စိတ်တိုဒေါသထွက်ခြင်းနဲ့ဝခြင်းကတိုက်ရိုက်နီးပါးအချိုးကြနေတယ်ဆိုတာသိပြီးပြီလား? သင်ဟာအလကားနေရင်းစိတ်တိုဒေါသထွက်တတ်တဲ့သူဆိုရင်အခု ကစပြီးတော့ပဲဖြစ်ဖြစ် ဒေါသကိုထိန်းချုပ်နိုင်အောင်ကြိုးစားပါ။ ဒေါသထွက်တယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာအတွက်လည်းထိခိုက်သလိုကိုယ့်bodyအတွက်လည်းအတော်ကိုအကျိုးယုတ်စေပါတယ်။ ဘာကြောင့် စိတ်တိုဒေါသထွက်တာနဲ့ဝလာစေတာလဲ?…ဒါကယုံတမ်းစကားတစ်ခုလား..တကယ့်ကျန်းမာရေးရှုထောင့်နဲ့ကြည့်ရင်မှန်ရဲ့လားဆိုတာ…
(၁) Adrenalineဓာတ်တွေများစတင်ထွက်ပေါ်လာခြင်း
စိတ်တိုနေတဲ့အချိန်မှာ Adrenaline ဓာတ်တွေဟာခန္ဓာကိုယ်မှာအရမ်းထွက်လာပါတယ်။ ဒီဓာတ်ကြောင့် စိတ်တိုနေတဲ့သင်ဟာအစားစားဖို့ကို စိတ်မဝင်စားပဲ ဒေါသဆီ၊ Stress ဆီမှာပဲ စိတ်ကရောက်နေတတ်ပါတယ်။ ဒါကြောင့်လည်း တကယ်စားသင့်တဲ့အချိန်မှာ ဗိုက်မဆာပဲ ဒေါသဇောကပ်နေပြီး ဆာလောင်မှုကိုမေ့နေတတ်ပါတယ်။ ဒါကိုကောင်းတယ်လို့မထင်ပါနဲ့…ဒါကခဏတာ မဆာခြင်းပါ။ ဒီလိုဒေါသတွေဖြစ်ပြီးလို့ ရပ်တန့်သွားတဲ့အချိန်မှာတော့ သင့်ရဲ့ဆာလောင်စိတ်ဟာပုံမှန်ထက်ကိုပိုလာပါတယ်။ ပြင်းထန်တဲ့ဆာလောင်မှုကြောင့် စားလိုက်တဲ့အစာတွေဟာသင့်အတွက် ကောင်းမွန်တဲ့ စားသောက်ခြင်း
မဖြစ်နိုင်သလိုအစာခြေဖျက်ဖို့လည်းမလွယ်ကူပါဘူး။ ဒါကြောင့် Stress ပိပိ စိတ်ညစ်ညစ် စိတ်တိုတိုနဲ့အစာစားမိတဲ့အခါသင့်ကိုယ်
အလေးချိန်ကိုပိုပြီးလျင်မြန်စွာတက်လာစေနိုင်ပါတယ်။
(၂) Anxiety ကနေ Stress ဖြစ်ပွားစေသောကြောင့်
လိုတာထက်ပိုတဲ့ ဟော်မုန်းCortisol ဓာတ်တွေထွက်လာပြီး သွေးတိုးခြင်း၊နှလုံးခုန်မြန်ခြင်းနဲ့ ၊လျင်မြန်စွာဝိတ်တက်ခြင်းတို့ကိုဖြစ်လာစေနိုင်ပါတယ်။Cortisol တွေက သွေးထဲကိုသကြားအဖြစ်ပြောင်းလဲသွားတဲ့အခါမှာအဝလွန်ခြင်းနဲ့အစာခြေဖျက်မှုအားနည်းခြင်းတွေကိုဖြစ်ပေါ်စေတာကြောင့်ပိုဝလာနိုင်ပါတယ်။ ဒါကြောင့်ဒီလို စိတ်တိုဒေါသဖြင်လာတဲ့အချိန်မှာအစားတစ်ခုခုစားတော့မယ်လို့စဉ်းစားလိုက်ရင်အရင်ဆုံး မကောင်းတဲ့အတွေးတွေ၊အဆိုးမြင်ဝါဒတွေကို လျော့ချလိုက်ပြီးစိတ်ကို တည်ငြိမ်အောင်ဦးဆုံးကြိုးစားသင့်ပါတယ်။
