၂၀၁၉ ရဲ့ လက်ကျန်လတွေအတွက် သင့်ရဲ့ ကံကြမ္မာအနေအထား (ရာသီခွင်အလိုက်)
shwemom.com
|
2019-06-11

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဟာ တစ်ချို့အတွက် ပျော်ရွှင်ဖွယ်ကောင်းခဲ့မယ်၊ တစ်ချို့အတွက်တော့ ကြမ်းတမ်းခဲ့မယ်။အခု ၂၀၁၉ ခုနှစ်ဟာ နှစ်တစ်ဝက်ကျိုးနေပြီ ဖြစ်တယ်။အရာကိစ္စတော်တော်များကိုလည်း သင့်အနေနဲ့ ကျော်ဖြတ်လာရပြီးပြီလို့ ယူဆမိပါတယ်။အခု ကျန်နေသေးတဲ့ လတွေမှာ ရာသီခွင်တွေအလိုက် ဘာတွေ တွေ့ကြုံရဖို့ရှိနေသလဲ ကြည့်ကြည့်ကြရအောင်။

Aries (March 20 – April 20)

Jackie Niam/Shutterstock

လွှတ်ချခဲ့ရတာတွေရှိရင်အဲ့ဒါတွေနဲ့ ပတ်သက်ပြီး မခံစားပါနဲ့။ ပြန်ကြည့်ပြီး သင် ဘယ်လောက် ကျော်ဖြတ်ခဲ့ရလည်း ချီးမြှောက်ခံစားပါ။ ဒီကာလမှာအလုပ်သင့်ဆုံးအလုပ်ဖြစ်တယ်။

ဇူလိုင် – စက်တင်ဘာ

အရာကိစ္စတွေ ပြောင်းလဲမယ်၊ သင်ကိုယ်တိုင်လည်း ခံနိုင်ရှိရှိဖြစ်နေမယ်၊ ဘယ်လောက်ပဲအချစ်ရေးတွေကို စိတ်မဝင်စားတော့ဘူးပြောနေ ပြောနေ၊ ထိုက်တန်တဲ့ သူတစ်ယောက်က ရောက်လာပြီး သင့်ဆီမှာအခစားဝင်လိမ့်မယ်။

အောက်တိုဘာ – ဒီဇင်ဘာ

အချစ်စစ်ဆိုတာ ဘာလဲ နားလည်သဘောပေါက်လာလိမ့်မယ်။ နောက်ဆုံး နှစ်ကုန်ပိုင်းလတွေမှာ ကိုယ့်ကိုကိုယ်အရမ်းပျော်နေတာကို ခံစားရလိမ့်မယ်။

Taurus (April 20 – May 21)

Jackie Niam/Shutterstock

ခံစားမှုတွေ ဗလာကျင်းနေတယ်၊ ဒါပေမယ့်အဆင်ပြေနေပါတယ်။ နည်းနည်းလေးအနေအထိုင်ပျက်တယ် ဒါပေမယ့် ဒါဟာ တစ်စုံတစ်ရာ ပြောင်းလဲဖို့ လိုအပ်နေကြောင်း ဖော်ပြနေတယ်လို့ ယူဆနိုင်ပါတယ်။

ဇူလိုင် – စက်တင်ဘာ

သင့်အနေနဲ့ ပြောင်းလဲဖို့ လုပ်ရမယ်၊ သင်အနေနဲ့ လူတွေကို ဆုံးရှုံးရမှာ ကြောက်တယ်၊ ဒါပေမယ့်လည်း ကိစ္စမရှိဘူး။ သင့်နဲ့ သင့်တော်တဲ့ သူကတော့ သင့်နဲ့ ရှိနေမှာပဲ။

အောက်တိုဘာ – ဒီဇင်ဘာ

နှစ်ကုန်ပိုင်းမှာတော့ ထုံးစံအတိုင်း နေဖို့လုပ်လာမယ်၊ တစ်စုံတစ်ရာ လုပ်ငန်းအသစ်ကို ဆောင်ရွက်ဖို့ ပြင်ဆင်ရဖို့ှရှိတယ် ။

