လိုက်နာစရာမလိုအပ်တဲ့အွန်လိုင်းပေါ်မှာ လူတွေပြောနေကျ စကားစု (၅) ခုအကြောင်း
shwemom.com
|
2019-06-11

စိတ်ခွန်အားတက်စေဖို့အတွက် motivational speech တွေ၊ စာစုတွေနဲ့ဆောင်ပါး၊ စာအုပ်တွေဖတ်တာဟာ သိပ်ကိုကောင်းတဲ့အလေ့အထတစ်ခုပါ။ ဒါပေမဲ့ စာထဲမှာမဟုတ်ဘဲ ကျွန်တော်တို့အနေနဲ့ လက်တွေ့ဘဝနဲ့ နည်းနည်းလေးယှဉ်ကြည့်လိုက်ကြပါစို့လား။ ဒီတစ်ခေါက်မျှဝေပေးသွားချင်တာကတော့ လူမှုကွန်ယက်တွေပေါ်မှာ ခေတ်စားနေပြီး ကျွန်တော်တို့ဖတ်ဖူးသမျှ စိတ်ခွန်အားတက်ကြွစေမယ့် စကားစုတွေတိုင်း တသွေမသိမ်းလိုက်နာဖို့ ဘာကြောင့်မလိုအပ်ဘူးဆိုတာကို လက်တွေ့ဘဝနဲ့နှိုင်းယှဉ်ပြီး ရှင်းပြပေးသွားမှာပါ။


(၃)အကောင်းဖက်ကအမြဲတမ်းတွေးပါ။

Positive thinking ဆိုတဲ့အကောင်းမြင်စိတ်ဟာအခြေအနေတော်တေ်ာများများမှာ ကောင်းကောင်းကူညီပေးပေမယ့်လို့ ကျွန်တော်တို့အလုပ်လုပ်တဲ့အခါအမြဲတမ်းချည်းအကောင်းဖက်ကပဲ စဉ်းစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရှုထောင့်ပေါင်းစုံကနေ ကြိုတင်စဉ်းစားပြင်ရမှာဖြစ်ပြီး တချို့အချိန်တွေမှာဆိုရင်အဆိုးဆုံးဖက်က တမင်စဉ်းစားရမယ့်အချိန်တွေတောင် ရှိနေပါတယ်။ ကျွန်တော်ပြောတာကို လုပ်ငန်းခွင်နဲ့နီးစပ်သူတွေ တော်တော်များများ သဘောပေါက်ကြပါလိမ့်မယ်။


file404/Shutterstock


(၁) သင့်ရဲ့ comfort zone ထဲကနေ ထွက်ကြည့်လိုက်ပါ။

ဒီစကားဟာ ထိုုက်သင့်သလောက်တော့ မှန်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်ချက်လောက်တွေးကြည့်ကြပါစို့။ ကျွန်တော်တို့တွေ နေရာတစ်ခုမှာ မျှော်မှန်းထားသလောက်အောင်မြင်ဖို့ဆိုရင် ကြိုးစားကြရမှာပါ။ ဒီလိုကြိုးစားဖို့အတွက် ကျွန်တော်တို့စိတ်ဟာအဆင်သင့်ဖြစ်ပြီး ငါဒါကိုပေါ့ပေါ့ပါးပါးနဲ့လုပ်နိုင်တယ်လို့ ထင်နိုင်မယ့် ယုံကြည်ချက်တစ်ခုကို မသိစိတ်ထဲကနေ လိုအပ်လျက်ရှိပါတယ်။ ပြောချင်တာက သင်တို့ comfort zone ထဲကနေ တစ်ဆင့်ထပ်တိုးပြီးအပြင်ကို မထွက်မီအရင်ဆုံးရင်ဆိုင်ဖို့အဆင်သင့်ဖြစ်အောင် comfort zone ထဲမှာ ပြင်ဆင်ပါ။ ပြီးကာမှ ထွက်တိုက်ပါလို့အကြံပေးချင်ပါတယ်။


