ခွေးလေးတွေဟာ လူတစ်ယောက်ရဲ့စိတ်ခံစားချက်တစ်ချို့ကိုခံစားနိုင်တာ သင်သိပြီးသားဖြစ်မှာပါ။ဥပမာ သခင်ဖြစ်သူက ကြောက်နေတာ၊စိတ်အားငယ်နေတာ၊စိတ်ဖိစီးမှုများနေတာစတဲ့ခံစားချက်တွေကို ခွေးလေးတွေကသိနိုင်ပြီးသူတို့ပါ သခင်နဲ့ထပ်တူခံစားရပါတယ်။ဒါ့အပြင်ခွေးလေးတွေဟာ လူဆိုး၊လူလိမ်တွေကိုလည်းခွဲခြားသိရှိနိုင်တယ်ဆိုရမှာပါပဲ။
Akiko Takaoka ဆိုတဲ့ဂျပန်လူမျိုးတစ်ယောက်ရဲ့လေ့လာချက်အရ ခွေးလေးတွေဟာ ယုံကြည်လို့ရတဲ့လူလား၊လူဆိုးလားဆိုတာ ခွဲခြားနိုင်စွမ်းရှိတယ်လို့သိရပါတယ်။ခွေးလေးတွေဟာ လူတွေက လက်ညိုးညွှန်လိုက်ရင်အဲ့ဒီနေရာကိုပြေးသွားတတ်ကြောင်းလေ့လာသိရှိခဲ့ပြီးဖြစ်လို့ လေ့လာသူတွေဟာအစာထည့်ထားတဲ့ခွက်လေးကို လက်ညှိုးထိုးပြပြီး စမ်းသပ်ခဲ့ပါတယ်။ပထမတစ်ခါတော့ တကယ်အစာထည့်ထားတဲ့ခွက်ကိုထားခဲ့တာဖြစ်ပြီး ဒုတိယတစ်ခါမှာတော့ ဘာမှမရှိတဲ့ခွက်အလွတ်ကိုထားခဲ့ပါတယ်။ခွေးလေးတွေဟာ ၂ခါလုံး ခွက်ရှိတဲ့နေရာကိုပြေးသွားခဲ့ပေမဲ့ တတိယတစ်ခေါက်ညွှန်ပြတဲ့အခါမှာတော့ ခွေးလေးတွေဟာ ခွက်အလွတ်ကြီးမှန်းသိပြီး ပြေးမသွားတော့ဘူးလို့တွေ့ရှိလာခဲ့ရပါတယ်။
ခွေးအကောင် ၃၀နီးပါးကို စမ်းသပ်ကြည့်ခဲ့တာဖြစ်ပြီး ခွေးလေးတွေအားလုံးဟာ တိယအကြိမ်မှာအဲ့ဒီခွက်ဆီ မသွားတော့ကြောင်းတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့် ဒီလေ့လာချက်အရ ခွေးလေးတွေဟာ လိမ်ညာတာကိုအာရုံခံနိုင်ကြောင်း၊လိမ်နေတာကိုသိကြောင်း သိလာခဲ့ရတာဖြစ်ပါတယ်။
ခွေးလေးတွေဟာ လူသားတွေထင်ထားတာထက်ကိုပိုပြီးအသိဉာဏ်ရှိပါတယ်။နောက်ထပ်လေ့လာချက်တွေအရ ခွေးလေးတွေဟာ သူတို့သခင်အပေါ်ရိုင်းပြတဲ့သူတွေ၊သူတို့သခင်ကိုအန္တရာယ်ပေး၊ဒုက္ခပေးတဲ့သူတွေကိုမှတ်မိပြီးအဲ့ဒီလူတွေအပေါ် ကောင်းကောင်းဆက်ဆံလေ့မရှိဘူးလို့သိရပါတယ်။ခွေးလေးတွေဟာသူတို့သခင်နဲ့ လူစိမ်းကြားက ဆက်ဆံရေးဘယ်လိုရှိတယ်ဆိုတာကိုလည်းကောင်းကောင်းအာရုံခံနိုင်စွမ်းရှိပါတယ်။
Source:Brightside
Unicode
