၁၀ တန်း ကျရှုံးတဲ့အထိမ်းအမှတ်နဲ့အလှူပွဲကျင်းပ
popolay.com
|
2019-06-10

သတင်းခေါင်းစဉ်ကို ဖတ်ပြီး ဒါဟာ စတန့်ထွင်တယ်လို့ ယူဆမိကောင်းမိသွားပါလိမ့်မယ် ဒါပေမယ့် တစ်ကယ်တော့ သားသမီးအပေါ်ထားတဲ့အနှိုင်းအဆမဲ့ မိဘမေတ္တာကို ပြသလိုက်ခြင်းသာဖြစ်ပါတယ်။
ခေတ်တွေစနစ်တွေ ပြောင်းလဲလာတာနဲ့အတူ ယနေ့ခေတ်မိဘတွေရဲ့ သားသမီးတွေအပေါ် ထားတဲ့ သဘောထားအမြင်နဲ့ မေတ္တာတရားတွေဟာလည်း ပိုမိုကြီးမားမြင့်မြတ်လာပါတယ်။

ဆယ်တန်းကျရှုံးခဲ့တဲ့ သားသမီးကိုအပြစ်တင်ဆူပူပြောဆိုပြီး စိတ်ဓါတ်တွေ ပိုကျစေမယ့်အစား ဘဝမှာအမှတ်တရဖြစ်သွားအောင် ဆယ်တန်းကျရှုံးခြင်းအထိမ်းအမှတ်အဖြစ်အလှူပွဲလုပ်ပြီး သားသမီးရဲ့ စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးခဲ့ပါတယ်။





မကွေးတိုင်းဒေသကြီး ၊ စလင်းမြို့နယ် ၊ စည်ဆွဲရွာ မှ ကိုမျိုးဝင်း + မဥမ္မာဝင်း တို့၏ သား မောင်မျိုးကျော်ဦး ဆယ်တန်းကျရှုံးခြင်းအပေါ် မိဘများမှ ဆူပူအပြစ်တင်ခြင်းမရှိဘဲ ယနေ့နံနက်ပိုင်းတွင် စည်ဆွဲရွာသူ ရွာသားများအား ထမင်းအာဟာရကျွေးမွေးခြင်း ၊ထန်းရည် ၊ ကြက်သားဂွေးတောက်ဟင်း ၊ ပဲကြော်လ္ဘက်သုပ်များဖြင့် စည်စည်ကားကား ကျွေးမွေးဧည့်ခံပြီး သားဖြစ်သူအား နှစ်သိမ့်ပေးခဲ့တယ်လို့ သိရှိရပါတယ်။





မိဘတွေက သားဖြစ်သူကို စကားတစ်ခွန်းနဲ့ပဲအားကေးခဲ့ပါတယ် "ဒီနှစ်ကျရှုံးခြင်းဟာ နောက်နှစ်အောင်မြင်ဖို့အတွက် ကြိုတင်လေ့ကျင့်တယ်လို့ မှတ်လိုက်ပါ သားရယ်"တဲ့..။

သတင်း/ဓါတ်ပုံ - ကိုမျိုး




Some text some message..