Gemini (May 21 – June 21)

Jackie Niam/Shutterstock

လက်ရှိမှာ တစ်ချို့သော လှည့်ဖြားတတ်တဲ့ လူတွေနဲ့ ပတ်သက်ပြီး သတိကြီးကြီးထားနေသင့်တယ်။

ဇူလိုင် – စက်တင်ဘာ

ဒီအခိုက်အတန့်ကတော့ သင့်အတွက်ချည်းပဲဖြစ်တယ်။ သင် ဘယ်လောက်တောင် ပြောင်းလဲခဲ့လည်း ကြည့်ရမယ့် ကာလဖြစ်တယ်။ ရပ်တန့်မနေဘဲ… ရှေ့ဆက်သွားပါ၊ မြှင့်တင်ပါ..အောင်မြင်မှုတွေများစွာ ရဖို့ကျန်နေသေးတယ်။

အောက်တိုဘာ – ဒီဇင်ဘာ

သင်ဘယ်လောက်အဟုန်နဲ့ လှမ်းလာခဲ့ရသလဲ သဘောပေါက် ဆင်ခြင်ရမယ့် ကာလဖြစ်တယ်။ တစ်စုံတစ်ယောက်ကို ချန်ထားခဲ့ရမယ်။အဲ့ဒီလူကို ချစ်တယ်၊ ဂရုစိုက်တယ်၊ ဒါပေမယ့်လည်း လွဲချော်ရမယ်။ ပြီးရင် နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ ရှိနေမယ်။

Cancer (June 21 – July 23)

Jackie Niam/Shutterstock

သင့်ရဲ့အသက်မွေးလုပ်ငန်းမှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေရှိမယ်။

ဇူလိုင် – စက်တင်ဘာ

သင့်ရဲ့ ပတ်သက်ဆက်နွှယ်မှုဟာ လက်ရှိမှာတော့အခြေအနေကောင်းတယ်လို့ ထင်ရပါတယ်။

အောက်တိုဘာ – ဒီဇင်ဘာ

သင် ထိန်းချုပ်လို့မရတဲ့ တစ်စုံတစ်ရာက ရောက်လာဖို့ရှိတယ်၊ တော်တော်လေး လှုပ်ခတ်မှုရှိတယ်၊ စိတ်မပူပါနဲ့ သင့်ကို တန်ဖိုးထားတဲသူက သင့်နဲ့အတူရှိနေမှာဖြစ်ပြီးအရာအားလုံးအဆင်ပြေသွားပါလိမ့်မယ်။

Leo (July 23 – August 23)

Jackie Niam/Shutterstock

လက်ရှိအချိန်မှာတော့ ကံကောင်းမှုဟာ တစ်ချို့သော ပြောင်းလဲမှုတွေနဲ့အတူ ကပ်ပါလာမယ်။ တစ်စုံတစ်ခုကို သင့်ရဲ့ ဦးစားပေးနေရာမှာ ဝင်ရောက်လာမယ်၊အဲ့ဒါကပဲ နှစ်ကုန်ပိုင်းတွေကို ပုံဖော်ပေးမှာဖြစ်တယ်။

ဇူလိုင် – စက်တင်ဘာ

ရည်းစားဟောင်း ပြန်ပေါ်လာဖို့ရှိတယ်၊ ၎င်းတို့နဲ့ ရှေ့ဆက်မလား သူတို့လိုပဲ ချန်ထားခဲ့မလား ကိုယ့်ဟာကိုယ်ပဲ ရွေးချယ်ရမယ်။ စာတိုလေးတစ်ခု၊ စကားလေးတစ်ခွန်မှာ သင် သူတို့အပေါ် ဂရုစိုက်နေတုန်းပဲဆိုတာကို သဘောပေါက် နားလည်လာဖို့ရှိတယ်။

