ဖိနပ်တစ်ရံအတွက်သက်သောင့်သက်သာဖြစ်စေတဲ့အပြင်ပိုအထာကျဖို့ဆိုမေ့မထားသင့်တဲ့ခြေအိတ်လေးတွေအကြောင်း
moda.com.mm
|
2019-06-07



နေ့တိုင်းအမျိုးမျိုးသောဖိနပ်တွေစီးနေကြတဲ့ထဲကရှုးဖိနပ်တွေကိုစီးမယ်ဆိုရင်တော့အရေးပါတဲ့အရာက ခြေအိတ်ပါ။ နေ့စဉ်အဝတ်အစားတွေ accessory တွေကိုအလေးထားနေကြသလိုခြေအိတ်ဆိုတဲ့အရာကလည်းတကယ်အရေးပါတဲ့အရာလေးပါ။အခုနောက်ပိုင်းခြေအိတ်ကိုဖက်ရှင်တစ်ခုအနေနဲ့အရေးတယူဝတ်စားလာကြတာတွေ့ရပါတယ်။ခြေအိတ်ဆိုတိုင်းအမဲရောင်ဘဲဖြစ်ရမယ်လို့ဘယ်သူမှပြောမထားပါဘူး။သင့်တစ်နေ့တာမှာတွဲဖက်ဝတ်ဆင်ရမယ့်ဘောင်းဘီနဲ့ခြေအိတ်လိုက်ဖက်နေဖို့ကသာ

အဓိကပါ။ဘာလို့ခြေအိတ်ကအရေးကြီးသလဲဆိုရင်ခြေထောက်က ခြေဆီထွက်တတ်တာကြောင့်ပါအကယ်

လို့သင်ကခြေအိတ်မပါဘဲရှူးဖိနပ်လိုအရာတွေစီးမယ်ဆိုရင်တော့သင့်ဖိနပ်ကိုအမြန်ဆုံးပျက်စီးစေမှာအသေအချာပါ ။ခြေအိတ်တစ်ခုအနေနဲ့ မထူမပါးအနေအထား ကိုကောင်းမွန်သောအသားနဲ့ချုပ်ထားမယ်ဆိုရင်ပိုအဆင်ပြေပါတယ်။ တခါတလေကိုယ့်အတွက်သက်သောင့်သက်သာမရှိစေတဲ့ဖိနပ်ခြေထောက်ကိုနာစေတဲ့ဖိနပ်တွေနဲ့ဆို ခြေအိတ်ရှိမှအဆင်ပြေမှာပါဒါမှသင့်ခြေထောက်တွေကိုမနာကျင်စေမှာပါ။အရောင်မျိုးစုံပုံစံဒီဇိုင်းမျိုးစုံကိုသူအရှည်အလိုက်ထုတ်ထားတာတွေ့ရပါတယ်၊အဲဒီအရှည်တွေထဲက သင့် outfit နဲ့လိုက်ဖက်မယ့်ခြေအိတ်အရှည်မှန်ကန်အောင်ရွေးချယ်နိုင်ဖို့လိုပါတယ်။ No show နဲ့Liner လို့ခေါ်တဲ့ခြေအိတ်မျိုးတွေကတော့ shoes ထဲကနေအပြင်ဘက်ကိုထွက်မနေတာကြောင့် ဖိနပ်စီးရတာသက်သောင့်သက်သာဖြစ်စေဖို့သာရည်ရွယ်ပြီးဖက်ရှင်တစ်ခုအနေနဲ့မသက်ရောက်တဲ့ခြေအိတ်မျိုးပါ။ခြေအိတ်မပါသလိုထင်ရတဲ့အဲဒီခြေအိတ်အမျိုးအစားကိုအများစုသုံးကြတာတွေ့ရပါတယ်။ped နဲ့ankle socksအမျိုးအစားတွေ့ကတော့အခုနောက်ပိုင်းရေပန်းစားနေတဲ့sport type လိုဖိနပ်မျိူးတွေနဲ့အရမ်းကိုလိုက်ဖက်တဲ့ခြေအိတ်လေးတွေပါ။ခြေမျက်စိသာသာရှိနေတဲ့ဖိနပ်အပေါ်ကနေထွက်နေတဲ့ခြေအိတ်လေးတွေကအရောင်လေးတွေနဲ့ချစ်စရာကောင်းပြီးအထာကျတာမို့အများစုဝတ်လေ့ရှိတဲ့ခြေအိတ်လေးတွေပါဘဲ။mid-calf နဲ့ over the calf length လိုခြေအိတ်ရှည်တွေကတော့အရမ်းဝတ်လေ့မရှိကြပေမယ့်နောက်ပိုင်းဖက်ရှင်နဲ့ပတ်သတ်ပြီးအထာကျဖို့အတွက်ခြေအိတ်ရှည်တွေကနေရာယူလို့လာပါတယ်။ခြေအိတ်ခြေတွေကိုသင့်ဘောင်းဘီအတွင်းထဲထည့်ဝတ်နိုင်သလိုဘောင်းဘီတိုစကတ်တိုတွေနဲ့တွဲဖက်ဝတ်ဆင့်ပြီးခြေအိတ်ကိုအပြင်ထုတ်ပြီးဝတ်ကြတာတွေ့ရပါတယ်။အရောင်စုံ ဒီဇိုင်းအမျိုးမျိုးနဲ့ခြေအိတ်ရှည်တွေကိုရွေးချယ်မယ်ဆိုရင်တော့သင့် outfit ကိုသေချာထည့်စဉ်းစားဖို့လိုပါတယ်။ဒါ့အပြင် heels ၊ shoes ၊ slide shoes တွေနဲ့လည်းခြေအိတ်လေးတွေကိုတွဲဖက်ဝတ်ဆင်လာတာတွေ့ရပါတယ်။ ဖက်ရှင်ရေးစီးကြောင်းရဲ့ပြောင်းလဲမှုတွေကတော့အံ့မခန်းပါဘဲ။သင့် outfitအတွက်ခြေအိတ်ရွေးချယ်ကြတဲ့အခါပုံမှန်အရောင်တွေဖြစ်တဲ့အဖြူ နဲ့အနက်လို ရှည်အိတ်ရှည်တွေဆိုရင်သင့် outfit တော်တော်များများနဲ့အဆင်ပြေစေမှာပါ။အရောင်တောက်တောက်ခြေအိတ်ရှည်တွေကတော့နေရာတိုင်းနဲ့အဆင်ပြေမှာမဟုတ်သလိုအစင်းအကွက် တွေနဲ့Pattern တွေများတဲ့အတွက်သင့်outfit ရဲ့ဘောင်းဘီ စကတ်ပေါ်မူတည်ပြီးသေချာရွေးချယ်သင့်ပါတယ်။ရွေးချယ်မှုမှားသွားရင်သင့်ဖက်ရှင်လည်းလွဲသွားနိုင်တာကြောင့်ပါ။ ကဲဒီတော့ဘယ်ခြေအိတ်ကဘယ်လိုဆိုတာအကျမ်းဖျင်းသိပြီးပြီဆိုရင်ဘယ်လို Outfit နဲ့အထာကျကျတွဲဝတ်ရင်သင့်တော်မယ်ဆိုတာသိဖို့နိုုင်ငံတကာရဲ့street fashion လေးတွေကနေတစ်

ဆင့်တွေ့မြင်နိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်နော်။

Editor : Bo




Some text some message..