ဓမ္မတာ
လာတဲ့အချိန်ရောက်ပြီဆို ကိုယ့်ထဘီ၊ စကပ်၊ ဘောင်းဘီမှာ ပေများနေမလားဆိုတဲ့ စိုးရိမ်စိတ်တွေ မိန်းကလေးတိုင်းမှာ ကြီးစိုးနေတတ်ပါတယ်။ ဒီအချိန်တွေမှာဆို ကိုယ်နဲ့ သင့်တော်တဲ့
လစဉ်သုံး ပစ္စည်
းကို ရွေးသုံးဖြစ်ဖို့ဆိုတာ သိပ်ကိုအရေးကြီးတဲ့အရာတစ်ခုပါ။ ဒါကြောင့် ဒီနေ့မှာ ပျိုမေတို့အသုံးအများဆုံးဖြစ်တဲ့
Tampon
( တမ်ပွန်) နဲ့
Pad
( တစ်ခါသုံး လစဉ်သုံးပစ္စည်း)အကြောင်းပြောပြပေးချင်ပါတယ်။ သူတို့ နှစ်ခုမှာ ဘယ်ဟာက ပိုကောင်းလဲ ။ ။
Pads ( တစ်ခါသုံး လစဉ်သုံးပစ္စည်း)
သူကတော့ မြန်မာ မိန်းကလေးတွေ လုံးဝကို မစိမ်းတဲ့အရာတစ်ခုပါ။အတောင်ပံ ပါတာနုဲ့၊ မပါတာဆိုပြီး ၂ မျိုးရှိပါတယ်။ သူ့မှာကပ်ခွာပါတာကြောင့် ဘောင်းဘီမှာ ကပ်လိုက်ရုံပါပဲ။အထဲမှာလည်း ပိုးသတ်သန့်စင်ပြီးသား ဂွမ်းတွေလည်းပါတာကြောင့် စုပ်ယူအားကောင်းပြီး သင့်ကို လုံခြုံစိတ်ချမှု ရရှိစေမှာပါ။
Tampon ( တမ်ပွန်)
ဒါကတော့အနောက်နိုင်ငံက မိန်းကလေးတွေအသုံးအများဆုံးဖြစ်တဲ့ လစဉ်သုံးပစ္စည်းတစ်မျိုးပါ။ ဂွမ်းလိပ်ရှည်ရှည်လေး တစ်ခုဖြစ်ပြီးအရွယ်အစားမျိုးစုံရှိကာ စုပ်ယူအားလည်း ကောင်းတဲ့ လစဉ်သုံးပစ္စည်းတစ်မျိုးပါ။ ရာသီလာချိန်ဆို ဂွမ်းလိပ်လေးကို မိန်းမကိုယ်ထဲ ထည့်ထားလိုက်ရုံပါပဲ။ သက်တောင့်သက်သာ ရှိတဲ့အပြင် ရာသီလာနေတယ်ဆိုတာကို သတိထားမိမှာတောင် မဟုတ်လောက်အောင် သူက သိုသိပ်ပါတယ်။ ကဲ Pads နဲ့ tamponအကြောင်းတော့ သိသွားပြီဆိုတော့ သူတို့ နှစ်ခုမှာ ဘယ်ဟာက ပိုကောင်းလဲ။
Tampons
အားသာချက်
အရွယ်အစားက သေးတာကြောင့် သုံးရ စွန့်ပစ်ရလွယ်ကူပြီး ကိုယ့်အင်္ကျီအိတ်ထဲထည့်ထားရင်တောင် ဘယ်သူမှ မသိလောက်အောင် သိုသိပ်ပါတယ်။
မိန်းမကိုယ်
အတွင်းထဲကို ထည့်ထားတာကြောင့် မိန်းမကိုယ်အပြင်ဘက်ကို သွေးတွေ စီးလာခြင်းမျိုး မရှိတဲ့အတွက် စိုစွတ်ခြင်းကနေလည်း ကင်းဝေးစေပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းမှာ သိုသိုသိပ်သိပ်ရှိနေတာကြောင့် သင်ဘောင်းဘီအဖြူရောင်ဝတ်ထားလည်း
