အသက်ကြီးလာတဲ့အခါ နောင်တမရလေအောင် ဒါတွေပြောင်းလဲဖို့လို
trend.com.mm
|
2019-05-20

အသက်ကြီးလာတဲ့အခါ ကိုယ်လိုချင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားနိုင်ဖို့က လူတိုင်းရဲ့ရည်မှန်းချက်တစ်ခုပါ။အခုမှ ဘဝစမယ့် လူငယ်တွေအတွက် ကံကောင်းတာတစ်ခုက တစ်ချို့လူတွေရဲ့ဘဝအတွေကြုံတွေကို ပြန်လည်မျှဝေထားတဲ့ စာအုပ်စာပေကောင်းတာကို ဖတ်ခွင့်ရှိနေတာပါပဲ။ ဒီစာအုပ်တွေကြောင့် ကိုယ့်ဘဝမှာအမှားနည်းအောင် ပြင်ဆင်နေထိုင်နိုင်တယ်။ ဒါကြောင့် နောက်မှ နောင်တမရအောင် ဒီအချက်လေးတွေတိုင်း ကိုယ့်ကိုကိုယ်ပြောင်းလဲကြည့်ပါ…


အိပ်ယာဝင်ချိန်၊ ထချိန်မှန်ကန်ဖို့လို







ဘယ်လောက်ပဲအိပ်ချင်နေပါစေ ပိတ်ရက်တွေမှာ နောက်ကျမှအိပ်ယာထတာမျိုး မလုပ်ပါနဲ့။ နေ့စဉ်နေ့တိုင်းအိပ်ယာဝင်ချိန် ၊ ထချိန်တွေ မှန်ကန်ဖို့လိုပါတယ်။ ဒါမှ သင့်ရဲ့တစ်နေ့တာအိပ်ချိန်ဟာ မျှတနေမှာဖြစ်ပြီးအလွန်ကျွံအိပ်ချင်တာမျိုးကို ရှောင်နိုင်မှာပါ။ ပုံမှန်တိုင်းအိပ်ယာစောစောထတတ်တဲ့အကျင့်ကအလုပ်တွေပြီးစေတယ်။ စိတ်ကိုလန်းစေတယ်။ နေ့ခင်း တစ်ရေးတစ်မောအိပ်လည်း ခေါင်းကြည်တယ်။


ဒိုင်ယာရီးရေးတတ်တဲ့အကျင့်







ကိုယ့်ဘဝရဲ့အမှတ်တရအတွေ့ကြုံလေးတွေကို ဒိုင်ယာရီ စာအုပ်ထဲမှာ ချရေးတတ်တဲ့အကျင့်လေး မွေးထားပါ။ ပြန်အစားမထိုးနိုင်တော့တဲ့အဖြစ်ပျက်တွေကို စာအုပ်ထဲမှာပဲ ချရေးပြီးသိမ်းထားနိုင်ပါတယ်။ တစ်ချိန်အသက်ကြီးလာလို့ ပြန်ဖတ်ကြည့်တဲ့အခါ ဒါတွေဟာအနှစ်ပါပဲ။ စာအုပ်ထဲက ကိုယ့်အကြောင်းတွေ၊ ပျော်စရာကောင်းတဲ့အခိုက်တန့်တွေကို ပြန်ဖတ်ရတဲ့အခါ ဒိုင်ယာရီရေးရခြင်းကို ပိုသဘောကျသွားပါလိမ့်မယ်။


ပိုက်ဆံစုပါ







အလုပ်လည်းလုပ်၊ သုံးလည်းသုံး ၊ စုလည်းစုပါ။ ကိုယ်လုပ်သမျှအားလုံးမစုမိဘဲ မလိုအပ်တဲ့ နေရာတွေမှာ ဖြုန်းမိတယ်ဆိုရင် သင်တစ်လလုံးလုပ်သမျှ ပင်ပန်းပြီး ဘာမှအဖက်မတင်ပဲနေပါလိမ့်မယ်။ ကိုယ့်ရဲ့ဝင်ငွေနဲ့ ထွက်ငွေကို မျှနေအောင် ချင့်ချိန်ပါ။ ချွေတာသုံးပြီး စုပါ။ မနက်ဖြန် ကိုယ်ဘာဖြစ်မလဲ မသိနိုင်ပါဘူး။ ကျန်းမာရေးနဲ့ပတ်သတ်ပြီးအရေးပေါ်အခြေအနေတွေပေါ်လာတဲ့အခါ ဘယ်သူမှမကူညီနိုင်ရင်တောင် ငွေရှိနေတဲ့အတွက်အခက်ခဲကိုဖြေရှင်းနိုင်တယ်။ ဒါကြောင့် ခုချိန်ကစပြီး ပိုက်ဆံစုပါတော့ ။


