မိသားစုထဲက သား၊သမီးအလတ်တွေသာ သိတဲ့ ရင်တွင်းခံစားချက်များ
shwemom.com
|
2019-05-14

မိဘဆိုတာ သားသမီးတိုင်းကို ချစ်ကြပါတယ်။ ဒါပေမယ့်အလတ်တွေခံစားနေရတာကတော့အချစ်မခံရဘူးဆိုတာပါ ပဲ။အကြီးဆိုရင်အကြီးမို့လို့၊အငယ်ဆိုရင်အငယ်မို့လို့ဆိုပြီး ချစ်ကြပေမယ့် ကြားထဲကအလတ်တွေကအချစ်င တ်သွားတာမျိုးလည်းဖြစ်သွားကြပါတယ်။အဲ့ဒါကြောင့်အလတ်တွေက စိတ်ဓာတ်အမာဆုံးဖြစ်သွားတာပါ။မိသား စုထဲ မှာအလတ်တွေရဲ့ခံစားချက်ကို တချို့မိဘတွေသိအောင် မျှဝေးပေးလိုက်ပါတယ်နော်။

(၁)အမြဲအနှိုင်းခံရတယ်
အကြီးတွေ၊အငယ်တွေနဲ့အမြဲအနိူင်းခံရတယ်။ သူတို့ကို ကလေးလိုလည်း မဆက်ဆံကြဘူး။အငယ်လိုလည်းအလိုလိုက်မခံရသလိုအကြီးလိုလည်း ခွင့်ပြုချက်မရကြဘူး။အကြီးလုပ်သမျှအရာအားလုံးကို ချီးကျူးကြပေမယ့် သူတို့ကတော့ ဘာပဲလုပ်လုပ်အသိအမှတ်ပြုမခံရပါဘူး။အကြီးတွေရဲ့အရိပ်သာသာလောက်ပဲ ဆက်ဆံခံရပါတယ်။ သူတို့အမှားလုပ်မိလိုက်ရင်အကြီးလောက်တောင်ခြေဖျားမမီဘူးဆိုပြီးအပြောခံရတယ်။အနိူင်းခံရတယ်။

(၂)အကြီး၊အငယ် ရဲ့ နှိပ်စက်တာခံရတယ်




သူတို့ကိုအကြီးနဲ့အငယ်က ပေါင်းပြီး နှိပ်စက်တာမျိုးလည်း တွေ့ဖူးပါတယ်။ ဥပမာ-အငယ်ကအလတ်စားမယ့် ခေါက်ဆွဲပန်းကန်ကို ယူပြီးအကြီးကိုသွားပေးတာမျိုး၊အလတ်မသိအောင် တိတ်တိတ်လေး ဖွတ်စားတာမျိုးတွေလည်း တွေ့ဖူးပါတယ်။ တစ်ခုခု ချောက်ချခံရရင်အလတ်တွေကပဲ ချောက်ချခံရတတ်တယ်။ သူတို့ပဲအရိုက်ခံရတယ်။

(၃)အသိအမှတ်မပြုကြဘူး




မိသားစုထဲမှာအလတ်ကအတော်ဆုံးနော် လို့ ဘယ်သူမှ မချီးကျူးကြဘူး။ ဘယ်သူမှလည်းအသိအမှတ်မပြုကြဘူး။ သူတို့က လူတွေနဲ့ လိုက်လျောညီထွေအောင်နေတတ်တယ်။ ပေါ့ပါးကြတယ်။အဲ့ဒါကြောင့် ဘယ်အချိန်မဆို သူတို့အတွက် သူငယ်ချင်းမရှားဘူး။ တချို့လူတွေကအလတ်တွေကို နောက်လိုက်လို့ ထင်ကြတယ်။ တကယ်တမ်းတော့ သူတို့က ဦးဆောင်မယ့်လူတွေပါ။အလတ်တွေက ပေါင်းသင်းဆက်ဆံရေးကောင်းတော့ ရောက်တဲ့နေရာတိုင်းမှာ သူငယ်ချင်းမရှားပါဘူး။





(၄) ဒေါသတွေကို ထိန်းချုပ်တတ်လာတယ်
မောင်နှမတွေရန်ဖြစ်ကြရင်အလတ်တွေ ဝင်မပါတတ်ကြဘူး။ ဝင်ပါလိုက်ရင် သူတို့အမှားလို့ပဲ စွပ်စွဲခံရတော့ ပြသနာကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိလာတယ်။ တစ်စုံတစ်ယောက်နဲ့အမြဲရန်ဖြစ်ပြီး ကြီးပြင်းလာမယ်ဆိုရင်တော့ ပြသနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာတော့ သိသွားပါလိမ့်မယ်။အဲ့ဒါကြောင့်အလတ်တွေက စိတ်ဓာတ်အမာဆုံးဖြစ်သွားကြတာပါ။

(၅) လိုချင်တာဆို လွယ်လွယ်မရတတ်ကြဘူး




သူတို့တွေအရာတစ်ခုကို လိုချင်တယ်ဆိုရင်တောင် လွယ်လွယ်မရကြဘူး။အလတ်တွေအနေနဲ့ တစ်ခုလိုချင်ရင် တစ်ခုနဲ့အလဲထိုးပေးရတာများပါတယ်။အဲ့ဒါကြောင့် ဘယ်အရာကရဖို့တန်လဲ ဆိုတာကို သိလာတယ်။ သူတို့လွယ်လွယ်နဲ့ ရခဲ့တာမဟုတ်တဲ့အရာကို တန်ဖိုးထားတတ်တယ်။ ဒီအရာကိုရဖို့ ကြိုးစားခဲ့ရတော့ တန်ဖိုးထားတတ်တယ်။

(၆) မျှဝေပေးတတ်ကြတယ်




မိသားစုထဲမှာအလတ်တွေတော်တော်များများက မျှဝေပေးတတ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ့်ပိုင်ပစ္စည်းဆိုတာ မရှိခဲ့လို့ပါ။အကြီးရဲ့ ပစ္စည်းတွေကို လက်ဆင့်ကမ်းပြီးသုံးလာခဲ့ရတော့အသစ်ဆိုတာ ဘာမှန်းမသိခဲ့ရဘူး။အဲ့ဒါကြောင့် ပစ္စည်းတွေအပေါ်မှာအာရုံမထားတတ်ဘူး။ ဘဝမှာ ဘယ်အရာကအရေးကြီးလဲဆိုတာကို သူတို့သိလာကြတယ်။


Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်းအသိပေး ကြေညာအပ်ပါသည်။



Some text some message..