လစဉ်သုံးပစ္စည်းသုံ
းထားကြောင်း ပေါ်နေတဲ့အရာလည်း မရှိသလို သွေးတွေ လျှံကျမှာကိုလည်း စိုးရိမ်စရာ မလိုပါဘူး။ ရာသီလာနေချိန်ဆို မိန်းကလေးအများစုက ရေကူးဖို့ တွန့်နေတတ်ကြပါတယ်။ ကန်ထဲမှာ သွေးတွေ ပျံ့ကုန်ရင်အရှက်ကွဲမှာလေ။ ဒီအတွက် စိတ်မပူပါနဲ့။
Tampon
ရှိပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းမှာတည်းက ရာသီသွေးတွေကို သူကစုပ်ယူလိုက်တာကြောင့် သင်ဘယ်လောက်ရေကူးကူး သွေးတွေ စိမ့်ထွက်လာမှာအတွက် စိုးရိမ်စရာ မရှိတော့ပါဘူး။ မိန်းမကိုယ်အတွင်းမှာ သေချာ စနစ်တကျရှိနေတဲ့ tampon ကြောင် သင်
ရာသီ
လာနေတယ်ဆိုတာကိုတောင် သင်မေ့နေမှာပါ။ သူ့ကို ပြန်ထုတ်ချင်ရင်လည်း သူ့မှာပါတဲ့ ချည်ကြိုးလေးကို ဆွဲထုတ်လိုက်ရုံပါပဲ။
အားနည်းချက်
ထည့်ထားတယ်မှန်း မသိလောက်အောင် သူကသိုသိပ်တာကြောင့် ပြန်ထုတ်ဖို့ မေ့နေပြီး မိန်းမကိုယ်ထဲ ရောဂါပိုးဝင်နိုင်ချေများပါတယ်။ Toxic shock syndrome ဆိုတဲ့
မိန်းမကိုယ်ပိုးဝ
င်ခြင်းဟာ tampon သုံးပြီး ပြန်ထုတ်ဖို့မေ့နေတဲ့သူတွေ အကြောက်ရဆုံးအရာတစ်ခုပါ။ စုပ်ယူမှုအားကောင်းတဲ့ tampon သုံးလေလေ Toxic shock syndrome ဖြစ်နိုင်ချေ ပိုများလေလေပါပဲ။
ရွေးချယ်စရာအရွယ်အစားတွေ မျိုးစုံရှိတာကြောင့် ကိုယ်နဲ့ သင့်တော်တာကို ရွေးချယ်မိဖို့ကအစပိုင်းမှာ ခက်ခဲနေတတ်ပါတယ်။
မိန်းမကိုယ်ထဲကို ဂွမ်းလိပ်တောင့်ကြီး ထိုးသွင်းဖို့ဆိုတာအကျင့်မရှိတဲ့သူတွေအတွက် တကယ်ကို ကသိကအောက် ဖြစ်စရာတစ်ခုပါ။
Pads
အားသာချက်
သင်ဟာ မိန်းမကိုယ်ထဲမှာ tampon ထည့်ထားတာကို မေတတ်တဲ့သူတစ်ယောက်ဆိုရင်Pads ကိုုသုံးဖို့အကြံပြုချင်ပါတယ်။ ကပ်ခွာလေးလည်းပါတာကြောင့် ဘောင်းဘီမှာ ကပ်လိုက်ရုံပါပဲ။
ဘောင်းဘီမှာကပ်ထားတာကြော့င့် ပုံစံမှန်နေရာကျနေရင် သင့်အတွင်းခံ ဘောင်းဘီစွန်းပေခြင်းတွေ ကင်းဝေးစေပါတယ်။
