သင်အရင်ဆုံးမြင်ရတဲ့ တိရစ္ဆာန်ပေါ်မှာမူတည်နေတဲ့ သင့်ရဲ့ စိတ်နေစိတ်ထား
lotaya.mpt.com.mm
|
2018-10-23




သင်အရင်ဆုံးမြင်ရတဲ့ တိရစ္ဆာန်ပေါ်မှာမူတည်နေတဲ့ သင့်ရဲ့ စိတ်နေစိတ်ထား


သင့်အနေနဲ့ ပုံမှန်နေ့စဉ်လှုပ်ရှားသွားလာနေချိန်မှာ ကိုယ့်ရဲ့အတွင်းစိတ်ကို ကိုယ်တိုင် ပိုင်းခြားစိတ်ဖြာနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ တကယ်တမ်းမှာတော့ လူတိုင်းမှာ မသိစိတ်က ဖြစ်တည်နေတဲ့အတွင်းစိတ်နေသဘောထားက ရှိနေပြီးသားပါ။ ဒါကို သင့်နဲ့ ပတ်သက်ဆက်ဆံနေရတဲ့သူတွေကတော့ သတိထားမိကောင်း ထားမိပါလိမ့်မယ်။ သင့်ကိုတော့ ထုတ်ပြောမှာမဟုတ်ပါဘူး၊ ဒီတော့ လတ်တလောဖြစ်တည်နေတဲ့ ကိုယ့်ရဲ့အတွင်းစိတ်ကို ကိုယ်တိုင်ပြန်သိရှိနိုင်ဖို့ ဒီမေးခွန်းလေးကအဖြေထုတ်ပေးနိုင်ပါတယ်တဲ့။ ပေးထားတဲ့ပုံထဲမှာ တိရစ္ဆာန်လေးတွေ ပါရှိနေပါတယ်၊ ဒီထဲက သင်အရင်ဆုံးသတိပြုမိတဲ့ တိရစ္ဆာန်လေးကို မှတ်သားထားလိုက်ပါ၊ ပြီးရင် ဒီတိရစ္ဆာန်လေးက ဘယ်လို စိတ်နေစိတ်ထားကို ကိုယ်စားပြုနေတယ်ဆိုတာကို ပေးထားတဲ့အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပြီး သင်ဟာဘယ်လိုလူစားဆိုတာကို လေ့လာကြည့်ရအောင် ပါနော်။


ကြောင်


ဒီပုံထဲက ကြောင်လေးကိုအရင်ဆုံးသတိထားမိတယ်ဆိုရင်တော့ ဒီကာလအတွင်း သင့်ရဲ့ လုပ်ငန်းခွင်အပေါ်မှာ စိတ်မပါပဲ ရှိနေပါလိမ့်မယ်။ ဒါကြောင့် သင့်အနေနဲ့ လက်ရှိအချိန်မှာအလုပ်သင့်ဆုံးအရာတစ်ခုက ခရီးထွက်လိုက်တာ၊ ဒါမှမဟုတ်အလုပ်တွေအားလုံးကိုမေ့ပြီး လုံးဝအနားယူလိုက်တာမျိုး လုပ်ဆောင်သင့်ပါတယ်။ ဒါမှမဟုတ်အလုပ်မှာ သင်မရှိလို့မဖြစ်တဲ့အနေအထားတစ်ရပ်ဆိုရင်တော့အလုပ်တွေအားလုံးအပြီးသတ်အောင်လုပ်ပေးပြီး မွေးရပ်မြေကို ပြန်တာမျိုး၊ ခရီးရက်ရှည်ထွက်ခွင့်ရဖို့ ကြိုးပမ်းတာမျိုးလုပ်သင့်ပါတယ်။ ကဲ ဒါတွေတစ်ခုမှ လုပ်ဖို့အဆင်မပြေတဲ့သူဆိုရင်တော့ ဒီနေ့ပဲအလုပ်တွေပြီးတာနဲ့အိမ်ကိုအပြေးပြန်ပြီး ဇိမ်ကျကျ ထိုင်ခုံမှာ ထိုင်ပြီး သင်နှစ်သက်ရာ TV show တစ်ခုခု ဒါမှမဟုတ် စာအုပ်တွေကိုအချိန်ပေးပြီး ဖတ်နေလိုက်ပါလို့အကြံပြုပါရစေ။