ခွေးလေးတွေဟာ လူတစ်ယောက်ရဲ့စိတ်ခံစားချက်တစ်ချို့ကိုခံစားနိုင်တာ သင်သိပြီးသားဖြစ်မှာပါ။ဥပမာ သခင်ဖြစ်သူက ကြောက်နေတာ၊စိတ်အားငယ်နေတာ၊စိတ်ဖိစီးမှုများနေတာစတဲ့ခံစားချက်တွေကို ခွေးလေးတွေကသိနိုင်ပြီးသူတို့ပါ သခင်နဲ့ထပ်တူခံစားရပါတယ်။ဒါ့အပြင်ခွေးလေးတွေဟာ လူဆိုး၊လူလိမ်တွေကိုလည်းခွဲခြားသိရှိနိုင်တယ်ဆိုရမှာပါပဲ။
Akiko Takaoka ဆိုတဲ့ဂျပန်လူမျိုးတစ်ယောက်ရဲ့လေ့လာချက်အရ ခွေးလေးတွေဟာ ယုံကြည်လို့ရတဲ့လူလား၊လူဆိုးလားဆိုတာ ခွဲခြားနိုင်စွမ်းရှိတယ်လို့သိရပါတယ်။ခွေးလေးတွေဟာ လူတွေက လက်ညိုးညွှန်လိုက်ရင် အဲ့ဒီနေရာကိုပြေးသွားတတ်ကြောင်းလေ့လာသိရှိခဲ့ပြီးဖြစ်လို့ လေ့လာသူတွေဟာ အစာထည့်ထားတဲ့ခွက်လေးကို လက်ညှိုးထိုးပြပြီး စမ်းသပ်ခဲ့ပါတယ်။ပထမတစ်ခါတော့ တကယ်အစာထည့်ထားတဲ့ခွက်ကိုထားခဲ့တာဖြစ်ပြီး ဒုတိယတစ်ခါမှာတော့ ဘာမှမရှိတဲ့ခွက်အလွတ်ကိုထားခဲ့ပါတယ်။ခွေးလေးတွေဟာ ၂ခါလုံး ခွက်ရှိတဲ့နေရာကိုပြေးသွားခဲ့ပေမဲ့ တတိယတစ်ခေါက်ညွှန်ပြတဲ့အခါမှာတော့ ခွေးလေးတွေဟာ ခွက်အလွတ်ကြီးမှန်းသိပြီး ပြေးမသွားတော့ဘူးလို့တွေ့ရှိလာခဲ့ရပါတယ်။
ခွေးအကောင် ၃ဝနီးပါးကို စမ်းသပ်ကြည့်ခဲ့တာဖြစ်ပြီး ခွေးလေးတွေအားလုံးဟာ တိယအကြိမ်မှာ အဲ့ဒီခွက်ဆီ မသွားတော့ကြောင်းတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့် ဒီလေ့လာချက်အရ ခွေးလေးတွေဟာ လိမ်ညာတာကိုအာရုံခံနိုင်ကြောင်း၊လိမ်နေတာကိုသိကြောင်း သိလာခဲ့ရတာဖြစ်ပါတယ်။
ခွေးလေးတွေဟာ လူသားတွေထင်ထားတာထက်ကိုပိုုပြီးအသိဉာဏ်ရှိပါတယ်။နောက်ထပ်လေ့လာချက်တွေအရ ခွေးလေးတွေဟာ သူတို့သခင်အပေါ်ရိုင်းပြတဲ့သူတွေ၊သူတို့သခင်ကို အန္တရာယ်ပေး၊ဒုက္ခပေးတဲ့သူတွေကိုမှတ်မိပြီးအဲ့ဒီလူတွေအပေါ် ကောင်းကောင်းဆက်ဆံလေ့မရှိဘူးလို့သိရပါတယ်။ခွေးလေးတွေဟာသူတို့သခင်နဲ့ လူစိမ်းကြားက ဆက်ဆံရေးဘယ်လိုရှိတယ်ဆိုတာကိုလည်းကောင်းကောင်းအာရုံခံနိုင်စွမ်းရှိပါတယ်။
ခွေးလေးတွေဟာ သခင်အတွက် အဖော်ဖြစ်သလို သူတို့ုကိုပိုင်ဆိုင်ထားရတဲ့အတွက် သင့်မှာကောင်းကျိုးတွေအများကြီးရရှိမှာပါ။ဒါကြောင့် ကိုယ့်ရဲ ့အဖော်ခွေးလေးကို ပစ်မထားပဲ သူတို့အတွက်သီးသန့်အချိန်ပေးကာ အတူကစားပေးတာမျိုးလုပ်ပေးသင့်ပါတယ်။
Source:Brightside