သင်ဘာကြောင့်ကိုယ်ဝန်ရဖို့ခက်ခဲနေသလဲ?…
trend.com.mm
|
2019-06-09




မိန်းမမှန်ရင်တော့ကိုယ့်မိသားစုအတွက်သားကောင်းသမီးကောင်းရတနာထွန်းကားချင်ကြတာကြီးပါပဲ။ လက်မထပ်ခင် ဘယ်သူမှကိုယ်ဝန်မရချင်သလိုပဲလက်ထပ်ပြီးရင်လည်း ကိုယ်မရနိုင်တာမျိုးကို ဘယ်မိန်းမမှမဖြစ်ချင်ကြပါဘူး။ ကိုယ်ဝန်ရဖို့ကြန့်ကြာတဲ့အမျိုးသမီးတိုင်းအမြုံမဟုတ်ဘူးဆိုတာ တော့သိထားရပါလိမ့်မယ်။ တစ်ချို့က လုံးဝအမြုံသားသမီးမရနိင်တဲ့စိတ်မကောင်းစရာအခြေနေပင်မဲ့ တစ်ချို့ကတော့သားသမီးရဖို့ ကြန့်ကြာနေတယ်ဆိုတာ သားသမီးမရနိုင်တာ
မျိုးတော့မဟုတ်ပါဘူး။ ဒါဆိုဆေးပညာကျွမန်းကျင်သူတွေပြောပြတဲ့ ဘယ်လိုပျမ်းမျှအကြောင်းအရာတွေက သင်ကိုယ်ဝန်ရဖို့ကြန့်ကြာနရတဲ့အချက်တွေဖြစ်မလဲ?…
(၁)အဆီများတဲ့အစားစာများ လွန်ကဲစွာစားသုံးခြင်း





ဆေးပညာလေ့လာတွေ့ရှိချက်တွေအရ ကိုယ်ဝန်ရဖို့ကြန့်ကြာနေတဲ့အမျိုးသမီးအများစုဟာ trans fatsအစားစာတွေဖြစ်တဲ့
အကြော်လှော်နဲ့အဆီအစိမ့်တွေကိုအစားများခြင်းဟာအိမ်ထောင်သည်မိန်းမတစ်ယောက်ကို ကလေးရဖို့ကြန့်ကြာစေတယ်လို့သိရပါတယ်။သင့်တင့်တဲ့ပမာဏမျိုးစားတာကအန္တရာယ်မဖြစ်စေပင်မဲ့ လွန်ကြူူးလာရင်တော့ သန္ဓေတည်ဖို့ ကြန့်ကြာလာပါလိမ့်မယ်။
(၂)အလွန်အကျွံလေ့ကျင့်ခန်းပြုလုပ်ခြင်း





အားကစားလုပ်ခြင်းက ခန္ဓာကိုယ်အတွက်ကောင်းတာမှန်ပင်မဲ့ လိုအပ်တာထက်ပိုပြီးအားကစားကိုအပြင်းအထန်အားကစားလုပ်ခြင်းဟာ
အိမ်ထောင်သည်အမျိုးသမီးတွေရဲ့သားအိမ်ကို ထိခိုက်မှုအနည်းငယ်ရှိစေတာကြောင့် လိုအပ်တာထက်ပိုပြီးလေ့ကျင့်ခန်းလုပ်တာ၊ မမှန်ကန် နည်းလမ်းမကျတဲ့ လေ့ကျင့်ခန်းလုပ်တာမျိုးကိုရှောင်ပေးဖို့လိုပါတယ်။
(၃) လိုအပ်သလောက်ကြီးထွားဖွံ့ဖြိုးမှုမရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း