ကျွမ်းကျင်ရာနယ်ပယ်မှာအခြေချ







အသက်(၃၀)မတိုင်ခင် ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုအတည်တကျဖြစ်အောင် ရွေးချယ်ထားသင့်ပါပြီ။ ကိုယ်နဲ့ ဘယ်လိုအလုပ်ကိုက်ညီလဲ ၊ ဘယ်လိုနယ်ပယ်မှာ ကျွမ်းကျင်မှုရှိတယ်ဆိုတာ သေချာဆန်းစစ်သုံးသပ်ပါတော့။ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်ဖို့ဆိုတာအချိန်တွေအများကြီး ပေးဆပ်ရပါတယ်။ ပေးဆပ်လိုက်ရတဲ့အချိန်တွေက သင့်ကို တစ်နေ့မှာအဆင့်မြှင့်တင်ပေးပြီး လိုချင်တဲ့လစာနဲ့ကိုက်ညီတဲ့အလုပ်မျိုးကိုအေးဆေးရွေးချယ်နိုင်အောင် ဆုံးဖြတ်ပေးမယ့်အရာပါပဲ။


မိသားစုဝင်တွေနဲ့အဆင်ပြေအောင်နေ







အလုပ်တွေကြောင့် မအားရင်တောင် မိသားစုဝင်တွေ၊ ဆွေမျိုးတွေကိုအချိန်ပေးနိုင်အောင် ကြိုးစားပါ။ လူတိုင်းမှာတော့ ပြဿနာကိုယ်စီရှိကြမှာပါပဲ။အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ပါစေအခုချိန်မှာတော့ ဒါတွေကိုဖြေရှင်းသင့်ပါတယ်။အသက်တဖြည်းဖြည်းရလာတဲ့အခါ မှီခိုစရာဆိုလို့ ဘေးကိုကြည့်လိုက်ရင် မိဘတွေဟာ သားသမီး ဘယ်လောက်ပဲအရွယ်ရောက်နေပါစေ ကလေးလို့ပဲမြင်တယ်။ ဒါကိုအပြစ်မမြင်ပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရည်တည်နေနိုင်ပြီဆိုတာ သက်သေပြရမှာ သားသမီးအလုပ်ပါ။အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးနေတာပါ။ တစ်နေ့မှာ လူတိုင်းအိုနာပြီး သေဆုံးရမယ်။ ကျန်ရှိနေတဲ့အချိန်မှာ နောက်ဆုံးချိန်ထိ ကိုယ့်အနားမှာရှိနေပေးမယ့့် လူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားပါ။


စာဖတ်ခြင်း







နယ်ပယ်အသီးသီးမှာအောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေဟာ စာဖတ်ရတာကိုအရမ်းသဘောကျပါတယ်။အနည်းဆုံးတစ်နေ့ကိုု တစ်နာရီလောက်ပဲ စာဖတ်ပါ။ တစ်နှစ်ဆိုရင် သင့်ရဲ့စာဖတ်နှုန်းက တော်တော်ကောင်းနေပါပြီ။ တချို့အရာတွေဟာ ပါးစပ်ကနေ လိုက်ပြောပြနေလို့မရပါဘူး။ စာအုပ်တွေကပဲ သင့်အတွက်ခက်ခဲနေတဲ့အရာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ စာအုပ်တွေကပဲ သင့်ကိုလူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင် သင်ပေးနိုင်တာပါ။ စာများများဖတ်တဲ့အခါ သိချင်စိတ်ပြင်းပြမှု ၊ ဖန်တီးမှုစွမ်းရည် နဲ့ ဉာဏ်ရည်တွေ တိုးတက်လာစေပါတယ်။

အသက်ကြီးမှ နောင်တမရစေဖို့အတွက် ဒီအချက်လေးတွေထဲက တစ်ချက်လောက်ပဲဖြစ်ဖြစ် စာဖတ်သူများအတွက်အကျိုးပြုနိုင်မယ်လို့ ထင်ပါတယ်။






Some text some message..