Marie Maerz/Shutterstock


(၂) လုပ်သမျှကို စိတ်ပါဝင်စားစွာ ၁၀၀%အပြည့် ခွန်အားစိုက်ထုတ်ပါ။

ဒါဟာလည်း လုံးဝဥသုာန်ကြီးမှားတယ်လို့တော့ မဆိုလိုချင်ပါဘူး။ သင့်အလုပ်ထဲမှာတောင် ပုံမှန်အလုပ်သိပ်မရှုပ်ဘဲအေးအေးဆေးဆေးလေး ဖြတ်သန်းရတဲ့အချိန်မျိုးနဲ့ တစ်နေ့လုံးအိမ်သာဝင်ဖို့တောင် မအားဘဲအရေးကြီးတဲ့ မီတင်တွေ၊ ပရောဂျက်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့အချိန်မျိုးတွေ ရှိတတ်ပါတယ်။ လူဆိုတာ နေ့ရက်တိုင်းမှာ တက်တက်ကြွကြွနဲ့အလုပ်ကိုစိတ်ပါဝင်စားစွာ လုပ်တဲ့လူဆိုတာ လုံးဝမရှိတာ လက်ခံတယ်မဟုတ်လား၊ စက်ရုပ်တွေမှမဟုတ်တာနော်။ ဒါကြောင့် ပထမလိုအလုပ်သိပ်မရှိတဲ့ ရက်မျိုးမှာအေးအေးလူလူနားနားနေနေနေနဲ့အလုပ်ချိန်တွေကို ကုန်ဆုံးနိုင်ပြီး ဒုတိယလိုရက်မျိုးတွေဆိုရင်တော့ ခွန်အားကို ၁၀၀% မပြောနဲ့ လိုအပ်ရင် ၂၀၀%အထိပါ စိုက်ထုတ်ပြီး လုပ်တတ်ကြတာ လူ့သဘာဝမဟုတ်ပါလား။ လုပ်သမျှကို စိတ်ပါဝင်စားစွာ ၁၀၀% ခွန်အားစိုက်ထုတ်စရာမလိုဘဲ တကယ်လိုအပ်ပြီဆိုရင်တော့ ၁၀၀% မကလို့အဆပေါင်း ၁၀၀၀အထိဆိုရင်လည်း တက်တက်ကြွကြွလုပ်ဆောင်ဖို့ ဝန်မလေးပါစေနဲ့။


Sergey Nivens/Shutterstock

 


(၄) Always be yourself.

ဖုံးကွယ်စရာမလိုဘဲ ကိုယ့်ပုံစံအတိုင်းနေပါဆိုတာကိုတော့ ကျွန်တော့်အနေနဲ့လုံးဝလက်ခံလို့မရပါဘူူး။အလုပ်လုပ်ပြီး လူတွေနဲ့ဆက်ဆံရတဲ့အခါ ကိုယ့်စိတ်အခြေအနေပေါ်မူတည်ပြီးအပြင်မှာ စိတ်ဆိုးလာသည့်တိုင်အောင် လုပ်ငန်းခွင်ထဲရောက်သွားတာနဲ့ ဟန်ဆောင်ပြုံးရတာမျိုးတွေရှိတတ်သလို၊ ကိုယ့်ရဲ့အပြင်လောကမှာ လူငယ်ပီပီဆဲဆိုတဲ့စကားလုံးတွေ၊ ခေတ်စကားလုံးတွေသုံးနှုန်းတတ်တဲ့အကျင့်ရှိနေရင်တောင်မှ လုပ်ငန်းခွင်ကလူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါအဲဒီအကျင့်တွေကိုဖျောက်ပြီး ကောင်းသောဟန်ဆောင်ခြင်းနဲ့ ဟန်ဆောင်ရမှာပါပဲ။ နောက်ပြီး ကိုယ့်ပုံစံအတိုင်းပြောဆိုဆက်ဆံလိုက်လို့ တစ်ကိုယ်ကောင်းဆန်သွားတာတွေ၊ ရိုင်းပြသွားမိတတ်တာတွေ ရှိတတ်ပါတာနော်။


HBRH/Shutterstock


(၅) ထင်သမျှကိုတွန့်ဆုတ်ခြင်းမရှိဘဲရဲရဲပြောပါ။

လုံးဝချည်း မလိုက်နာရမယ့်အချက်တစ်ခုမဟုတ်ပေမယ့် သင်မပြောခင်မှာ စကားလုံးတိုင်းကို သေသေချာချာစဉ်းစားဖို့တော့လိုအပ်ပါလိမ့်မယ်။ သူများအတွက် ဘယ်လောက်ကောင်းစေချင်တဲ့စိတ်နဲ့ပဲပြောပြော သည်းခံပါ၊ တခြားလူအပေါ် လေးစားမှုရှိပေးပါ၊ လူူ့စီးဘီလူးစီးထားတတ်ပါစေ။


fizkes/Shutterstock


Penny




Some text some message..