မဖြစ်မနေပိုက်ဆံစုသင့်တဲ့အကြောင်းအရင်း (၇)ချက်
popolay.com
|
2019-06-10

မိတ်ဆွေ သင်ရောပိုက်ဆံစုနေပြီလား? ပိုက်ဆံစုတဲ့အကျင့်ကို ဘယ်အချိန်ကတည်းက စလုပ်ခဲ့တာလဲ?အခုအချိန်ထိ တစ်ခါမှစုဆောင်းတာမျိုးမရှိသေးဘူးဆိုရင်တော့ စတင်သင့်ပါပြီ။ ပိုက်ဆံ ဘယ်လိုစစုရမလဲမေးရင်တော့ ပိုက်ဆံစုဖို့ နည်းလမ်းရယ်လို့ မရှိပါဘူး။ စပြီးစုဖြစ်သွားဖို့ပဲလိုတာပါ။ ဒီမှာ ပိုပိုလေးကနေ မိတ်ဆွေတို့အတွက် ပိုက်ဆံစုသင့်တဲ့အကြောင်းအရင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

၁။အရေးပေါ်အခြေအနေအတွက် ပိုက်ဆံစုပါ။



အရေးပေါ်အခြေအနေဆိုတာ ဘယ်လိုမျိုးလဲ? ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝမှာ ရှေ့လျောက်ဘာဖြစ်မလဲဆိုတာ ဘယ်သူမှကြိုမသိနိုင်ပါဘူး။ ရန်သူမျိုးငါးပါး ရန်ကလဲ ရှိသေးတဲ့အတွက် ဒီအရာတွေ ကိုယ့်အပေါ်ကျရောက်လာရင် ကြံ့ကြံ့ခံနိုင်အောင် ငွေကြိုစုထားဖို့လိုပါတယ်။ ရန်သူမျိုးငါးပါးမှ မဟုတ်ပါဘူး မမြင်နိုင်တဲ့ရောဂါဝေဒနာတွေ မိမိကိုယ်မှာ တစ်ချိန်ချိန် မဖြစ်ပေါ်လာဘူးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့် ဒီလိုအရေးပေါ်အခြေအနေတွေအတွက် လဲမဖြစ်မနေပိုက်ဆံစုထားသင့်ပါတယ်။

၂။ မပျော်ရွှင်ရမယ့်အချိန်တွေအတွက်ပိုက်ဆံစုပါ။



လူမှန်ရင် ပျော်တဲ့အချိန်လဲရှိတတ်သလို စိတ်ညစ်တဲ့အချိန်ရှိတတ်တာသဘာဝပါပဲ။ မပျော်တော့တဲ့အချိန်၊အဆင်မပြေတော့တဲ့ စိတ်အခြေအနေမျိုးမှာ မိမိစိတ်ကို ခဏလောက်လွှတ်ပေးလိုက်တာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဥပမာ စိတ်မပျော်ရင် ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းပစ္စယတွေတစ်ပုံတစ်ပင်ကြီး ဝယ်လိုက်တာမျိုး၊ တစ်ယောက်တည်းခရီးထွက်လိုက်တာမျိုး၊ သူငယ်ချင်းတွေစုပြီးအတူလည်ပတ်ပစ်တာမျိုး တွေပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုတာကလဲအနည်းနဲ့အများလက်ထဲမှာ ပိုက်ဆံရှိထားမှ လုပ်လို့ရတာမို့ မပျော်ရွှင်ရမယ့်အချိန်တွေအတွက် ပိုက်ဆံကြိုစုထားဖို့လဲလိုပါတယ်။

၃။ ပညာသင်ဖို့ ပိုက်ဆံစုပါ။



ဘယ်ပညာမျိုးမဆို ပညာရပ်တစ်ခုခုကိုအမြဲလိုချင်နေတဲ့သူ၊ သင်ယူတတ်မြောက်ချင်တဲ့သူဟာ ဘယ်တော့မှအိုမင်းမသွားပဲ စိတ်ရောလူပါအမြဲနုပျိုနေတာမျိုးတွေ့ရမှာပါ။ သင်စိတ်ရော၊ လူပါအမြဲနုပျိုချင်တယ်ဆိုရင်တော့အသစ်အသစ်သော ပညာတွေကိုအမြဲသင်ယူနေသင့်ပါတယ်။ ပညာဆိုသည်မှာလဲအလကားမရတာကြောင့် ပညာသင်နိုင်ဖို့ ပိုက်ဆံစုထားဖို့လိုအပ်ပါတယ်။