Tampon လိုမျိုး မိန်းမကိုယ်အတွင်းပိုင်းမှာ ထည့်တဲ့ပစ္စည်းကို သုံးကျင့်မရှိတဲ့သူတွေ၊အတွင်းပိုင်းထဲ မထည့်ချင်တဲ့သူတွေအတွက် pads ကသာအကောင်းဆုံးဖြစ်မှာပါ။အပြင်ပိုင်းအတွင်းခံမှာ ကပ်ထားလိုက်ရုံပဲလေ။
အတွင်းခံ ဘောင်းဘီမှာ ကပ်ထားတာဖြစ်တဲ့အတွက်ကြောင့် pads ကို လဲပေးဖို့ သင်မေ့နေမှာ မဟုတ်ပါဘူး။
ရာသီလာ
စဉ် ညဘက်အိပ်တဲ့အချိန်သုံးဖိုအတွက် sleeping pads တွေကသာအသင့်တော်ဆုံးပါ။ tampon လိုမျိုးမိန်းမကိုယ်ထဲ ညအိပ်ချိန်အကြာကြီးထည့်ထားစရာ မလိုလို့ မိန်းမကိုယ်ပိုးဝင်ခြင်းကနေလည်း ကင်းဝေးစေမှာပါ။
သူ့ကိုပြန်ပြီး စွန့်ပစ်ဖို့ကလည်းအင်မတန်မှ လွယ်ကူတဲ့အရာပါ။ ဘောင်းဘီမှာကပ်ထားတာလေးကို ခွာလိုက်ရုံပါပဲ။။ အားနည်းချက်
Pads တွေဟာ tampon ထက်စာရင်အရွယ်အစားကြီးတာကြောင့် ခိုးကြောင်ခိုးဝှက်အိမ်သာထဲ ယူသွားဖို့ သိပ်မလွယ်ကူလှပါဘူး။
Toxic shock syndrome ရလောက်အောင် မပြင်းထန်ပေမယ့် ၆နာရီတစ်ခါ မလဲပေးလို့ရှိရင် မိန်းမကိုယ်ပိုုးဝင်တာကိုလည်း ဖြစ်စေတတ်ပါသေးတယ်။
အကြီးအသေးဆိုပြီး ခွဲမထုတ်ထားဘဲတစ်မျိုးတည်း ထုတ်ထားတဲ့အတွက် ရွေးချယ်ဖို့ ခေါင်းစားစရာ မလိုပေမယ့် နေရာတစ်ချက်လွဲသွားရင် ရာသီသွေးတွေ စွန်းပေတတ်ပါတယ်။
ပြောင်ထဘီတို့၊ ဘောင်းဘီအဖြူတို့ ဝတ်ထားတဲ့အခါမျိုးဆိုရင် pad သုံးထားတဲ့အရာတွေ ပေါ်နေတတ်လို့ သင့်ကို လုံခြုံမှုရှိစေမှာ မဟုတ်ပါဘူး။ ကဲ ဒီလိုတွေ ယှဉ်ပြီးသွားတဲ့ သကာလ ဘယ်ဟာက ပိုကောင်းလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက်အချိန်ရောက်လာပါပြီ။ tampon နဲ့ Pad ဘယ်ဟာက ပိုကောင်းသလဲ။ တကယ်တော့ သူတို့ နှစ်ခုလုံးမှာ ကောင်းတဲ့အချက်တွေရော၊ ဆိုးတဲ့အချက်တွေ ရော ကိုယ်စီရှိကြတဲ့အတွက် ဘယ်ဟာက ပိုကောင်းလဲ ပြောဖို့ခက်ပါတယ်။ Tampon သုံးရတာအဆင်ပြေတဲ့သူလည်း ရှိသလို Pad သုံးရာတာအဆင်ပြေတဲ့သူလည်း ရှိတာကြောင့် ကောင်းတယ် မကောင်းဘူးဆိုတာ သုံတဲ့သူရဲက့အမြင်ပေါ်မှာပဲ မူတည်တာပါ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။