ပြီးခဲ့တဲ့ ဇွန်လ (၈)ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရလဒ်များကို ကြေညာခဲ့ပါတယ်။အောင်မြင်သူများကိုလည်း ဂုဏ်ပြုချင်သလို ကျရှုံးသွားသူတွေကိုလည်း ဒါဟာ ဘဝအဆုံးမဟုတ်ဘူးလို့ ပြောပါရစေ။ ဆက်ပြီးတော့ Shwemom ကနေ တက္ကသိုလ်စတက်တော့မယ့် ဆယ်ကျော်သက်တို့အတွက် သိထားသင့်တဲ့အကြံပေးချက်လေးများကို ပြောပြချင်ပါတယ်..။
(၁) လုပ်နိုင်ပြီဆိုတာနဲ့ လုပ်သင့်တာ မဟုတ်ပါဘူး –အမြဲတမ်းကြားဖူးမှာပါ။ ဆယ်တန်းအောင်တာနဲ့ လွတ်လွတ်လပ်လပ် နေလို့ရပြီဆိုတဲ့ စကားမျိုး။ ဒါပေမယ့် လွတ်လပ်တယ်ဆိုတဲ့ နေရာမှာ ကိုယ့်ကိုယ်ကိုရော တစ်ပါးသူကိုရော မထိခိုက်စေဘဲ မိဘကိုလည်း စိတ်မပူစေဘဲ ကိုယ့်အတွက်အကျိုးရှိတဲ့ ပျော်စရာကောင်းတဲ့ activity မျိုးတွေ၊အဖြူအစိမ်းဘဝတုန်းက ကလေးဖြစ်နေခဲ့လို့ ကန့်သတ်ချက်ရှိတဲ့အချို့အရာတွေ (ဥပမာ – သူငယ်ချင်းတွေနဲ့ ခရီးထွက်တာ၊ တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ activity တွေ လုပ်တာမျိုးတွေ) ကို လွတ်လပ်ပျော်ရွှင်စွာ လုပ်လိုက်ပါ။
တက္ကသိုလ်ရောက်တာနဲ့ ရည်းစားရရမယ်ဆိုတဲ့အတွေးမှားတွေ၊ ဆေးလိပ်တွေ၊အယ်ကိုဟောတွေ မိဘကွယ်ရာဖြစ်လို့ စိတ်ကြိုက်သုံးစွဲတာမျိုးတွေက လွတ်လွတ်လပ်လပ် နေတယ်ဆိုတဲ့ စကားအဖြစ်အဓိပ္ပာယ်ဖွင့်လို့ မသင့်တော်ဘူးလို့ ပြောချင်ပါတယ်။
https://www.freepik.com/freepik
(၂) ကုန်ကျစရိတ် – ကလေးတို့ တက္ကသိုလ် တက်ရဖို့အတွက် ကလေးတို့အိမ်ကနေအဘက်ဘက်ကနေ ထောက်ပံ့ပေးကြရပါတယ်။အဖြူအစိမ်းဘဝ မဟုတ်တော့တဲ့အတွက် ဝတ်ချင်စားချင်တဲ့ ဆယ်ကျော်သက်တို့အတွက် မိဘတို့မှာအဝတ်အထည်တွေ ဝယ်ဆင်ပေးရတယ်၊ မုန့်ဖိုးတွေ၊ သွားလာစရိတ်တွေ ပေးရတယ်၊ ကျောင်းလခ၊ ကျူရှင်လခတွေ ပေးရတယ်။ ဒီကုန်ကျစရိတ်တွေ၊ ပြီးတော့ ကျူရှင်မလိုတဲ့ တက္ကသိုလ်တွေဆိုလည်း ကျောင်းလခ မြင့်ပြီးသားပါ၊ ကျောင်းလခ မမြင့်ဘဲ ကျူရှင်ယူရမယ်ဆိုလည်း ကျူရှင်ခက ဘာသာအလိုက်ပါ။ ဒါတွေကို နားလည်ထားရင်အတန်းလစ်ချင်တိုင်း လစ်တော့မယ်ဆိုတဲ့ စိတ်လေးတွေ နည်းပါးသွားမှာပါ။
