ကလေးတွေကို ကလိထိုးခြင်းကနေ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ
trend.com.mm
|
2019-06-11




ကလေးတွေကို ကလိထိုးခြင်းက ထင်ထားတာထက်တောင် ပိုဆိုးစေပါတယ်။ ကိုယ်က
ကလေးလေးတွေကို ပျော်စေချင်လို့ ကလိထိုးပေမယ့် သူတို့ဟာ တကယ်ပျော်လို့မဟုတ်ပဲ
ယားလို့ ရယ်ရုံသက်သက်ဆိုတာလည်း မှတ်ထားစေချင်ပါတယ်။







ကလေးတွေကိုချစ်ရင်အခြားနည်းနဲ့ ကျီစယ်နိုင်ပါတယ်။ ကလိထိုးမယ်ဆိုရင် ဒါလေးတွေကို သေချာဖတ်ထားနော်…


ကလိထိုးခံရတာ တစ်ခါတစ်လေဆို ဘာမှမဖြစ်ပေမယ့် ဆက်တိုက်ဖြစ်လာတဲ့အခါ
ကလေးတွေက ဒီကလိထိုးတာကြီးကို မုန်းနေပေမယ့်အရယ်ပျက်မှာမဟုတ်ပါဘူး။
၁၉၉၇ခုနှစ်တုန်းက ကယ်လီဖိုးနီးယားတက္ကသိုလ်မှ လေ့လာချက်အရ ကလိထိုးတာဟာ
ကလေးတွေကို တကယ်ပျော်ရွှင်တဲ့ စိတ်ခံစားချက်မပေးဆောင်နိုင်ပါဘူးတဲ့။


ကလိထိုးခံရတာများတဲ့ ကလေးဟာ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းကင်းမဲ့နေတတ်ပါတယ်။
သူတို့လေးတွေဟာ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားချင်ကြတာပါ။ ဒီအတွက် သူတို့မှာ
လှပတဲ့ ပျော်ရွှင်စရာကောင်းတဲ့အမှတ်တရတွေသာရှိစေလိုပါတယ်။အနိုင်ကျင့်ခံရသလို
ကလိထိုးခံခြင်းကိုတော့ သူတို့မနှစ်ခြိုက်ပါဘူး။








အရွယ်ရောက်လာတဲ့လူတွေဟာအဆက်မပြတ် ကလိထိုးခံရတဲ့အခါအနိုင်ကျင့်နှိပ်စပ်တယ်လို့
ခံစားရပါတယ်တဲ့။အခြားလူ လှုပ်မရအောင် ကလိထိုးရယ်ပြောင်နေတဲ့အပြုမူဟာလည်း
သူတစ်ပါးအပေါ်အနိုင်ကျင့်နေတာနဲ့တူတယ်လို့ ဆိုပါတယ်။


ကလေးတွေက သင့်ကို ရပ်ပါတော့လို့ မပြောတတ်သေးပါဘူး။အရမ်းအရယ်လွန်တဲ့အခါ
ကလေးတွေအတွက် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ပျော်စေချင်ရင်
ကလိထိုးမယ့်အစားအခြားနည်းနဲ့ ပျော်စရာလေးတွေ ဖန်တီးပေးလို့ရပါတယ်။




Some text some message..