အချစ်ရေးနဲ့ပတ်သက်ပြီး တစ်ခြားသူဆီကအကြံဉာဏ်ကိုလက်ခံသင့်လား?
trend.com.mm
|
2019-05-14




အချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်မဖြေရှင်းတတ်တော့တဲ့အခါမျိုးမှာ သူငယ်ချင်းအပေါင်းအသင်း၊မိတ်ဆွေတွေဆီကအကြံတွေယူလေ့ရှိကြပါတယ်။
ဒီလိုအကြံဉာဏ်ယူကြည့်တဲ့အခါ တစ်ချို့အကြံဉာဏ်တွေက လက်ခံလို့ရပေမဲ့ တစ်ချို့အကြံဉာဏ်တွေကျတော့ သူတို့ကိုယ်တိုင်တောင်အဲ့ဒီအတိုင်း
မလုပ်ကြတာကို သင်တွေ့ရပါလိမ့်မယ်။







သူတို့ပေးလိုက်တဲ့အကြံဉာဏ်ကို ကိုယ်က လိုက်လုပ်မိတဲ့အခါ ပြဿနာက မပြီးသွားပဲ ပိုဆိုးသွားတာမျိုးတွေ၊လွဲသွားတာမျိုးတွေလည်းရှိနိုင်တဲ့အတွက် သူတို့ပေးတဲ့အကြံဉာဏ်နဲ့အတူ ကိုယ့်ရဲ့အချစ်ရေးပြဿနာပေါ်မူတည်ပြီး ဘာကတော့လုပ်သင့်တယ်။ဘာကိုတော့မလုပ်သင့်ဘူးစသဖြင့် ကိုယ်တိုင်ဆုံးဖြတ်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။သူများပေးတဲ့အကြံဉာဏ်တွေကိုတသွေမတိမ်းလိုက်လုပ်ပြီး ကိုယ့်ရဲ့အချစ်ရေးကိုမတည်ဆောက်သင့်ပါဘူး။အဆင်မပြေတာက သူတို့မဟုတ်ပဲ ကိုယ်တို့ချစ်သူနှစ်ယောက်ဖြစ်တဲ့အတွက်အဓိကက နှစ်ယောက်သားပွင့်ပွင့်လင်းလင်းရှိဖို့ပါပဲ။ကိုယ်မကြိုက်တာ၊သူမကြိုက်တာတွေကို ဆွေးနွေးပြီးနှစ်ယောက်သားညိနှိုင်းဖု့ိလိုပါတယ်။သူများဆီကအကြံဉာဏ်တောင်းတာထက် ချစ်သူနှစ်ယောက်တစ်ယောက်ကိုတစ်ယောက် ဖွင့်ဟညိနှိုင်းလိုက်တာက ပိုမြန်ဆန်ပြီးထိရောက်ပါတယ်။







ပြီးတော့အချစ်ရေးနဲ့ပတ်သက်ပြီးအတွေ့အကြုံမရှိတဲ့သူကို ကိုယ့်ပြဿနာအတွက်အကူအညီတောင်းမိတာမျိုးရှိတတ်ပါတယ်။ဒါပေမဲ့ ကိုယ်တိုင်မခံစားဖူးရင် ကိုယ်တိုင်မချစ်ဖူးရင် သူတို့ပေးတဲ့အကြံဉာဏ်က များသောအားဖြင့် ကိုယ့်အတွက်အသုံးမဝင်နိုင်ပါဘူး။ဒါကြောင့်ကိုယ့်အချစ်ရေးနဲ့ပတ်သက်ပြီးအကြံဉာဏ်တောင်းမယ်ဆိုရင်တောင်အချစ်ရေးနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိတဲ့သူတွေ၊ရင့်ကျက်တဲ့သူတွေကို ရွေးချယ်ပြီးအကြံဉာဏ်တောင်းသင့်ပါတယ်။ပြီးတော့အကြံဉာဏ်ဆိုတာထက် ဆွေးနွေးတာပေါ့။သူဆို ကိုယ့်နေရာမှာဘယ်လိုလုပ်မိမယ်။ဒါကတော့ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို ကိုယ့်အမြင်တစ်ခုတည်းမဟုတ်ပဲ တစ်ခြားတစ်ယောက်အမြင်ပါထည့်ပြီးတွက်ကြည့်သင့်ပါတယ်။မေးမြန်းတဲ့အခါမှာလည်း တစ်ယောက်တည်းကိုမေးတာထက်စာရင်အနည်းဆုံးနှစ်ယောက်လောက်ရဲ့အမြင်ကိုမေးမြန်းသင့်ပါတယ်။ဒါမှ ကိုယ်မတွေ့တဲ့အရာတွေ ကိုယ်မမြင်လိုက်တဲ့ရှုထောင့်တွေကို မြင်တွေ့ပါလိမ့်မယ်။အဲ့ဒီအခါ ဘယ်လိုဖြေရှင်းရမလဲ ပိုပြီးသိလာနိုင်ပါတယ်။







အဓိကကတော့ ချစ်သူနှစ်ဦးပြဿနာတစ်စုံတစ်ခုတက်လာရင်အချစ်ရေးမှာအတွေ့အကြုံရှိသူတွေနဲ့ဆွေးနွေးသင့်သလို ချစ်သူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပွင့်လငးစွာ ညိနှိုင်းဖု့ိလိုအပ်ပါတယ်။




Some text some message..