အောက်တိုဘာ – ဒီဇင်ဘာ

ခက်ခဲတဲ့ နှစ်တစ်နှစ်ကို ကျော်ဖြတ်ရသလို ရှိနေမယ်။အဲ့ဒီ့အကြောင်းနဲ့ ပတ်သက်ပြီး တစိမ့်စိမ့် ချင့်ချိန်မိမယ်။ စဉ်းစားနေတာတွေကို ရပ်လိုက်ပါ။အနားယူပါ… ခရီးထွက်မယ်ဆို တော်တော်လေး ကောင်းမွန်ပါတယ်။

Virgo (August 23 – September 23)

Jackie Niam/Shutterstock

သင့်အတွက် ထူးခြားတဲ့ တစ်စုံတစ်ယောက်နဲ့ ဆုံတွေ့ရဖို့ရှိတယ်၊ ဒါပေမယ့် သင့်ကြောင့်ပဲအဝေးရောက်သွားလိမ့်မယ်။ ဒါပေမယ့်အဲ့ဒီလူကလည်း လွယ်လွယ်နဲပအလျှော့ပေးမှာတော့ မဟုတ်ဘူး။

ဇူလိုင် – စက်တင်ဘာ

သင်က relationship ထဲမှာ မရှိချင်တော့ဘူး။ ဒါပေမယ့်လည်းအဲ့ဒီ့အတွက်ပဲ ပြိုလဲနေရတယ်။အဝေးမှာနေချင်ပေမယ့် သင့်လိုအပ်ချက်ကို သိတဲ့သူက လက်မလျှော့တာတွေကို တွေ့ကြုံရမယ်။

အောက်တိုဘာ – ဒီဇင်ဘာ

နောက်ဆုံးလတွေမှာတော့ သင်တစ်ခါ ပြန်လည်း ချစ်ပွဲဝင်မယ်။ ဒါကို သင်ကတော့ စတင်ပြောမှာမဟုတ်ဘူး။ လူသိရှင်ကြားဖြစ်လာမယ်၊ ခရစ်စမတ်ကာလမှာအတူတကွ ပျော်ရွှင်စွာဖြတ်သန်းရမယ်။ နောက်ထပ် နာကျင်စရာတွေ မရှိနေတော့ဘူး။

Libra (September 23 – October 23)

Jackie Niam/Shutterstock

အသစ်လူ တစ်စုံတစ်ယောက်နဲ့ ဆုံတွေ့ရဖို့ရှိနေတယ်။ ပျော်ရွှင်မှုတွေကို ခံစားရယ်။အတိတ်တွေရဲ့ ချုပ်နှောင်မှုတွေဆီကနေ ရုန်းထွက်ပါ။

ဇူလိုင် – စက်တင်ဘာ

အဓိကအောင်မြင်မှုကို စူးစိုက်ထားပြီး ပြင်ဆင်နေရတုန်းရှိနေမယ့် ကာလဖြစ်တယ်။ နောက်တစ်လှမ်းပြန်ဆုတ်ပါ၊ သင် ကျော်ဖြတ်လာခဲ့တဲ့ ပြောင်းလဲမှုအသေးအဖွဲလေးတွေကအစ ခံစားပါ။ ယင်းတို့ဟာလည်း ထူးခြားပြီးအသိအမှတ်ပြုရမယ့်အရာတွေဖြစ်တယ်။

အောက်တိုဘာ – ဒီဇင်ဘာ

Relationshipအသစ်က တကယ်ကို လေးလေးနက်နက် ဖြစ်လာမယ်။ ခရစ်စမတ်ကာလမှ စပရိုက်တွေခံစားရမယ်။ သင်ရဲ့ ဒဏ်ရာတွေကို ကုစားခြင်းရှိမယ်။ တစ်ကိုယ်တည်းအကြာကြီးအဖော်မဲ့မနေပါဘူး။

Scorpio (October 23 – November 22)