မိန်းမတစ်ယောက်ရဲ့သူ့အရွယ်နဲ့သူရှိသင့်တဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားမှုတွေမရှိဘူးဆိုရင် ဒီမိန်းကလေးဟာ ကလေးတစ်ယောက်ရနိုင်ဖို့
ကြန့်ကြာတဲ့ ခန္ဓာကိုယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကမိခင်လုပ်ချင်ပြီလို့ဆုံးဖြတ်လိုက်ပြီးကလေးယူဖို့အစီစဉ်ရှိလာရင်ကိုယ့်ကိုယ်ကိုယ်ပြည့်ဝတဲ့ခန္ဓာကိုယ်ဖြစ်အောင်အရင်လုပ်ပါ။
(၄)အိမ်ထောင်ဖက်ဟာ စိတ်ဖိစီးမှုများနေခြင်း





ကိုယ်ရဲ့အိမ်ထောင်ဖက်ဟာအလုပ်ကိစ္စတွေ ၊ မိသားစုအ ရေးတွေ နဲ့တစ်ခြား စိတ်ဖိစီးမှုကိစ္စတွေရှိနေတာမျိုး၊ ဆိုရင် ကလေးရဖို့မလွယ်ကူလောက်ပါဘူး။အထူးသဖြင့်လိင်ဆက်ဆံစဉ်မှာ Stress များနေတဲ့အခါ ဘယ်လိုပင်စိတ်လွတ်ကိုယ်လွတ်ဆက်ဆံပါစေအုံးတော့ ဦးနှောက်နဲ့စိတ်က ပင်ပန်းမှုတစ်ချို့ရဲ့ရိုက်ခတ်မှုဒဏ်ကြောင့်ကလေးရဖို့ကြာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။
ကိုယ်ကအသက်ရွယ်လည်းရပြီ ကိုယ့်အိမ်ထောင်မှာလည်းကလေးရဖို့ကကြန့်ကြာနေတာကြာပြီဆိုရင်နီးစပ်ရာဆရာဝန်ဆီသွားပြီးသင်တို့ရဲ့ကိစ္စကိုသွားရောက်တိုင်ပင်သင့်ပါတယ်…

