အရာရာကို စိတ်မကြည်လင်ဖြစ်နေရင် ဒီနည်းနဲ့ဖြေဖျောက်ပါ
trend.com.mm
|
2019-06-10




ဘာပဲလုပ်လုပ် စိတ်မကြည်ရင်အဆင်မပြေပါဘူး။ စိတ်အနှောင့်ယှက်ဖြစ်စရာ တစ်ခုခုကြုံပြီးတာ
နဲ့အရာရာကို စိတ်မကြည် ၊ ဘုကလန့်ဆက်ဆံမိနေတတ်ပါတယ်။ စိတ်မကြည်ချိန်ဆို
ပြောမိတဲ့ စကားတွေ ၊ လုပ်နေတဲ့အလုပ်တွေမှာအမှားတွေပါနိုင်ပါတယ်။







ဒီတော့ မကြည်လင်တဲ့ စိတ်အခြေအနေကို ဘယ်လိုဖြေဖျောက်ကြမလဲ…


ပထမဆုံး ပြောချင်တာကတော့ စိတ်ကိုအားဖြစ်စေမယ့် စာအုပ်လေးတွေ ဖတ်ပါ။
ပြီးရင် ဦးနှောက်ကိုအာဟာရဖြစ်စေမယ့် စာပေတွေလည်း ဖတ်ပါ။ တစ်နေ့ကို စာအုပ်
နာရီဝက်လောက်ပဲ ဖတ်(စိတ်ထဲ စွဲနေဖို့တော့လို) ။ စိတ်လေးထားတတ်သွားပါလိမ့်မယ်။
ဘယ်လောက်ပဲအလုပ်ရှုပ်ပါစေ…တစ်နေ့ကို စာဖတ်ဖို့ နာရီဝက်လောက်တော့အချိန်ပေးပါ။


စာများများဖတ်လေ လူတွေအပေါ်ထားတဲ့စိတ်ပြောင်းလဲသွားပါလိမ့်မယ်။ ပြဿနာတစ်ခုဖြစ်လာ
တဲ့အခါအများကြီးလိုက်ပြီး မခံစားတတ်တော့ပါဘူး။ ကိုယ်က လိုက်ပြီး မခံစားတတ်ဖို့လိုပါတယ်။
ပြီးသွားတဲ့ ပြဿနာက လွန်ခဲ့တဲ့ ၂နာရီက။အဲ့ဒါကို သင့်မှာ ခုထိပြောလို့မပြီး ၊ ခံစားမပြီးသေးတာ
သိပ်မဟုတ်သေးဘူး။ ကိုယ့်စိတ်ကိုအတတ်နိုင်ဆုံးရှင်းနေအောင်ထားပါ။








နောက်ထပ်နည်းတစ်ခုကအလုပ်တစ်ခုအာရုံစိုက်ပါ။ ကိုယ်စိတ်ဝင်စားတဲ့အလုပ်တစ်ခုပေါ်
အာရုံစိုက်ထားလိုက်မယ်ဆို မကြည်လင်ဖြစ်နေတဲ့ စိတ်တွေ နည်းနည်းတော့ပြေပျောက်သွားမယ်
ထင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ ရုပ်ရှင် ၊ သီချင်းတွေ နားထောင်လိုက်တာမျိုးပေါ။့
စိတ်အာရုံကို နည်းအမျိုးမျိုးနဲ့ လွဲှထားလို့ရပါတယ်။


အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားနိုင်ပါစေ။အိမ်မှာဖြစ်တဲ့ ပြဿနာ ရုံးသယ်မလာမိဖို့ လိုသလို
ရုံးကပြဿနာကို ရုံးမှာပဲဖြေရှင်းသင့်တယ်။ မဆိုင်တဲ့လူတွေအပေါ်သွားပြီး သွားရမ်း
နေတာမျိုးက သင့်ကို စမတ်မဖြစ်စေပါဘူး။ ဒါကြောင့် ကိုယ်ကစိတ်မကြည်ဘူးဆိုရင်
မြန်မြန်စိတ်ရှင်းအောင်လုပ်ပါ။ ဒါဆိုအခုပြောပြသွားတဲ့ နည်းလမ်းလေးတွေနဲ့
ရှုပ်ထွေးနေတဲ့ စိတ်တွေကို ဖြေဖျောက်လိုက်တော့နော်…




Some text some message..