(၃) Stress ဖြစ်ပေါ်ခြင်းနဲ့ဒေါသကြီးမားခြင်းက သင့်ရဲ့အစားစားချင်စိတ်ကို ထိန်းချုပ်ဖို့ခက်ခဲ
ဒေါသဖြင်လာပြီစိတ်တိုလာပြီဆိုရင် လူတိုင်းစိတ်ရောလူပါပင်ပန်းလာတတ်ကြပါတယ်။ ဒီလိုပင်ပန်းလာတဲ့အခါအိပ်ချင်စိတ်တွေ
အနားယူချင်စိတ်တွေဖြစ်လာမယ်။ ဒီလိုမှအနားမယူလိုက်ရရင်အစားဘက်ကို မြှားဦးလှည့်သွားတတ်ပါတယ်။ လိုအပ်နေတဲ့ Energy ကိုအစားသောက်ကနေယူမယ်သလိုဖြစ်သွားပြီး ဒီလိုအချိန်မှာအစားသောက်ကိုပိုပြီးတောင်းတလာနိုင်ပါတယ်။ ဒီထက်ဆိုးတာက စိတ်တိုနေတဲ့သူတစ်ယောက်ကစိတ်တိုနေတဲ့အချိန်မှာ ချိုတဲ့အစားစာ၊အီတဲ့အစားစာ
တွေကိုပိုပြီးတောင်းတတတ်ကြတာမျိုးပါ။ ဒါကြောင့် လည်းဒီလိုအစားစာတွေကို စိတ်တိုနေချိန်စားမိရင်းနဲ့ဝိတ်ကိုတက်လာစေတာ
ဖြစ်ပါတယ်။ ဒါကြောင့်အစားသောက်အစားပင်ပန်းနေတဲ့ကိုယ့်ရဲ့စိတ်အတွက်အိပ်စက်ခြင်း(သို့)အနားယူခြင်းတစ်မျိုးနဲ့ဦးစွာဖြေသိမ့်
တတ်ဖို့လိုပါတယ်။
Unicode
စိတ်တိုဒေါသထွက်ခြင်းနဲ့ဝခြင်းကတိုက်ရိုက်နီးပါးအချိုးကြနေတယ်ဆိုတာသိပြီးပြီလား? သင်ဟာအလကားနေရင်းစိတ်တိုဒေါသထွက်တတ်တဲ့သူဆိုရင် အခု ကစပြီးတော့ပဲဖြစ်ဖြစ် ဒေါသကိုထိန်းချုပ်နိုင်အောင်ကြိုးစားပါ။ ဒေါသထွက်တယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာအတွက်လည်းထိခိုက်သလိုကိုယ့်body အတွက်လည်း အတော်ကိုအကျိုးယုတ်စေပါတယ်။ ဘာကြောင့် စိတ်တိုဒေါသထွက်တာနဲ့ဝလာစေတာလဲ?…ဒါကယုံတမ်းစကားတစ်ခုလား..တကယ့်ကျန်းမာရေးရှုထောင့်နဲ့ကြည့်ရင်မှန်ရဲ့လားဆိုတာ…(၁) Adrenalineဓာတ်တွေများစတင်ထွက်ပေါ်လာခြင်းစိတ်တိုနေတဲ့အချိန်မှာ Adrenaline ဓာတ်တွေဟာခန္ဓာကိုယ်မှာ အရမ်းထွက်လာပါတယ်။ ဒီဓာတ်ကြောင့် စိတ်တိုနေတဲ့သင်ဟာ အစားစားဖို့ကို စိတ်မဝင်စားပဲ ဒေါသဆီ၊ Stress ဆီမှာပဲ စိတ်ကရောက်နေတတ်ပါတယ်။ ဒါကြောင့်လည်း တကယ်စားသင့်တဲ့အချိန်မှာ ဗိုက်မဆာပဲ ဒေါသဇောကပ်နေပြီး ဆာလောင်မှုကိုမေ့နေတတ်ပါတယ်။ ဒါကိုကောင်းတယ်လို့မထင်ပါနဲ့…ဒါကခဏတာ မဆာခြင်းပါ။ ဒီလိုဒေါသတွေဖြစ်ပြီးလို့ ရပ်တန့်သွားတဲ့အချိန်မှာတော့ သင့်ရဲ့ဆာလောင်စိတ်ဟာပုံမှန်ထက်ကိုပိုလာပါတယ်။ ပြင်းထန်တဲ့ဆာလောင်မှုကြောင့် စားလိုက်တဲ့အစာတွေဟာသင့်အတွက် ကောင်းမွန်တဲ့ စားသောက်ခြင်းမဖြစ်နိုင်သလို အစာခြေဖျက်ဖို့လည်းမလွယ်ကူပါဘူး။ ဒါကြောင့် Stress ပိပိ စိတ်ညစ်ညစ် စိတ်တိုတိုနဲ့အစာစားမိတဲ့အခါသင့်ကိုယ်အလေးချိန်ကိုပိုပြီးလျင်မြန်စွာတက်လာစေနိုင်ပါတယ်။(၂) Anxiety ကနေ Stress ဖြစ်ပွားစေသောကြောင့်လိုတာထက်ပိုတဲ့ ဟော်မုန်းCortisol ဓာတ်တွေထွက်လာပြီး သွေးတိုးခြင်း၊နှလုံးခုန်မြန်ခြင်းနဲ့ ၊လျင်မြန်စွာဝိတ်တက်ခြင်းတို့ကိုဖြစ်လာစေနိုင်ပါတယ်။Cortisol တွေက သွေးထဲကိုသကြားအဖြစ်ပြောင်းလဲသွားတဲ့အခါမှာ အဝလွန်ခြင်းနဲ့ အစာခြေဖျက်မှုအားနည်းခြင်းတွေကိုဖြစ်ပေါ်စေတာကြောင့်ပိုဝလာနိုင်ပါတယ်။ ဒါကြောင့်ဒီလို စိတ်တိုဒေါသဖြင်လာတဲ့အချိန်မှာ အစားတစ်ခုခုစားတော့မယ်လို့စဉ်းစားလိုက်ရင်အရင်ဆုံး မကောင်းတဲ့အတွေးတွေ၊ အဆိုးမြင်ဝါဒတွေကို လျော့ချလိုက်ပြီးစိတ်ကို တည်ငြိမ်အောင်ဦးဆုံးကြိုးစားသင့်ပါတယ်။(၃) Stress ဖြစ်ပေါ်ခြင်းနဲ့ဒေါသကြီးမားခြင်းက သင့်ရဲ့အစားစားချင်စိတ်ကို ထိန်းချုပ်ဖို့ခက်ခဲဒေါသဖြင်လာပြီစိတ်တိုလာပြီဆိုရင် လူတိုင်းစိတ်ရောလူပါပင်ပန်းလာတတ်ကြပါတယ်။ ဒီလိုပင်ပန်းလာတဲ့အခါ အိပ်ချင်စိတ်တွေအနားယူချင်စိတ်တွေဖြစ်လာမယ်။ ဒီလိုမှအနားမယူလိုက်ရရင် အစားဘက်ကို မြှားဦးလှည့်သွားတတ်ပါတယ်။ လိုအပ်နေတဲ့ Energy ကို အစားသောက်ကနေယူမယ်သလိုဖြစ်သွားပြီး ဒီလိုအချိန်မှာအစားသောက်ကိုပိုပြီးတောင်းတလာနိုင်ပါတယ်။ ဒီထက်ဆိုးတာက စိတ်တိုနေတဲ့သူတစ်ယောက်ကစိတ်တိုနေတဲ့အချိန်မှာ ချိုတဲ့အစားစာ၊ အီတဲ့အစားစာတွေကိုပိုပြီးတောင်းတတတ်ကြတာမျိုးပါ။ ဒါကြောင့် လည်းဒီလိုအစားစာတွေကို စိတ်တိုနေချိန်စားမိရင်းနဲ့ဝိတ်ကိုတက်လာစေတာဖြစ်ပါတယ်။ ဒါကြောင့် အစားသောက်အစားပင်ပန်းနေတဲ့ကိုယ့်ရဲ့စိတ်အတွက် အိပ်စက်ခြင်း(သို့) အနားယူခြင်းတစ်မျိုးနဲ့ဦးစွာဖြေသိမ့်တတ်ဖို့လိုပါတယ်။