Schizophrenia ရောဂါကိုသက်သာစေနိုင်တဲ့အစွမ်းသတ္တိတွေနဲ့ ပန်းဂေါ်ဖီစိမ်း
shwemom.com
|
2019-05-14

Schizophrenia ဆိုတာ လူတစ်ယောက်ရဲ့အတွေးအခေါ်၊ ခံစားချက်နဲ့ ပြုမူနေထိုင်တုန့်ပြန်မှုတွေအပေါ် သက်ရောက်မှုရှိတဲ့ စိတ်ပိုင်းဆိုင်ရာ နာတာရှည်ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ Schizophrenia ကို ခံစားနေရသူတွေဟာ လက်တွေ့ဘဝနဲ့ စိတ်ကူးယာဉ်ကမ္ဘာနဲ့ကို ကွဲကွဲပြားပြားမသိနိုင်ပါဘူး။ ဆိုလိုချင်တာက လူတစ်ယောက်ဟာ လောကကြီးမှာ တကယ်မရှိတဲ့အရာတွေကို မြင်ရပြီး ထင်ယောင်ထင်မှားဖြစ်တတ်တာမျိုးပါ။ ဒီလိုလူတွေဟာ တစ်ခါတစ်ရံမှာ လူတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် တခြားတစ်စုံတစ်ခုအနေနဲ့ပဲဖြစ်ဖြစ် ပုံရိပ်ကို ဦးနှောက်မှ ဖန်တီးလိုက်ပြီး သူကတော့အဲဒီပုံရိပ်နဲ့စကားတွေပြော၊ သွားသွားလာလာလုပ်နေပေမယ့် ပတ်ဝန်းကျင်အမြင်မှာတော့ ဝေဒနာသည်ဟာ တစ်ယောက်တည်း စကားတွေပြောနေတာမျိုးတွေအထိ ဖြစ်လာတတ်ပါတယ်။


pixabay

အသက် ၁၆ နှစ်မှ ၃၀အတွင်း ဆယ်ကျော်သက်နဲ့ လူငယ်ပိုင်းတွေမှာအဖြစ်များတတ်ပေမယ့် စြဖ်တောင့်ဖြစ်ခဲ့အနေနဲ့ တစ်ခ်တစ်ရံမှာ ကလေးတွေဆီမှာပါ ဖြစ်တတ်လေ့ရှိကြပါတယ်။ ဒါကြောင့် တခြားနိုင်ငံတွေက ကလေးတွေမှာဆိုရင် imaginary friends (ကလေးတွေစိတ်ကူးထဲဖန်တီးထားတဲ့ ပုံစံအတည်တကျမရှိတဲ့သူငယ်ချင်းတွေ) ဆိုတဲ့စကားလုံးဟာ သိပ်မစိမ်းကြတာဖြစ်ပါတယ်။

Schizophrenia မှာတော့အဆင့်အမျိုးအစားအနေနဲ့ သုံးမျိုးရှိပါတယ်။ Positive, negative နဲ့ cognitive လို့ခေါ်တဲ့အမျိုးအစားတွေပါ။ Positive သမားတွေကတော့ ထင်ရောင်ထင်မှားမြင်တာတွေကိုအါိကဖြစ်လေ့ရှိပြီးအတွေးတွေလည်း ပုံမှန်မဟုတ်တတ်ပါဘူး။ Negativeအမျိုးအစားမှာကျတောာ့ နေ့စဉ်ဘဝလှုပ်ရှားမှုတွေမှာ ပျော်စရာကိစ္စတွေကို မသိစိတ်ကတမင်ရှောင်ဖယ်နေတာမျိုးနဲ့ လှုပ်ရှားမှုတွေတော်တော်များများမှာ ပါဝင်ချင်စိတ်မရှိဘဲ နောက်ပြန်ဆွဲနေတာမျိုးတွေ၊ ခံစားချက်ကိုအရမ်းမြိုသိပ်ထားတာတွေအဓိကဖြစ်တတ်ပြီး cognitive မှာကတော့အာရုံစူးစိုက်မှုလုံးဝမရခြင်း၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်တတ်ပြီး တစ်ခုခုပြောရင် ရှင်းရှင်းလေးကိုပဲအတွေးတွေလွန်ကာ နားမလည်တော့ဘဲ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ပိုင်ပိုင်နိုင်နိုင်မချနိုင်တဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။


