လစဉ်သုံးပစ္စည်းကြောင့် ပိုးဝင်ပြီး ဒုက္ခကြုံခဲ့ရတဲ့ မော်ဒယ်မလေးတစ်ယောက်အကြောင်း
shwemom.com
|
2019-06-11

အမျိုးသမီးတွေဟာ လစဉ်ဓမ္မတာပြဿနာကို ရင်ဆိုင်ကြုံတွေ့နေရတတ်ပါတယ်။ ကျန်းမရေးအရရော လူမှုနေထိုင်မှုပုံစံတစ်ခုအနေနဲ့ရော ဓမ္မတာလာစဉ်မှာ pad, tampon, menstrual cup တို့လို လေစဉ်သုံးပစ္စည်းပေါင်းများစွာကိုအခြေအနေပေါင်းစုံမှာ လွယ်ကူအဆင်ပြေစေဖို့အတွက် ရွေးချယ်စရာအများကြီးရှိလို့နေပါပြီ။အရင်တုန်းကတော့ နိုင်ငံတော်တော်များများမှာ ကပ်ခွာနဲ့အတွင်းခံမှာ ကပ်ရတဲ့ pad တွေကိုသာ တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ပိုမိုလွယ်ကူပြီး ပေါ့ပါးတဲ့ ဂွမ်းတံပုံစံလေးနဲ့ tampon တွေကို ပြောင်းကာ သုံးလာခဲ့ကြပါတယ်။


အမျိုးသမီးတိုင်းလိုလိုအသုံးပြုနေကြတဲ့ tampon ဟာ pad တွေထက်ပိုပြီး လေဝေင်လေထွက်ကောင်းပြီး ပေါ့ပါးတယ်ဆိုတာ မှန်ပေမယ့်လည်းအယောက် ၁၀၀ မှာ ၁ ယောက်တောင် မဖြစ်နိုင်တဲ့ကံဆိုးမှုကိုတော့ ဒီမော်ဒယ်အမျိုးသမီးခံစားခဲ့ရပါတယ်။ သူမနာမည်ကတော့ Lauren Wasser ဖြစ်ပြီး သူမရဲ့ကိုယ်တွေ့ဇာတ်လမ်းတစ်ပုဒ်ကိုအမျိုးသမီးတို့အတွက် ကျန်းမာရေးဗဟုသုတရစေဖို့ Fabiosa က မျှဝေထားတာလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။







 






View this post on Instagram




 




A post shared by Lauren Wasser (@theimpossiblemuse) on




၂၀၁၂ ခုနှစ်တုန်းက Lauren ဟာအသက် ၃၁ နှစ်အရွယ် ဖျတ်ဖျတ်လတ်လတ် ထက်ထက်မြက်မြက်နဲ့ မော်ဒယ်အဖြစ်လုပ်ကိုင်ကာအသက်မွေးဝမ်းကျောင်းပြုနေခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့အမြဲတမ်းလိုလိုအလုပ်တွေလုပ်နေရတဲ့သူဖြစ်တာကြောင့် ဓမ္မတာလာစဉ်တိုင်း ပူလောင်ပြီး သက်တောင့်သက်သာမရှိတဲ့ ခံစားချက်မျိုး ခံစားရစေတဲ့ padအစား tampon ကိုသာအပျေိုဖော်ဝင်ခါစကတည်းကအသုံးပြုလာခဲ့သူတစ်ယောက်ပါ။ တစ်သက်လုံးလိုလို သုံးလာခဲ့လို့လည်း ဘာမှ ဆိုးဆိုးရွားရွားဖြစ်မယ်လို့ ကြိုတင်တွေးမထားခဲ့မိပါဘူး။

အဲဒီနှစ်က Lauren ဟာ ထုံးစံအတိုင်း လစဉ်ပြဿနာကို tampon နဲ့ ဖြေရှင်းခဲ့အပြီး မမျှော်လင့်ဘဲနဲ့အဖျားဝင်ခဲ့ပါတယ်။ ဖျားပြီး ကိုယ်လက်တွေမအီမသာဖြစ်လာတဲ့အတွက် ရိုးရိုးတုတ်ကွေးဝင်တယ်ဘဲ ထင်ပြီး နီးစပ်ရာဆေးခန်းမှာ တုတ်ကွေးနဲ့ပတ်သက်တဲ့ဆေးကိုအလွယ်တကူ ဝယ်သောက်ခဲ့ပေမယ့် နောက်တစ်နေ့မှာ ပိုဆိုးရွားလာတဲ့အတွက် ဆေးရုံချက်ချင်းတင်လိုက်ခဲ့ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။







 






View this post on Instagram




 




A post shared by Lauren Wasser (@theimpossiblemuse) on




ဆရာဝန်တွေကတော့ Lauren ဟာ TSS (Toxic Shock Syndorme) လို့ခေါ်တဲ့အဆိပ်သင့်ဝေဒနာကို ခံစားနေရတာဖြစ်ပြီး TSS ဟာ များသောအားဖြင့်အမျိုးသမီးတွေမှာဆို tampon ကြောင့်ဖြစ်တတ်ကြတယ်လို့ ဆေးပညာတွေမှာ ဖော်ပြထားခဲ့တာပါ။ Tampon ကို သတ်မှတ်ချိန်ထက်အရမ်းကိုအချိန်အကြာကြီးအသစ်မလဲဘဲ ဒီအတိုင်း ထားတာမျိုးတို့၊ tamponအသုံးပြုစဉ် သန့်သန့်ရှင်းရှင်းမဟုတ်တဲ့အတွက် ပိုးဝင်ပြီးအဲဒီဘတ်တီးရီးယားတွေကနေတစ်ဆင့် TSS ဖြစ်သွားတတ်ပါတယ်။