၄။အိမ်ဝယ်ဖို့ ပိုက်ဆံစုပါ။



မြန်မာနိုင်ငံရဲ့ ထုံးတမ်းအစဉ်အလာတွေအရ လူတိုင်းမိဘဆွေမျိုးအသိုင်းအဝိုင်းနဲ့ နေထိုင်ကြရတာဖြစ်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်သိပ်မရှိကြတာတွေ့ရမှာပါ။ သင့်ဘဝမှာကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ဖို့အိပ်မက်တွေရှိဖူးတယ်ဆိုရင်တော့အိမ်ဝယ်ဖု့ိမဖြစ်မနေ ပိုက်ဆံစုထားသင့်နေပါပြီ။

၅။ ခရီးထွက်ဖို့ ပိုက်ဆံစုပါ။



စိတ်ပြေလက်ပျောက်ခရီးထွက်ဖို့ ပိုက်ဆံစုပါ။ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ပဲဖြစ်ဖြစ်အပျော်ခရီးလေးထွက်ဖို့ ပိုက်ဆံလေးတွေကြိုစုထားသင့်ပါတယ်။ ချစ်ခင်ရင်းနှီးသူတွေနဲ့ ခရီးထွက်ရတာဟာ ဘယ်လောက်တောင်ပျော်စရာကောင်းတဲ့ စိတ်ခံစားချက်တစ်ခုလဲနော်။ တွေးကြည့်ရုံနဲ့တင်ကြည်နူးစရာကောင်းလှပါတယ်။ ဒီလို ပျော်ရွှင်မှုမျိုးပိုင်ဆိုင်နိုင်ဖို့ ပိုက်ဆံကြိုစုထားဖို့လိုပါတယ်။

၆။ စီးပွားရေးအကြပ်အတည်းအတွက် ပိုက်ဆံစုပါ။



စီးပွားရေးလုပ်တယ်ဆိုတာအမြဲကောင်းနေမယ်လု့ိမပြောနိုင်ပါဘူး။ တက်တဲ့အချိန်ဆိုတာရှိသလို ကျချိန်ဆိုတာလဲ ရှိနိုင်ပါတယ်။ စီးပွားရေးကျဆင်းချိန်အခက်အခဲအကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြံ့ကြံ့ခံနိုင်အောင် ပိုက်ဆံကြိုစုထားဖို့လိုပါတယ်။

၇။ ပင်စင်ယူဖို့ ပိုက်ဆံစုပါ။



သင်ဟာအစိုးရဝန်ထမ်းတစ်ဦးဆိုရင်တော့ပင်စင်လစာရတာမှန်ပေမယ့် ဒါဟာတကယ့်လက်တွေ့ဘဝမှာ စားမလောက်တဲ့ ပိုက်ဆံနှုန်းထားမျှသာဖြစ်ပါတယ်။အစိုးရဝန်ထမ်းမဟုတ်ပဲ သာမန်အပြင်ဝန်ထမ်း၊ လုပ်သားများဆိုရင်တော့ ပင်စင်လစာလဲမရှိတဲ့အတွက် ရှေ့ရေးကြိုတွေးပြီး မဖြစ်မနေပိုက်ဆံစုထားဖို့လိုပါတယ်။ လူမှန်ရင် တစ်ချိန်ချိန်မှာ မဖြစ်မနေအိုရမှာမို့အိုစာ၊မင်းစာ ချန်ပြီး ပိုက်ဆံစုထားသင့်ပါတယ်။

အထက်ပါအချက်တွေထဲကအချက်တွေအကုန်လုံးနဲ့ စပ်လျဉ်းပြီး ပိုက်ဆံမစုနိုင်ဘူးဆိုရင်တောင် တစ်ချက်လောက်ဖြစ်ဖြစ်အကြောင်းတိုက်ဆိုင်လို့ စုမိနေပြီဆိုကတည်းက သင်ဟာအလားအလာကောင်းနေပါပြီ။အခုကစပြီး ပိုက်ဆံစုလိုက်ကြရအောင်။

(ပိုပိုလေး)














Some text some message..