Unicode


မိန်းမမှန်ရင်တော့ကိုယ့်မိသားစုအတွက်သားကောင်းသမီးကောင်းရတနာထွန်းကားချင်ကြတာကြီးပါပဲ။ လက်မထပ်ခင် ဘယ်သူမှကိုယ်ဝန်မရချင်သလိုပဲ
လက်ထပ်ပြီးရင်လည်း ကိုယ်မရနိုင်တာမျိုးကို ဘယ်မိန်းမမှမဖြစ်ချင်ကြပါဘူး။ ကိုယ်ဝန်ရဖို့ကြန့်ကြာတဲ့အမျိုးသမီးတိုင်းအမြုံမဟုတ်ဘူးဆိုတာ တော့
သိထားရပါလိမ့်မယ်။ တစ်ချို့က လုံးဝအမြုံသားသမီးမရနိင်တဲ့စိတ်မကောင်းစရာအခြေနေပင်မဲ့ တစ်ချို့ကတော့သားသမီးရဖို့ ကြန့်ကြာနေတယ်ဆိုတာ သားသမီးမရနိုင်တာ
မျိုးတော့မဟုတ်ပါဘူး။ ဒါဆိုဆေးပညာကျွမန်းကျင်သူတွေပြောပြတဲ့ ဘယ်လိုပျမ်းမျှအကြောင်းအရာတွေက သင်ကိုယ်ဝန်ရဖို့ကြန့်ကြာနေရတဲ့အချက်တွေဖြစ်မလဲ?…
(၁) အဆီများတဲ့အစားစာများ လွန်ကဲစွာစားသုံးခြင်း
ဆေးပညာလေ့လာတွေ့ရှိချက်တွေအရ ကိုယ်ဝန်ရဖို့ကြန့်ကြာနေတဲ့အမျိုးသမီးအများစုဟာ trans fats အစားစာတွေဖြစ်တဲ့
အကြော်လှော်နဲ့အဆီအစိမ့်တွေကိုအစားများခြင်းဟာ အိမ်ထောင်သည်မိန်းမတစ်ယောက်ကို ကလေးရဖို့ကြန့်ကြာစေတယ်လို့သိရပါတယ်။
သင့်တင့်တဲ့ပမာဏမျိုးစားတာက အန္တရာယ်မဖြစ်စေပင်မဲ့ လွန်ကြူူးလာရင်တော့ သန္ဓေတည်ဖို့ ကြန့်ကြာလာပါလိမ့်မယ်။
(၂) အလွန်အကျွံလေ့ကျင့်ခန်းပြုလုပ်ခြင်း
အားကစားလုပ်ခြင်းက ခန္ဓာကိုယ်အတွက်ကောင်းတာမှန်ပင်မဲ့ လိုအပ်တာထက်ပိုပြီး အားကစားကို အပြင်းအထန်အားကစားလုပ်ခြင်းဟာ
အိမ်ထောင်သည်အမျိုးသမီးတွေရဲ့သားအိမ်ကို ထိခိုက်မှုအနည်းငယ်ရှိစေတာကြောင့် လိုအပ်တာထက်ပိုပြီးလေ့ကျင့်ခန်းလုပ်တာ၊ မမှန်မကန် နည်းလမ်းမကျတဲ့ လေ့ကျင့်ခန်းလုပ်
တာမျိုးကိုရှောင်ပေးဖို့လိုပါတယ်။
(၃) လိုအပ်သလောက်ကြီးထွားဖွံ့ဖြိုးမှုမရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း
မိန်းမတစ်ယောက်ရဲ့သူ့အရွယ်နဲ့သူရှိသင့်တဲ့ခန္ဓာကိုယ်ဖွံ ့ဖြိုးကြီးထွားမှုတွေမရှိဘူးဆိုရင် ဒီမိန်းကလေးဟာ ကလေးတစ်ယောက်ရနိုင်ဖို့
ကြန့်ကြာတဲ ့ ခန္ဓာကိုယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကမိခင်လုပ်ချင်ပြီလို့ဆုံးဖြတ်လိုက်ပြီးကလေးယူဖို့အစီစဉ်ရှိလာရင်ကိုယ့်ကိုယ်ကိုယ်
ပြည့်ဝတဲ့ခန္ဓာကိုယ်ဖြစ်အောင်အရင်လုပ်ပါ။
(၄) အိမ်ထောင်ဖက်ဟာ စိတ်ဖိစီးမှုများနေခြင်း
ကိုယ်ရဲ့အိမ်ထောင်ဖက်ဟာ အလုပ်ကိစ္စတွေ ၊ မိသားစုအ ရေးတွေ နဲ့တစ်ခြား စိတ်ဖိစီးမှုကိစ္စတွေရှိနေတာမျိုး၊ ဆိုရင် ကလေးရဖို့မလွယ်ကူလောက်ပါဘူး။
အထူးသဖြင့်လိင်ဆက်ဆံစဉ်မှာ Stress များနေတဲ့ အခါ ဘယ်လိုပင်စိတ်လွတ်ကိုယ်လွတ်ဆက်ဆံပါစေအုံးတော့ ဦးနှောက်နဲ့စိတ်က ပင်ပန်းမှုတစ်ချို့ရဲ့ရိုက်ခတ်မှုဒဏ်ကြောင့်
ကလေးရဖို့ကြာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။
ကိုယ်ကအသက်ရွယ်လည်းရပြီ ကိုယ့်အိမ်ထောင်မှာလည်းကလေးရဖို့ကကြန့်ကြာနေတာကြာပြီဆိုရင်နီးစပ်ရာဆရာဝန်ဆီသွားပြီးသင်တို့ရဲ့
ကိစ္စကိုသွားရောက်တိုင်ပင်သင့်ပါတယ်…




Some text some message..