Jackie Niam/Shutterstock

သင် နေချင်တဲ့နေရာကို သင်ရောက်မယ်။ လုံး၀ ကျေနပ်ဖွယ်အတိဖြစ်နေမယ့်အနေအထားပါ။ သင် ပင်ပန်းခဲ့ရတယ်။ သင့်အနေနဲ့ ကောင်းကောင်းအနားယူရဖို့ရှိတယ်။ ဒါပေမယ့် တခြားသောအခက်အခဲလည်း ရှိနေတယ်။ ဘာမှ မဖြစ်ဘူး ဆက်သွားပါ။

ဇူလိုင် – စက်တင်ဘာ

ချစ်ခြင်း မေတ္တာတွေ သင့်ဆီကို ရောက်လာမယ်။ သင့်ရဲ့ ခံစားမှုတွေလည်း တစ်ဖန်အသက်ဝင်လာမယ်။အဲ့ဒီ့နောက်အချစ်တွေဆီကနေ ရှောင်ဖယ်ချင်ပြန်လာမယ်။

အောက်တိုဘာ – ဒီဇင်ဘာ

ဘဝဟာ သင် စိတ်ကူးထားတဲ့အတိုင်ပဲ ဖြစ်လာခဲ့တယ်… ဒါပေမယ့် နောက်ဆုံးဟာ စမ်းသပ်မှုတွေ ဖြစ်လာခဲ့မယ်။ သင့်အနေနဲ့ ထိန်းချုပ်လို့မရတဲ့ တစ်စုံတစ်ရာက ဝင်ရောက်လာဖို့ရှိတယ်။ မတားဆီးပါနဲ့.. ယုံကြည်မှုရှိရှိနဲ့ လက်ခံလိုက်ပါ…အရာအားလုံးဟာအဆင်ပြေဖို့ပါပဲ။

Sagittarius (November 22 – December 22)

Jackie Niam/Shutterstock

Relationship မှာ လမ်းဆုံးတစ်ခုကို ရောက်ရှိနေတယ်။ ဘယ်ကို ဆက်သွားမလဲ…အဖြေဆိုတာအတွက် ကိုယ့်နှလုံးသားကို ကိုယ်မေးပါ…။

ဇူလိုင် – စက်တင်ဘာ

သင့်အနေနဲ့ ခရီးတွေ ဘာတွေ ထွက်သင့်တဲ့ ကာလတစ်ခုဖြစ်တယ်။ သင့်အနေနဲ့ တုန်လှုပ်ခြင်းတဲ့အရာကို လုပ်ဆောင်ဖို့လည်း မဝံ့မရဲဖြစ်မနေပါနဲ့။ ၂၀၁၉ က သင့်ကို ပညာတွေ တစ်ပုံကြီး ပေးမယ့် နှစ်ဖြစ်တယ်။

အောက်တိုဘာ – ဒီဇင်ဘာ

ဒီနှစ်ရဲ့အကျိုးကျေးဇူးတွေကို နှစ်ကုန်ပိုင်းမှာမှ ခံစားရမယ်။ သင် ဘယ်တော့မှ ရောက်ဖြစ်မယ် မထင်တဲ့နေရာတွေကိုလည်း ရောက်ရှိမယ်။ သင့်နဲ့ ထိုက်သင့်တဲ့ နေရာတစ်ခုမှာ ပျော်ရွှင်မှုတွေကို တစ်ဝကြီးခံစားရဖို့ရှိတယ်။

Capricorn (December 22 – January 20)

Jackie Niam/Shutterstock

လက်ရှိမှာတော့ တစ်စုံတစ်ယောက်က ဘဝထဲကို ဝင်ရောက်လာဖို့ရှိနေတယ်။ သူငယ်ချင်းသစ်၊အချစ်သစ်၊ မိသားစုဝင်သစ် စသဖြင့် ဖြစ်နိုင်တယ်။ သင့်အနေနဲ့လည်း တန်ဖိုးထားပြီး ဦးစားပေးခြင်းရှိမယ့် သူမျိူးဖြစ်တယ်။

