မျက်မှန်တက်တာကအရမ်းခေတ်စားလာပေမယ့် တချို့မိန်းကလေးတွေက မျက်မှန်ဆိုသိပ်မတက်ချင်ကြဘူး။ ဒါပေမယ့် ခုုတစ်ခါမှာတော့ မျက်မှန်တက်တာဟာ Fashion တစ်ခုအဖြစ်ပြန်ပြီးခေတ်ထလာနေပါပြီ။
ခေတ်မှီတဲ့ Cele တွေကလည်း မျက်မှန်ဆိုတာ မရှိမဖြစ်တဲ့အရာတစ်ခုလို့သတ်မှတ်လာကြပြီ။
ဒါတင်ပဲလား….ဘယ်ကမလဲ။ ကောင်လေးတွေကလည်း မျက်မှန်တက်တဲ့စော်တွေကိုမှ တမ်းတမ်းတတစွဲလမ်းနေကြတာ။အကြောင်းရင်းတွေကိုတော့အောက်မှာပဲ ဖော်ပြလိုက်ပါတယ်နော်။
၁) မျက်မှန်တက်တာက ပိုပြီးထက်မြတ်တဲ့ပုံပေါက်တယ်။
လေ့လာစမ်းသပ်ချက်တွေအရ မျက်မှန်တက်တဲ့သူတွေက ပိုပြီးတော်ကြပြီးတော့အလုပ်ခေါ်ရင်လည်း မျက်မှန်မတက်တဲ့သူတွေထက် ၃၆% ပိုပြီးရနိုင်ချေရှိတယ်လို့သိရပါတယ်။
Smart is sexy ဆိုပြီးလည်း ခေတ်စားနေတော့ ခေးလေးတို့ မျက်မှန်တက်လိုက်ကြပါတော့လို့ပြောပါရစေ။
၂) မျက်မှန်တက်တာက ဆွဲဆောင်မှုကိုပိုစေတယ်။
ယောကျ်ားလေးတွေက ပြောကြတယ်…မျက်မှန်တက်ထားတဲ့မိန်းခေးတွေဟာအရမ်းဆွဲဆောင်မှုရှိတာပဲတဲ့။ ကဲမတတ်သင့်ဘူးလား မြီးကောင်ပေါက်မလေးတို့ရေ…
၃) မျက်မှန်တက်ထားတာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ ကောင်မလေးအသွင်ပြောင်းစေတယ်။
ကောင်လေးတွေပြောတာတော့ ကိုယ်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ မိန်းကလေးလောက် ဘယ်အရာမှကြည့်မကောင်းဘူးတဲ့။ သူတို့ကိုကြည့်ရတာအရမ်းကိုကျေနပ်အားရစရာကောင်းတယ်တဲ့..
၄) မျက်မှန်တတ်တဲ့သူလေးတွေဟာ Fashionအမြင်ရှိကြတယ်။
cele တွေအားလုံးက မျက်မှန်ကို Fashion ရဲ့အစိတ်အပိုင်းလို့ပြောနေကြပြီ။ ဒါကြောင့် မျက်မှန်တက်တဲ့ခေးလေးတွေက Fashionအမြင်ရှိကြတယ်လို့ပြောရမှာပေါ့၊
၅) မျက်မှန်တက်လိုက်ရင် ၂ ဆ cute သွားတယ်။
ခေးတို့လည်း သတိထားမိကြမှာပါ… ကိုယ်မျက်မှန်တက်လိုက်ရင်ပိုပြီးခရုသွားတယ်ဆိုတဲ့အချက်ကိုလေ…
လင်း(ရွှေအင်းလေး)