ပိုက်ဆံချေးတိုင်း သတိမမေ့ဖို့ ….
trend.com.mm
|
2019-06-11




ခုတလော ပိုက်ဆံကိစ္စနဲ့ပတ်သတ်ပြီး မျက်နှာပူ ၊ စိတ်ဝမ်းကွဲ ၊အနှောင့်ယှက်ဖြစ်ရတဲ့ကိစ္စတွေ
တော်တော်များများမှာ တွေ့လာရတယ်။ ပိုက်ဆံတစ်ခုတည်းကြည့်ပြီး ဆွေမျိုးရင်းချာတွေနဲ့
ပြဿနာတက် စကားများလို့ တသက်လုံး သေတဲ့အထိ မျက်နှာချင်းမဆိုင်ကြတဲ့အထိပါပဲ။








ပိုက်ဆံချေးပြီဆိုတာနဲ့ ကိုယ်က ကြည်ဖြူလို့ချေးတာလေ ဟုတ်တယ်ဟုတ်..။ ပြန်ဆပ်ရမယ့်
ရက်ရင်လည်းအလိုက်တသိပြန်ပေးရမှာပေါ့။ တဖက်လူဆီကအကြွေးပြန်တောင်းတာခံနေရတယ်
ဆိုတည်းက မဟုတ်တော့ဘူး။ ကိုယ်က ချေးတဲ့သူဖြစ်တဲ့အတွက်အလိုက်တသိပြန်ပေးရပါမယ်။
ဘယ်တော့မှ ဟိုကတောင်းတာကို မခံပါနဲ့။


ပေးရမယ့်ရက်ကျော်နေလို့ ပြန်တောင်းရင် စိတ်ဆိုးတဲ့လေသံနဲ့ ” ပေးမှာပေါ့.. ဘာဖြစ်နေတာလဲ”
လို့ ပြန်ခွန်းတုံ့ပြန်တာတွေလည်း မြင်ဖူးတယ်။ ကိုယ်လိုနေတဲ့အချိန် ပိုက်ဆံချေးပေးတဲ့သူကို
ပိုတောင် ကျေးဇူးတင်သင့်ပါတယ်။ သူကူညီပေးလို့အခက်ခဲတွေ ပြေလည်သွားတာပါ။
ဒါကို ပိုက်ဆံပြန်တောင်းတဲ့အခါ မငြိုငြင်ပါနဲ့။အကောင်းဆုံးကတော့ တဖက်ကမတောင်းခင်
ကိုယ့်ဘက်က ပြန်ပေးနိုင်အောင်လုပ်ပါ။








တစ်ချို့တွေကျတော့လည်း ပိုက်ဆံချေးတာတော့ မဟုတ်ဘူး။ တစ်နေရာသွားရင်
ပိုက်ဆံထုတ်လို့အဆင်မပြေဘူး။ ခဏစိုက်ထားပေး… ပြီးရင်ပြန်ပေးမယ်ပြောပြီး မသိချင်ယောင်
ဆောင်နေတာလေးတွေလည်း ရှိပါတယ်။ ခဏစိုက်ထားပေးတွေက များများလာရင် မကောင်းဘူး
လေနော်။အမြဲတမ်း သူများဆီက ဘယ်တော့မှအလကားမရနိုင်ဘူးဆိုတာ မှတ်ထားပါ။


ပြီးတော့ ပိုက်ဆံယူထားပြီးရင် မမေ့ပါနဲ့။ ချေးပြီး ပြီးရောဆိုပြီးအနေထိုင်မပေါ့ပျက်ပါနဲ့။
ဘာလို့လဲဆိုတော့ ပိုက်ဆံကြောင့် သင်နာမည်ပျက်ပါလိမ့်မယ်။ နောက်တစ်ခါ သင်အကူညီလိုရင်
ချေးလို့ရချင်မှ ရပါလိမ့်မယ်။ ပိုက်ဆံချေးပြီးရင် တောင်းရတာအရမ်းလက်ခက်တာပဲလို့ လူတွေ
ပြောလာရင် သင်လည်း သိက္ခာကျပါတယ်။ ဒါကြောင့် ကိုယ်ကလိုလို့ ချေးပြီဆိုရင်
သတ်မှတ်ရက်မှာ တိတိကျကျပေးပြီး ကျေးဇူးတင်စကားက မဖြစ်မနေပြောပေးရမယ်။


အလိုက်သိတဲ့လူကိုဆို လူတိုင်းက ချစ်ကြတယ် ၊ ပေးကမ်းမျှဝေချင်ကြပါတယ်။ ဒါကြောင့်
အားလုံးပဲအလိုက်တသိပြန်ဆပ်နိုင်ကြပါစေ…




Some text some message..