ခွေး


သင်ဟာ ဒီပုံထဲမှာရှိနေတဲ့ တိရစ္ဆာန်တွေထဲက ခွေးကိုအရင်ဆုံး သတိထားမိတာဆိုရင်တော့ သင်ဟာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့အားပေးထောက်ခံမှုကို လိုအပ်နေသူဖြစ်ပါတယ်။ သင့်မှာ ဖြေရှင်းစရာ ပြဿနာတွေ တပုံတခေါင်းကြီး ရှိနေတာဖြစ်ပြီး သင့်အနေနဲ့ ဒါတွေကို ဖြေရှင်းဖို့အဆင်သင့်လည်း ဖြစ်နေပါတယ်။ ဒါပေမယ့် သင်ဖြေရှင်းမယ့်နည်းလမ်းက တိုက်ခိုက်ရယူတဲ့နည်းပါပဲ။ ပြဿနာတစ်ခုကို တစ်ပါးသူအကူအညီမပါဘဲ သင်တစ်ဦးတည်းဖြေရှင်းယူရမယ်ဆိုရင် သတိပြုရမယ့်အချက်က ကမူးရှူးထိုး ဆုံးဖြတ်တာမျိုးမလုပ်ပဲ ခေါင်းအေးအေးထား ဖြေရှင်းဖို့ပါပဲ။ တစ်ခြားသူတွေက မဖြစ်နိုင်ဘူးလို့ ထင်တဲ့ ပြဿနာတွေကိုလည်း သင်ကောင်းကောင်းဖြေရှင်းပြနိုင်ပြီးချိန်မှာတော့ သင့်အပေါ်မှာထားတဲ့ ပတ်ဝန်းကျင်ရဲ့ သဘောထားကလည်း ပြောင်းလဲလာနိုင်ပါတယ်။ ဒါပေမယ့်သင်ဟာ သင့်ကြောင့် သူတပါးအနှောက်အယှက်ဖြစ်မှာ စိုးရိမ်တတ်သူဖြစ်ပြီး သင့်ကို ဒုက္ခပေးသူတွေအပေါ်ကိုလည်း ဘယ်လိုမှ စိတ်ထဲမထားပဲ ခွင့်လွှတ်ပေးနိုင်တဲ့ စိတ်မျိုး ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။


ခြင်္သေ့


ပုံထဲက တိရစ္ဆာန်တွေအနက် ခြင်္သေ့ကိုအရင်ဦးဆုံးမြင်လိုက်တယ်ဆိုရင်တော့ သင်ဟာ သင့်စိတ်ကိုသင် မထိန်းချုပ်နိုင်သူပါပဲ။ သင်ကိုယ်တိုင်လည်း ဒီအကြောင်းကို သတိပြုမိလောက်မှာပါ၊ ဥပမာ သင့်ရဲ့ ဆံပင်က ပုံစံပြောင်းစရာမလိုပေမယ့် ဆံပင်ညှပ်ဆိုင်ကိုသင်သွားလိုက်တယ်၊ ဒါပေမယ့် ရလာတဲ့ဆံပင်ပုံစံသစ်ကို စိတ်တိုင်းမကျဖြစ်ပြီးအလိုလိုဒေါသထွက်နေတတ်တာကလည်း သင့်ရဲ့အမှတ်အသားတစ်ခုလိုဖြစ်နေမှာပါ။ ပြီးတော့ တစ်ခါတစ်လေမှာ သင်လေးစားအားကျရသူတွေအပေါ်မှာ မနာလိုစိတ်ဝင်ပြီး သူတို့အပေါ်မှာအမှန်မမြင်တာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဒါပေမယ့် သူတို့တွေသင့်အပေါ်မှာ ပြုမူတဲ့အပေါ် သင်အမြင်မစောင်းသင့်ပါဘူး။ ဘာလို့လည်း ဆိုတော့ သင့်ရဲ့အပြုအမူက တစ်ခါတစ်ရံ မာနကြီးသလိုဖြစ်နေတာကြောင့် သူတို့ကလည်း သင့်အပေါ် တစ်မျိုးမြင်နေတာမို့ပါပဲ။ သင်ကသာ တစ်ခြားသူတွေအပေါ် စိတ်ရင်းနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံကြည့်လိုက်ပါ၊ သင့်အနီးအနားက လူတွေကလည်း သင့်အပေါ် တန်ပြန်ကောင်းမွန်လာပါလိမ့်မယ်။


