အပြင်ထွက်လည်ရင်း ကလေးတစ်ယောက်သဖွယ် ပူစီဖောင်းလေးတွေကိုမှုတ်ပြီး ပျော်ရွှင်စွာဆော့ကစားနေတဲ့ ဇင်သဲနိုင်
myanmarload.com
|
2019-06-09



ပရိသတ်ကြီးရေအနုပညာအလုပ်တွေကိုမလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းတွေကိုရရှိထားတဲ့ ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့မိသားစုလေးဟာဆိုရင် လူအများအားကျရတဲ့ပျော်ရွှင်စရာအသိုက်အမြုံလေးဖြစ်ပါတယ်နော်။ချစ်စရာကောင်းတဲ့သားသမီးသုံးယောက်ကလည်းအဖေအမေတူကြလို့ ချောကြလှကြပါတယ်နော်။ဇင်သဲနိုင်ကတော့ ကလေးသုံးယောက်အမေလို့ကိုထင်ရက်စရာမရှိဘဲအပျိုရှုံးလောက်အောင်လှပတဲ့သူပါနော်။








ဇင်သဲနိုင်ကတော့ လက်ရှိမှာ ကျောက်မျက်ရတနာဆိုင်ကြီးကိုဖွင့်လှစ်ထားတဲ့ Business womenတစ်ယောက်ဖြစ်ပါတယ်။ဇင်သဲနိုင်ကအမျိုးသမီးလုပ်ငန်းရှင်တွေစုဝေးတဲ့ Women Leaders program 2019ကို တက်ရောက်ခွင့်ရခဲ့ပြီး နိုင်ငံပေါင်းစုံကို ချစ်ခင်ပွန်းနဲ့အတူတူ ဗဟုသုတတွေရှာမှီးရင်း လည်ပတ်နေတာပဲဖြစ်ပါတယ်နော်။ချစ်ခင်ပွန်းကလည်း ပါရမီဖြည့်ဖက်ကောင်းပီသစွာနဲ့ ချစ်ဇနီးလေးရဲ့ခရီးစဉ်မှာ လိုလေသေးမရှိအောင်ဂရုစိုက်တဲ့သူပါနော်။








ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်ကတော့ နိုင်ငံပေါင်းစုံရဲ့အလှတရားများနဲ့အတူအမှတ်တရပုံရိပ်လေးတွေကို ဖန်တီးနေကြတာဖြစ်ပါတယ် ဇင်သဲနိုင်ကတော့"ခဏလေးအပြင်ထွက်တယ်နော် ရောက်လေရာမှာ တွေ့ရာနဲ့ဆော့တယ် ကလေးလေးတွေတွေ့တိုင်းအိမ်ကပုစိလေး(၃)ယောက်ကိုလွမ်းတယ်"ဆိုပြီး ရေးသားထားကာ ပူစီဖောင်းလေးတွေနဲ့ကလေးသဖွယ်လေးဆော့နေပါတယ်။ချစ်ခင်ပွန်းနဲ့အတူတူ နှင်းတောင်ပေါ်တက်ပြီး နှင်းခဲတွေနဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုလည်းမျှဝေပေးလိုက်ပါတယ်နော်။









Some text some message..