
ဝိုး….။ ခေါင်းစဉ်ကို ဖတ်လိုက်တာနဲ့ ငါဖတ်သင့်တဲ့အကြောင်းအရာပါလားလို့ ထင်သွားမိပြီမို့လား။ သင်မှမဟုတ်ပါဘူး။ လူအများစုမှာ သူတို့စိတ်ထဲကနေ ကျိတ်ပြီးသဘောကျနေတဲ့ ၊ ကျိတ်ပြီး Crush နေတဲ့ ဆန့်ကျင်ဖက်လိင်တွေ ရှိပြီးသားပါ။ ဒီတော့ သင့်အနေနဲ့ ကျိတ်သဘောကျနေရုံနဲ့တင် ကျေနပ်လိုက်တော့မှာလား။အဲဒီထက်ပိုပြီး ရှေ့ဆက်မတိုးချင်တော့ဘူးလား။ တကယ်လို့သာ ရှေ့ဆက်တိုးချင်သေးတယ်ဆိုရင်တော့ Crush လေးတွေကိုအထာကျကျ ဆွဲဆောင်နိုင်မယ့် နည်းလေးတွေ ရှိနေပါသေးတယ်နော်။အောက်မှာ ဖတ်ကြည့်လိုက်ပါဦး။
(၁)။ သင်ဟာအကောင်းမြင်သူတစ်ယောက်ဖြစ်ကြောင်းသူသိပါစေ
လက်တွေ့ဘဝမှာ သင်ဟာ ဘယ်လောက်ပဲ စိတ်ပုတ်တဲ့သူကြီးဖြစ်ပါစေ သူနဲ့တွေ့တဲ့အချိန်မှာတော့အကောင်းမြင်တဲ့စကားလေးတွေကိုသာ ပြောပါ။ သင့်ဆီမှာအကောင်းမြင်စိတ်ရှိပြီး၊ လောကကြီးကို ချစ်တတ်တဲ့သူမျိုးလို့ သူထင်သွားတာနဲ့တပြိုင်နက်တည်း သင့်ကိုအမှတ်ပေးဖို့ သေချာနေလို့ပါပဲ။ ဒါပေမယ့်လည်းအလွန်အကျွံကြီးတော့အကောင်းမြင်မပြနဲ့နော်။ သူများတွေ မီးပျက်လို့ စိတ်ညစ်နေကြတဲ့အချိန်မှာ သင်တစ်ယောက်တည်း မီးပျက်နေတဲ့အချိန်အမှောင်ထဲမှာ ထိုင်နေရတာကောင်းလိုက်တာ ဘာညာ သွားလုပ်ရင်တော့ သင့်ကိုအကောင်းမြင်တဲ့သူလို့ မထင်ပဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတဲ့သူလို့ ထင်သွားနိုင်တာကြောင့်ပါ။

Sheknows
(၂)။သူစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုလေ့လာပါ၊ သူ့ထက်ပိုသိအောင်လုပ်ပါ
သူက ဘယ်လိုကိစ္စတွေမှာ ဝါသနာပါသူတစ်ယောက်လည်းဆိုတာအရင်ဆုံးသိအောင်လုပ်ဖို့အရေးကြီးပါတယ်။ သူက ကားအကြောင်းကို ဝါသနာပါသူတစ်ယောက်ဆိုရင် သင့်အနေနဲ့ ကားတွေအကြောင်းကို သူ့ထက်ပိုသိအောင် လေ့လာဖို့လိုပါပြီ။အဲဒီနောက်မှာတော့ သင့်အနေနဲ့ ကားနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုခုအကြောင်း တိုင်ပင်ရင်း သူနဲ့စကားပြောလို့ရပြီပေါ့။ သင်ဟာ သူ့ထက်တောင် ကားနဲ့ပတ်သက်တာတွေကိုသိတယ်လို့ သူခံစားရရင် သင့်အတွက်အမှတ်ပေးတော့မှာဖြစ်ပြီး သူ့စိတ်ထဲမှာ သင်ရှိနေဖို့က (၅၀)ရာခိုင်နှုန်းလောက်သေချာသွားပါပြီ။
(၃)။ မတော်တဆလိုလိုနဲ့ စာပို့ကြည့်ပါ
ဒီနည်းလမ်းက ရိုးစင်းပေမဲ့ ထိရောက်ပါတယ်။မတော်တဆလိုလိုနဲ့ စာတစ်စောင်လောက်ပို့ကြည့်လိုက်စမ်းပါ။ဥပမာ သူငယ်ချင်းကိုပို့သလိုလိုနဲ့ “ဟေးငါကော်ဖီကောင်းကောင်း သောက်ချင်တာ နင်ဆိုင်အသစ်တွေဘာတွေသိလား”ပေါ့။တစ်မိနစ်လောက်စောင့်ကြည့်ပါ။ပြီးမှ “အိုး ဆောရီး ငါ့သူငယ်ချင်းတစ်ယောက်နာမည်နဲ့တူနေလို့ သူဆိုပြီးပို့လိုက်တာ။ ဒါပေမဲ့နင်ရောကော်ဖီဆိုင် ကောင်းကောင်း လေးများမသိဘူးလား။သိရင် ဆိုင်နာမည်လေးပြောပြပါဦး”လို့ပြန်ပို့ကြည့်လိုက်။ဒါက မတော်တဆတမင်တကာဆွဲဆောင်လိုက်တာပါပဲ။ကော်ဖီမှမဟုတ်ပါဘူးနော်။ဖြစ်နိုင်ရင် သင့်ခရက်ရှ်စိတ်ဝင်စားတဲ့အရာတစ်ခုခုဖြစ်ရင်ပိုကောင်းပါတယ်။အဲ့ဒါမှ စကားထပ်ဆက်လို့ရမှာပါ။

Sheknows
(၄)။ သူ့ရဲ့ထူးခြားတဲ့အရည်အချင်းကိုချီးကျူးပါ
လူတိုင်းမှာ သူတို့ရဲ့ထူးခြားတဲ့အရည်အချင်းတစ်ခုကတော့ ရှိကိုရှိပါတယ်။ သေချာရှာနိုင်ရင်ပေါ့။ သင့်အနေနဲ့ တစ်ယောက်ယောက်ကို ခရက်ရှ်နေတယ်ဆိုကတည်းက သူ့ဆီမှာ သင်သဘောကျတဲ့ ထူးခြားတဲ့အရည်အချင်းတစ်ခုခု ရှိနေလို့ပဲမို့လား။ သူ့ရဲ့ရုပ်ချောတာပဲဖြစ်ဖြစ်၊အသံကောင်းတာပဲဖြစ်ဖြစ်၊ စကားပြောကောင်းတာ၊ စမတ်ကျတာ စသဖြင့် ထူးခြားတာလေးတွေကို ရွေးပြီး ချီးကျူးပါ။ ဒါက သူ့ရဲ့စိတ်ထဲမှာ သင်ရောက်သွားဖို့အကောင်းဆုံးနည်းလမ်းပဲဖြစ်ပြီး သင့်ကို နောက်ထပ် ခြေတစ်လှမ်းတိုးသွားပါစေလိမ့်မယ်။

Sheknows
Linn