pixabay

အဖြစ်များတဲ့စိတ်ရောဂါ Schizophrenia ဖြစ်ပြီဆိုတာနဲ့ ပျောက်ကင်းအောင်ကုသဖို့ထက် လက္ခာတွေမဖြစ်အောင်သာ ကာကွယ်ဖို့အတွက်အခွင့်အလမ်းပိုများနေပါတယ်။ သတင်းကောင်းအနေနဲ့တော့ Schizophrenia ဝေဒနာသည်တွေအတွက် ဆေးသောက်စရာမလိုဘဲ သဘာဝကပေးတဲ့ ဝေဒနာသက်သာဆေးတစ်ခုကို မကြာသေးခင်ကမှ ရှာတွေ့ခဲ့ပါတယ်။

အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလိုပါပဲ။ သဘာဝမှရရှိနိုင်တဲ့ ပန်းဂေါ်ဖီစိမ်းမှာ Schizophreniaအတွက် သက်ရောက်မှုအရှိဆုံးဖြစ်စေနိုင်မယ့်အစွမ်းတစ်မျိုးပါရှိနေပါတယ်။ ပန်းဂေါ်ဖီစိမ်းတွေမှာ ဂလူတာမိတ်နဲ့ဂလူတာသိုင်ယွန်တို့ရဲ့ ရှိသင့်ရှိထိုက်တဲ့ ပမာဏကိုထိန်းညှိပေးနိုင်မယ့် ဆက်ဖ်ဖောယာဖိမ်းဓာတ်ပါရှိပါတယ်။ ဒီဓာတုဓာတ်တွေဟာ Schizophrenia ရဲ့ လက္ခဏာတွေဖြစ်ပေါ်စေမယ့် လုပ်ဆောင်ချက်တွေကို ဦးနှောက်ဆဲလ်တွေဆီမရောက်ဖို့ွှတွက် ထိန်းချုပ်ပေးနိုင်ပါတယ်။


pixabay

လက်ရှိ Schizophrenia ကို သက်သာစေနိုင်မယ့် ဆေးဝါးတွေဟာ လူနာတွေကို တခြားသောဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ လှုပ်ရှားသွားလာဖို့စိတ်ဆန္ဒမရှိတော့တာ၊ မတည်မငြိမ်ဖြစ်စေတာ၊ ကြွက်သားတွေတောင့်တင်းနေစေတာတို့အပြင် ခြေတွေလက်တွေတုန်ရီစေတာမျိုးစတာတွေကို ဖြစ်နေစေပါတယ်။ ယခုလိုပန်းဂေါ်ဖီစိမ်းရဲ့အကျိုးအာနိသင်တွေကို ရှာဖွေတွေ့ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့် ရှိရင်းစွဲဆေးဝါးတွေထက် ဘေးသက်ရောက်မှု ပိုနည်းစေမယ့် ဆေးဝါးတွေကို ပန်းဂေါ်ဖီစိမ်းအားအခြေခံပြီး ထုတ်လုပ်နိုင်မလားဆိုတာကိုလည်း ပညာရှင်တွေက စမ်းသပ်လျက်ရှိပါတယ်။ ဒီစစ်တမ်းကိုတော့ စစချင်း Maryland, Baltimore မှ Johns Hopkins ဆေးရုံမှာ လူပေါင်း ၈၁ ယောက်နဲ့ စမ်းသပ်ခဲ့ရင်းအတည်ပြုခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ စစ်တမ်းအရ ကမ္ဘာပေါ်မှာ Schizophrenia ဝေဒနာကို ခံစားနေရသူပေါင်းဟာဆိုရင်တော့ ၂၁ သိန်းကျော်တောင် ရှိနေပါတယ်။


Source: Daily Mail


Penny




Some text some message..