(၃) လူအသစ်တွေနဲ့ မိတ်ဖွဲ့ပါ – တော်တော်များများကတော့ ကိုယ့်အထက်တန်းကျောင်းသူငယ်ချင်းနဲ့ မကွဲချင်ကြပါဘူး။ ဒါပေမယ့် ဒါဟာ ဆယ်တန်းအောင်သူတိုင်းအတွက် ပြည့်ဖို့ ခက်ခဲတဲ့ ဆုပါ။အကယ်လို့ ကံကောင်းပြီး ကိုယ့်သူငယ်ချင်းနဲ့ပဲ တက္ကသိုလ်တူတူတက်ရဖို့ ဖြစ်လာလည်းအခြားသူငယ်ချင်းအသစ်တွေနဲ့ မိတ်ဖွဲ့ဖို့ မလစ်ဟင်းပါစေနဲ့။ ဒါပေမယ့် ပထမနှစ်မှာ တွဲမိတဲ့ သူငယ်ချင်းနဲ့အဆင်မပြေလို့လည်း စိတ်မညစ်ပါနဲ့။ များသောအားဖြင့် uni က bff တွေကို ဒုတိယနှစ်မှာ စတွေ့တတ်ကြလို့ပါ။
(၄) activity တွေနဲ့ ကျောင်းစာ မျှတပါစေ – တချို့ကျောင်းပျော်လေးတွေကတော့ တက္ကသိုလ်မှာ ကျောင်းစာအပြင် လူမှုရေး၊အားကစားစသဖြင့် ကျောင်း activity လေးတွေကိုအတော်ကိုမှ ပျော်ပိုက်သွားတတ်ကြပါတယ်။ ဒီအတွက် စိတ်ထဲ ထည့်ထားစေချင်တာက သင့်ဘဝဦးတည်ချက်ကို တစ်ဖက်တစ်လမ်းကနေအထောက်အကူဖြစ်စေမယ့် ဘွဲ့ရဖို့ လိုမယ့် ကျောင်းစာပိုင်းကို မလစ်ဟင်းသွားဖို့ သတိပြုစေချင်တာ ဖြစ်ပါတယ်။
https://www.freepik.com/freepik
(၅) ကျောင်းရွေးချယ်မှု – တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် သေချာစဉ်းစားရမှာက ဘယ်တက္ကသိုလ်ကို ရွေးရမလဲဆိုတာပါ။ ကိုယ့်အရည်အချင်း၊ ဝါသနာနဲ့ ကိုက်တဲ့ လိုင်းကို သေချာစဉ်းစားရွေးချယ်ဖို့လိုပါတယ်။ ကျောင်းတော့ ဖြစ်သလို ရွေးလိုက်မယ် နောက်မှ ဝါသနာအတွက် သက်သက်ထပ်တက်မယ်ဆိုပြီးတော့ ပြောလို့ရပေမယ့် ဆယ်ကျော်သက်တွေရဲ့ သင်ယူနိုင်မှု စွမ်းရည်မြင့်တဲ့ ငယ်ရွယ်ချိန်မှာ ကိုယ်ရွေးချယ်တဲ့လမ်းက ဝါသနာနဲ့ ကိုက်နေပြီးသားဆိုရင် ဘဝမှာအချိန်ထပ်ကုန်စရာမလိုတော့ဘဲ သက်ဆိုင်ရာ ပညာရပ်ကို ပိုကျွမ်းကျင်လာဖို့ ထပ်ဆည်းပူးဖို့သာ လိုမှာပါ။ ဒါကြောင့် ကျောင်းကသင်တာ တခြား ဝါသနာပါတာ တခြားဖြစ်ပြီးအချိန်တွေ ထပ်မကုန်စေဖို့အုပ်ထိန်းသူနဲ့ သေချာတိုင်ပင်ပြီး ကျောင်းရွေးစေချင်ပါတယ်။
Shwemom