ကိုယ် သဘောရှိသလို့ သတ်မှတ်အသုံးချနိုင်မယ့် DIY ဥယျာဉ်အိမ်
shwemom.com
|
2019-05-14

DIY စိတ်ကူးတွေ၊ ပစ္စည်းတွေကို စိတ်ဝင်စားတဲ့ သူတွေအားလုံး သဘောကျလောက်မယ့် ဧည့်ဆောင် တစ်ခုအကြောင်း ဖော်ပြပေးချင်ပါတယ်။


Amazon

Allwood ကနေ ဖန်တီးတဲ့ ဥယျာဉ်ခြံအိမ်ဟာအိမ်နေဆောင်၊ စတူဒီယို၊ ပန်းခြံအိမ်၊ ရေကူးကန်အိမ်နဲ့ စိတ်ကူးရှိသလို ပြောင်းလဲဖန်တီးနိုင်သေးပြီး၊ တည်ဆောက်ဖို့အချိန် ၈ နာရီသာ လိုအပ်ကြောင်းသိရပါတယ်။


Amazon

Solvalla ဥယျာဉ်အိမ်ဆောက် ကိရိယာတွေဟာအရည်အသွေးမြင့်တဲ့ နော်ဒစ်သစ်တွေနဲ့ ပြုလုပ်ထားကြောင်း သိရပါတယ်။


Amazon

များစွာသော ပတ်ဝန်ကျင်းအနေအထားတွေနဲ့ ကိုက်ညီမှုရှိပြီး ဆန္ဒရှိရင်အပေါ်မှာ တစ်ထပ် ထပ်တင်လို့ရသေးတဲ့….။ လူကြီးနှစ်ယောက် တစ်နေ့လုံး နေလို့ရတဲ့အထိ သစ်က ခိုင်မာတယ်လို့အာမခံချက်ပေးထားပါတယ်။အကူနောက်တစ်ယောက်နဲ့အတူ ညွှန့်ကြားမှုတွေအတိုင်း တစ်ဆင့်ချင်း ရိုးရိုးလေး လုပ်သွားရုံပါပဲ။


Amazon

အိမ် စုစုပေါင်းအကျယ်အဝန်းက ၁၇၆ စတုရန်းပေ (၁၆ ပေ ပတ်လည်) ရှိပါတယ်။





ထုထည်ရဲ့ ပျမ်းမျှအလေးချိန်ကတော့ ပေါင် ၁၂၈၀ ပါ။


Amazon


လောလောဆယ် amazon မှာ ပစ္စည်းပြတ်နေပြီး စိတ်ဝင်စားမှာယူချင်တယ်ဆို Allwood  ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာအော်ဒါတင်လို့ ရပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၆၅၅၀ လို့ သိရတယ်။ ကိရိယာတွေထဲမှာ မပါတာက သစ်သားအုတ်ကြွပ်အမိုးနဲ့ ဖောင်ဒေးရှင် ပစ္စည်းတွေ ဖြစ်ပါတယ်။အဲ့ဒီ နှစ်ခုက ဒေါ်လာ ၁၅၀ နဲ့ ၁၇၀အသီးသီးရှိကြောင်း သိရတယ်။


Amazon

ရေချိုးခန်းပါ ထည့်ချင်သေးရင် သီးသန့် ထပ် ဝယ်ယူနိုင်ကြောင်းသိရတယ်။ လျှပ်စစ်နဲ့ ရေကတော့ ကိုယ်ဟာကိုယ် သွယ်ရမှာဖြစ်တယ်။ လိုအပ်တဲ့ ဖောင်ဒေးရှင်တွေကိုလည်း စိတ်ကြိုက်ရွေးချယ်မှာ ယူနိုင်ပါသေးတယ်။


Amazon


Amazon


Amazon


Amazon


Ref: Bored Panda

Matthew (ShweMOM)



Some text some message..