ဇူလိုင် – စက်တင်ဘာ

သင့်အနေနဲ့ စွန့်စားရမယ့် ခရီးတစ်ခုကို ထွက်လိုတယ်၊ သွားပါ.. မကြောက်ပါနဲ့။ စွန့်စားမှုကနေအကျိူးအမြတ်တစ်ချို့ ရရှိလာတာကို တွေ့ကြုံခံစားရမယ်။

အောက်တိုဘာ – ဒီဇင်ဘာ

တကယ်ကို ထူးခြားကောင်းမွန်တဲ့ နှစ်ကုန်အဆုံးသတ်ကာလဖြစ်တယ်။ ကျေနပ်မှုတွေ တဝကြီးခံစားရပြီး နှစ်ကို ကုန်ဆုံးရမှာဖြစ်တယ်။

Aquarius (January 20 – February 18)

Jackie Niam/Shutterstock

Relationshipအတည်တစ်ခုအတွက် ဆုံးဖြတ်ချက်တွေချရမယ့် ကာလဖြစ်တယ်။ ဘာလုပ်ရမလဲ တစ်စိမ့်စိမ့်တွေးနေရတယ်။

ဇူလိုင် – စက်တင်ဘာ

အတိတ်တွေကို ခေါက်ထားပါ။ သင့်မနေနဲ့အနာဂတ်မှာ ဘယ်သူနဲ့ လေးလေးနက်နက် ရှိနေနိုင်မလဲ မြင်ယောင်ကြည့်ပါ။ သင့်ကို ဒီလောက်အနေအထားထိရောက်အောင်အကူအညီပေးလာခဲ့တဲ့ သူတွေကိုလည်း မမေ့ပါနဲ့၊အတိတ်တွေကို ပြန်မလိုချင်တဲ့တိုင် ၎င်းတို့ကို သင့်အနေနဲ့ လိုအပ်ပါတယ်။

အောက်တိုဘာ – ဒီဇင်ဘာ

ဒီလပိုင်းတွေမှာတော့ နည်းနည်း စိတ်ခံစားမှုတွေ ယိမ်းထိုးနေမယ်။ ခံစားချက်တွေနဲ့ ပိတ်လှောင်နေပြီး ခုခံနိုင်စွမ်းမရှိသလိုဖြစ်နေမယ်။ ဒါဟာ စမ်းသပ်မှုတစ်ခုပါပဲ… သင် ကျော်ဖြတ်နိုင်မှာပါ။

Pisces (February 18 – March 20)

Jackie Niam/Shutterstock

အခု ဇွန်လထဲမှာ ရှေ့ဆက်ရမယ့် ကိစ္စတွေအတွက်အစီအစဉ်တွေဆွဲရမယ်။ မဖြစ်မှာ၊ မရမှာကို ကြောက်နေတာမျိုးကအမြဲဖြစ်နေတတ်တယ်။ ဒီလိုအကြောက်တရားကို မောင်းထုတ်နိုင်အောင် ကြိုးစားပြီး ပန်းတိုင်တွေဆီ လျှောက်လှမ်းရပါမယ်။

ဇူလိုင် – စက်တင်ဘာ

သင်အနေနဲ့အကြောက်တရားတွေကို လွန်မြောက်လာပြီး ပြောင်းလဲမှုတွေကို ပြုလုပ်နိုင်မယ်။အလုပ်၊အသက်မွေးလုပ်ငန်း (သို့) relationshipအသစ်တစ်ခု စတဲ့ ကဏ္ဍတွေမှာအပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်တယ်။အဲ့ဒါကို သင်အောင်မြင်မယ်။ သင် လိုချင်တာကို သင်ရနေမယ့်အချိန်ကာလဖြစ်တယ်။

အောက်တိုဘာ – ဒီဇင်ဘာ

နှစ်ကုန်ပိုင်းမှာတော့ သင်ဟာအသားတကျရှိနေပြီးအောင်မြင်မှုတွေကို ပွေ့ပိုက်ခံစားရဖို့ရှိနေတယ်။

Matthew (ShweMOM)
 




Some text some message..