမယ့် မိဘတွေရဲ့ စိတ်ထဲမှာတော့ သူတို့ဟာ ကလေးတွေလို့ပဲ ထင်နေတတ်ပါတယ်။ ဒီလိုထင်မြင်မှုရဲ့ နောက်ကွယ်မှာ ကိုယ်မပါရင် လူငယ်တွေ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး၊ ဘာမှမတွေးတောတတ်ဘူးဆိုတဲ့အတွေးတွေက ကပ်ပါလာပါတယ်။ ဒီလိုအတွေးတွေကြောင့် လူငယ်တွေလုပ်သမျှ မှားယွင်းတဲ့လမ်းကိုပဲ သွားနေတယ်၊ လူကြီးတွေ ဖောက်ထားတဲ့လမ်းကိုပဲ လျှောက်ရမယ်ဆိုတဲ့ တရားသေ သဘောတရားတွေ ထွက်လာပါတယ်။ ဒီကိစ္စကတော့ မိဘတွေမကြာခဏ လုပ်မိတတ်တဲ့အမှားပါပဲ။ သားသမီးဆိုတာ သူတို့မျက်လုံးထဲမှာတော့အမြဲတမ်းကလေးတွေပဲလို့ မြင်နေပေမယ့် တကယ်တော့ သူတို့လေးတွေဟာ တဖြည်းဖြည်းနဲ့အရွယ်ရောက်ကြီးပြင်းလာကြပါပြီ။အဲ့တော့ ကိုယ်က ကလေးတွေကို လူကြီးတစ်ယောက်အနေနဲ့အနာဂတ်မှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့အားပေးကူညီမယ့်အစား ငါမရှိရင် မဖြစ်ပါဘူးဆိုတဲ့အတွေးတွေကိုအတင်းအကြပ် ရိုက်သွင်းချလိုက်တာပါပဲ။

လူကြီးနဲ့ လူငယ်ကြား ပဋိပက္ခတွေ နည်းသွားစေဖို့ ဘယ်လိုပြုမူပေးသင့်လဲ။
၁။ လူကြီးတွေဆိုတာလည်း တစ်ချိန်က လူငယ်ဖြစ်ခဲ့တာမို့ သူတို့စိတ်ထဲမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်နေမလဲ၊ ဘယ်လိုအပြုအမူမျိုးတွေ လုပ်တတ်လဲဆိုတာကို သေချာသိထားသင့်ပါတယ်။ မိဘနဲ့ သားသမီးကြား သံယောဇဉ်တွေ ဝေးကွာမသွားချင်ဘူးဆိုရင် ငါကတော့ လူကြီးပဲ၊ ငါပြောရင် ဘာမဆိုဖြစ်တယ် ဆိုတဲ့ ပုံစံတွေကို စတင်ဖျောက်သင့်ပါပြီ။ ၂။အိမ်တွင်း

စည်းကမ် းတွေတော့ သတ်မှတ်ထားပါ။အခြေအနေပေါ် မူတည်ပြီး စည်းကမ်းတွေကိုအလျှော့အတင်းလုပ်ပေးပါ။ ဆယ်ကျော်သက်ဆိုတာ လူကြီးအရွယ်ကို ကူးပြောင်းတဲ့အရွယ်ဖြစ်တဲ့အတွက် ကိုယ့်ဘဝမှာ ကိုယ်ပိုင်စည်းကမ်း ချတတ်အောင် လူငယ်တွေကို သေချာပြောပြပေးပါ။ မလိုအပ်တဲ့အတ္တတွေကို စည်းကမ်းအဖြစ်နဲ့ ခေါင်းစဉ်တပ်ပြီး ချယ်လှယ်တာမျိုး မလုပ်ပါနဲ့။ ၃။ လူငယ်တွေဆိုတာ တစ်ခုခုဖြစ်ပြီဆိုရင် သူတို့ရဲ့အပေါင်းအသင်းတွေ၊ သက်တူရွယ်တူတွေကိုအမြဲရင်ဖွင့်ပြောဆိုနေတတ်တာ သဘာဝပါပဲ။ ဒါကို လူကြီးတွေဘက်က နားလည်ပေးရပါမယ်။ တစ်ချိန်ချိန်မှာ လူကြီးတစ်ယောက်ရဲ့အမြင်နဲ့အကြံပေးစရာ၊အကူအညီတောင်းစရာအခြေအနေတွေ ဖြစ်လာတဲ့အခါ လူငယ်တွေကိုယ်တိုင် လာပြီး ရင်ဖွင့်ဖို့ ကိုယ့်ဘက်ကအချိန်မရွေးကြိုဆိုနေပါ။ ၄။ လူကြီးတွေ စိတ်တိုင်းကျ ပုံစံမသွင်းပါနဲ့။ လူငယ်တွေ စိတ်တိုင်းကျ ဘဝကို ပြုပြင်ဖန်တီးခွင့် ပေးလိုက်ပါ။အမှားတွေလုပ်မိရင်အပြစ်တင်မယ့်အစား ဒီအမှားကို ဘယ်လိုသင်ခန်းစာယူမလဲ၊ ကိုယ့်ဘဝအတွက်အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြောင်းလဲပြင်ဆင်မလဲ ဆိုတာ လမ်းညွှန်ပေးပါ။ ၅။ လူငယ်တွေကို

လွတ်လပ်ခွင့်ေ ပးပါ။ ထင်ရာစိုင်းဖို့ လွှတ်ပေးထားလိုက်တာမျိုး မဟုတ်ဘဲ ကိုယ့်ဘဝကို ကိုယ်တိုင် ထိန်းကျောင်းဖို့အတွက် ခွင့်ပေးလိုက်တဲ့သဘောပါ။ သူတို့ ကိုယ့်ကို မသိစေချင်တဲ့အရာတွေဆိုရင်လည်းအတင်းအကြပ်ကြီး သိအောင် ကြိုးစားတာထက် ကိုယ်တိုင်လာပြောဖို့ကို စောင့်လိုက်ပါ။ မိဘနေရာ ရောက်လာပြီဆိုရင် ဒီလိုအရာတွေက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မလွဲမသွေ ကြုံလာရမယ့်အရာတွေပါပဲ။ ကိုယ်တိုင်ကအသက်အရွယ်နဲ့အခြေအနေပေါ် လိုက်ပြီးပြောင်းလဲကျင့်ကြံတတ်မှ သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ရမှာနော်။  

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..