မြင်း


သင်ဟာ တိရစ္ဆာန်တွေအများကြီးထဲကမှ မြင်းကိုအရင်ဆုံး သတိပြုမိတယ်ဆိုရင်တော့ လက်ရှိအချိန်မှာ သင့်ရဲ့ လွတ်လပ်မှုကို ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေတာဖြစ်ပါတယ်။ ဥပမာ သင်ဟာအလုပ်တာဝန်တွေအတွက်အချိန်ပိုတွေ ဆင်းနေရတာမျိုး၊ သူဌေးရဲ့အလုပ်တွေကိုပါအချိန်ပြည့်နီးပါး တာဝန်ယူပေးနေရတာမျိုးပေါ့။ လက်ရှိသင့်စိတ်ထဲမှာ ခရီးထွက်မယ်၊ ငါခရီးထွက်ချင်တယ်ဆိုတာကို ပဲ့တင်ထပ်အော်နေပေမယ့် တကယ်တမ်းမှာတော့ သူဌေးနောက်ကနေလိုက်ပြီး လုပ်ငန်းခွင်ထဲက မထွက်နိုင်ရှိနေတာပါပဲ။ ဒီတော့ စိတ်အေးအေးထားလိုက်ပါ။ ဘာလို့လည်းဆိုတော့ လူတိုင်းက နားချိန်နားရက်လိုချင်ကြသူချည်းပါပဲ။ တစ်ချို့သူတွေကအလုပ်ချိန်အလုပ် နားချိန်နားနိုင်တာ ဘာကြောင့်လဲဆိုတာကို သင်လေ့လာလိုက်ပါဦး၊ ပြီးရင်တော့ သင့်ရဲ့ လုပ်ငန်းခွင်အချိန်ဇယားမှာ နားချိန်လေးတွေထည့်သွင်းပြီး စနစ်တကျ ပြန်သတ်မှတ်လိုက်မယ်ဆိုရင်အဆင်ပြေသွားပါလိမ့်မယ်လိ့ုအကြံပြုချင်ပါတယ်။


ဘဲငန်း


ဒီပုံထဲက ဘဲငန်းလေးကိုအရင်ဆုံးသတိထားမိတယ်ဆိုရင်တော့ သင်ဟာအချစ်နဲ့တွေ့နေပါပြီတဲ့။ ဒီလိုအချိန်မျိုးမှာ သင့်ရဲ့ ပတ်ဝန်းကျင်က မြင်မြင်သမျှတွေက သင့်အတွက် စိတ်ချမ်းမြေ့စရာ ၊ ပျော်ရွှင်စရာတွေပဲ ဖြစ်နေပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် ငွေရှင်းကောင်တာက Cashier ကအချိုးမပြေလုပ်နေရင်တောင် သင့်စိတ်ထဲမှာအော်ဒါသူမကျွမ်းကျင်လို့ပဲဆိုပြီး ဖြေတွေပေးနေတတ်တဲ့အချိန်ပါပဲ။ ဒါပေမယ့် ဒီစိတ်လေးကိုအရှည်သဖြင့် ရှိနေဖို့ ဆွဲဆန့်နိုင်ဖို့လိုပါတယ်။ ဘာလို့လည်း ဆိုတော့ သင်နဲ့သင့်ချစ်သူသုံးလို့ လစာအစောကြီးကုန်သွားချိန်မှာလည်း ဒီစိတ်လေးက ဒီအတိုင်း ဆက်ရှိနေဖို့ လိုအပ်လို့ပါပဲ။ ဒါမှလည်း ချစ်သူက လေးစားမှာလေနော်၊ ဒီတော့ လက်ရှိဖြစ်တည်နေတဲ့ စိတ်ချမ်းသာမှုလေးကို နောက်လလစာထုတ်တဲ့အချိန်အထိ ရှိနေအောင် ဆွဲဆန့်လိုက်ပါဦးနော်။


Source-Brightside.com




Some text some message..