သူငယ်ချင်းတွေနဲ့ လျှောက်စား၊ လျှောက်သွားသူတွေက ကိုယ်ရောစိတ်ပါ ပိုကျန်းမာနိုင်
yoyarlay.com
|
2019-06-09



မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ရှာရခက်သလို တည်မြဲအောင်ထိန်းသိမ်းဖို့က ပိုလို့ခက်ပါတယ်။ တက္ကသိုလ်မှာ ခင်မင်မှုတွေဘယ်လောက်ရှိခဲ့ရှိခဲ့အလုပ်ခွင်ကိုယ်စီဝင်ကြချိန်မှာတော့ တွေ့ဖို့အနိုင်နိုင် ဖြစ်ကြရပါတယ်။ စာရင်းအင်းအချက်အလက်တွေအရ လူ့ဘဝသက်တမ်းတစ်လျှောက်မှာ မိတ်ဆွေပေါင်း (၄၀၀) နဲ့ တွေ့ဆုံရပေမဲ့ (၃၃) ယောက်နဲ့သာ ရေရှည်ပေါင်းသင်းလို့ရတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်တူတူကြည့် ၊အတူတူလျှောက်လည်ပြီး စိတ်ညစ်တဲ့အခါ ရင်ဖွင့်လို့ရတဲ့အပေါင်းအသင်းတွေရှိမယ်ဆိုရင် ကိုယ်ရောစိတ်ပါ ကျန်းမာမှုပိုစေတယ်လို့လည်း သိရပါတယ်။ ဘယ်လိုအကြောင်းရင်းတွေကြောင့်လဲဆိုတာကိုတော့အောက်မှာဖော်ပြပေးသွားပါမယ်။




ပထမတစ်ချက်ကတော့ တစ်ဘက်သားနေရာကနေစာနာတတ်အောင် သူငယ်ချင်းတွေကသင်ပြပေးပါတယ်။ လူတွေကိုစာနာတတ်လာသလို ပိုပြီးတော့လည်းနားလည်လာပါတယ်။ ကိုယ်ချင်းစာတတ်တဲ့စိတ်ကြောင့် မကောင်းမြင်အတွေးတွေနည်းသွားပြီး စိတ်အခြေအနေတည်ငြိမ်လာမှာပါ။

ဒုတိယအချက်ကတော့ သူငယ်ချင်းတွေနဲ့ဆိုရင်အရာရာကိုရင်ဆိုင်ကျော်လွှားဖို့သတ္တိရှိလာသလို ခက်ခဲပြီးအနှောင့်အယှက်ဖြစ်ရတဲ့အရာတွေက ကြောက်ဖို့သိပ်မကောင်းတော့ပါဘူး။ မတ်စောက်တဲ့တောင်ကုန်းအခြေမှာ ရပ်နေရရင်တာင်မှ သူငယ်ချင်းတွေနဲ့အတူတူရှိနေမယ်ဆိုရင် ဘယ်လောက်မတ်မတ်မဖြုံတာမျိုး ဖြစ်တတ်ပါတယ်။


ရုပ်ရှင်တူတူကြည့် ၊အတူတူလျှောက်လည်ပြီး စိတ်ညစ်တဲ့အခါ ရင်ဖွင့်လို့ရတဲ့အပေါင်းအသင်းတွေရှိမယ်ဆိုရင် ကိုယ်ရောစိတ်ပါ ကျန်းမာမှုပိုစေ

တတိယအချက်အနေနဲ့ကတော့ လူမှုရေးကောင်းရင်လည်း ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကောင်းပါတယ်။ ခန္ဓာကိုယ်အလေးချိန်၊ သွေးပေါင်ချိန်နဲ့ တခြားသောအညွှန်းကိန်းတွေကအထီးကျန်သူတွေမှာ ပိုပြီး ဆိုးရွားတယ်လို့ သိရပါတယ်။

သူငယ်ချင်းတွေနဲ့ဆိုရင် စိတ်ပေါ့သွပ်ခြင်းလည်းကင်းဝေးစေပါတယ်။ စိတ်ပေါ့သွပ်တယ်ဆိုတာကအထီးကျန်သူတွေမှာသာအဖြစ်များတဲ့ရောဂါဖြစ်ပြီးအပေါင်းအသင်းရောင်းရင်းတွေနဲ့အဆက်အသွယ်ရှိပြီးအသစ်အဆန်းတွေဖန်တီးနေသူမှာတော့ ဦးနှောက်ကအမြဲထက်မြက်နေပါတယ်။


အရေးအကြီးဆုံးကတော့ သူငယ်ချင်းတွေအတွက် တတ်နိုင်သမျှအချိန်ဖဲ့ပေးဖို့ပါပဲ

ဒါကြောင့်အရေးအကြီးဆုံးကတော့ သူငယ်ချင်းတွေအတွက် တတ်နိုင်သမျှအချိန်ဖဲ့ပေးဖို့ပါပဲ။အလုပ်က နောက်တစ်ခုပြီးတစ်ခုပြောင်းလုပ်လို့ရပေမဲ့ သူငယ်ချင်းအရင်းအချာဆိုတာက တွေ့နိုင်ခဲပါတယ်။ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့အတူတူလျှောက်လည်ရင်း စိတ်ဖိစီးမှုတစ်ဝက်လောက် ကျသွားရင်တောင် ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုနိုင်မှာပါ။ ရိုးရာလေးပရိသတ်တွေထဲမှာလည်း မလည်နိုင် မပတ်နိုင်လောကင်အောင်အလုပ်ပိနေတဲ့သူငယ်ချင်းတွေရှိနေခဲ့ရင် ဒီဆောင်းပါးကိုမျှဝေရင်း သိအောင်ပြောပြလိုက်ပါဦးနော်။


Ref: Brightside.com “ Science Proved That People Who Often Hang Out With Friends Have Better Mental and Physical Health”
Alice May (ရိုးရာလေး)




Some text some message..