TSS ရဲ့ လက္ခဏာတွေကတော့ ဖျားခြင်း၊အသားမှာအနီကွက်တွေထခြင်း၊အရေခွံတွေကွာခြင်း၊ သွေးဖိအားနည်းခြင်းတို့ဖြစ်တတ်ပြီး တစ်နှစ်မှာအယောက် ၁ သိန်းမှာမှ ၃ ယောက်သာ ကမ္ဘာမှာ ဖြစ်ပွားတတ်တာပါ။ သို့ပေမယ့်လည်း ဖြစ်ပွားတဲ့ ဘတ်တီးရီးယားအမျိုးအစားအလိုက် staphylococcal ဆိုရင်တော့ သေဆုံးနိုင်ချေဟာ ၅၀%အထိ ရှိနေပြီး staphylococcal ဆိုရင်တော့ ၅% သာ ရှိပါတယ်။ TSS ရဲ့လက္ခဏာတွေလို့ စိတ်ထဲမှာ ထင်မိတာနဲ့ နီးစပ်ရာဆေးခန်းမဟုတ်ဘဲ တကယ်သိကျွမ်းတဲ့ သားဖွားမီးယက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့အမြန်ဆုံးသွားရောက်တိုင်ပင်ဆွေးနွေးသင့်ပြီး ကုသမှုကို ချက်ချင်းခံယူဖို့သိပ်ကိုအရေးကြီးပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း tamponအသုံးပြုတဲ့အမျိုးသမီးငယ်တွေမှာအဖြစ်များပေမယ့်လို့အသက်အရွယ်မရွေး၊ ကျား မ မရွေးမှာလည်းအခန့်မသင့်ရင် ရှားရှားပါးပါးဖြစ်ပွားတတ်တဲ့အမျိုးအစားတစ်ခုပါ။ TSS ကို ဖြစ်ပွားစေတဲ့အြခေခံဘတ်တီးရီးယားတွေဟာ ကျွန်တော်တို့လိုပုံမှန်လူတွေရဲ့ နှာခေါင်းနဲ့အာခေါင်ဆက်နေတဲ့နေရာတို့၊ ပါးစပ်ထဲနဲ့အရေပြားတွေမှာ ရှိနေတတ်ပြီး သာမန်အချိန်မျိုးတွေမှာတော့ လူကိုဒုက္ခမပေးတတ်ပါဘူး။ ဒါပေမဲ့လည်း ကိုယ်ခန္ဓာအတွင်းပိုင်းကို ရောက်သွားတာ နက်သထက်နက်လာတဲ့အချိန်မှာတော့ ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တစ်မျိုးကို ထုတ်လွှင့်လိုက်တာကြောင့် TSS ဖြစ်လာတတ်တာပါ။







 






View this post on Instagram




 




A post shared by Lauren Wasser (@theimpossiblemuse) on




TSS ဟာ တစ်ခါဖြစ်ပြီးရင်အရှင်းပျောက်တဲ့ရောဂါမျိုးမဟုတ်ပါဘူး။ Lauren တစ်ယောက်ကတော့အသက်ဘေးကနေ သီသီလေးလွတ်သွားခဲ့ပေမယ့်လို့ သူမရဲ့ခန္ဓာကိုယ်အောက်ပိုင်းကတော့ ပိုးဝင်သွားပြီး တစ်ရှူးတွေသေသွားတဲ့အတွက်ကြောင့်အသက်အန္တရာယ်အရေးကို ရှေးရှုကာ ၂၀၁၈ ခုနှစ်လောက်တုန်းက ဖြတ်တောက်ပစ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း Lauren ဟာ လဲကျရင်ပြန်ထအရှုံးမပေးဘူးဆိုတဲ့ စိတ်ဓာတ်ကြောင့်အရင်တုန်းက Lauren Wasser ထက်တောင် ပိုပြီး ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက် ဖြစ်လို့နေခဲ့ပါပြီ။

အခုအချိန်မှာတော့ သူမဟာ ကမ္ဘာပေါ်မှာရှိတဲ့အမျိုးသမီးထုကြီးကို TSS ကြောင်း သတိပေးတဲ့အဖွဲ့အစည်းတွေနဲ့ tampon ကို စနစ်တကျအသုံးပြုဖို့ နည်းပေးလမ်းပြအဖွဲ့တွေမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားနေပြီး ယခုနှစ် ၂၀၁၉ နိုဝင်ဘာလမှာ ကျင်းပမယ့် နယူးယောက်မာရသွန်မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဦးမယ်လို့ သိရပါတယ်။ သူမရဲ့ Instagram မှာဆိုရင်လည်း နေ့စဉ်လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေနဲ့အလှဓာတ်ပုံတွေကို စိတ်ဓာတ်မြှင့်တင်ရေးစာလေးတွေနဲ့ကတွ မျှဝေလေ့ရှိနေပါတယ်။







 






View this post on Instagram




 




A post shared by Lauren Wasser (@theimpossiblemuse) on




 

ဒါဟာ ုtampon ကိုအသုံးမပြုဖို့အတွက် တိုက်တွန်းတာမဟုတ်ပါဘူး။ မိန်းကလေးတိုင်းအတွက် tampon ဟာအသုံးပြုဖို့ သင့်လျော်တာကြောင့် စုတ်အားကောင်းပြီး စိတ်ချရတဲ့ tamponအမျိုးအစားကိုသာ ရွေးချယ်ပြီး သတ်မှတ်အချိန်ထက် ပိုကြာကြာထားခြင်းတို့ကို ရှောင်ကျဉ်ကာ မကြာခဏလဲလှယ်ပေးသင့်တယ်ဆိုတာလေးပဲ သတိထားလုပ်ပေးရင် ရပါပြီနော်။


Penny




Some text some message..