စည်းကမ်းမဲ့ ပါကင်ထိုးသူကို နောင်ကျဉ်သွားအောင် ပညာပေး
popolay.com
|
2019-07-08
ရန်ကုန်မြို့က နေ့စဉ်ရင် ရင်ဆိုင်နေရတဲ့ ပြသနာတွေထဲမှာ ကားပါကင်ကိစ္စကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကားကို ရပ်လို့ရရင်ပြီးရော ရှေ့လူနောက်လူကိုယ်ချင်းမစာ ဖြစ်သလို ရပ်နားတက်ကြသူတွေရှိသလို ကားရှေ့မှာ ပိတ်ရပ်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လည်း ချန်မထားခဲ့တာကြောင့် ဒုက္ခရောက်ရတဲ့အဖြစ်တွေလည်း များစွာရှိနေပါတယ်။ ဒီလိုပြဿနာတွေကနေ တစ်ဆင့် မလိုလားအပ်တဲ့ ရန်ပွဲတွေဆက်ဖြစ်ပြီးအသက် ဆုံးရှုံးခဲ့ရတဲ့ထိ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။

အခုလို တစ်ကိုယ်ကောင်းသမားများကြောင့် စိတ်အနှောက်အယှက်ဖြစ်လာရင် သူတို့ကို ဘယ်လို လက်တုံ့ပြန်ရမလဲဆိုတာ ခေါင်းထဲမှာအလိုလို စဉ်းစားမိနေလျက်သားဖြစ်နေတတ်ပါတယ်။အတော်များများကတော့ ကားဘီးလေလျော့ပစ်တာ၊ ကားကိုအစင်းထင်အောင် ခြစ်ပစ်တာ စသည်ဖြင့် နစ်နာအောင် ပြန်ပြီးလက်တုံ့ပြန်တတ်ကြပါတယ်။ ဒီလိုလုပ်လိုက်လို့ သူတို့မှတ်သွားပြီး နောက်ဆိုရင် စည်းကမ်းတကျ ရပ်နားမယ်လို့ သင်ထင်ပါသလား..?

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က ကားရပ်ခွင့်မရှိတဲ့ ဝင်ပေါက်ထွက်ပေါက်နေရာမှာ စည်းကမ်းမဲ့ရပ်နားထားတဲ့အဖိုးတန် Maserati ကားတစ်စီးကို တစ်သက်စာအမှတ်ရနောင်ကျဉ်သွားအောင် ပညာပေးလိုက်ပုံက မှတ်သားလောက်ပါတယ်။

ကားရဲ့နေရာအနှံ့ (လေကာမှန်၊ ဘေး ဘယ်ညာ၊ ခေါင်မိုး၊ စက်ဖုံး)တို့မှာအမျိုးသမီးသုံးလစဉ်ပစ္စည်းတွေ ကပ်ထားခဲ့တာ မြင်လို့တောင် မကောင်းပါဘူး။ ကိစ္စဝိစ္စတွေပြီးလို့ သူ့ရဲ့အဖိုးတန်ကားကြီးဆီ ပြန်ရောက်လာတဲ့ ကားပိုင်ရှင်ဟာ ဒီမြင်ကွင်းကြောင့် ရှော့ခ်ရခဲ့ပါတယ်။ လူတွေဝိုင်းကြည့်နေတဲ့ သူ့ကားကြီးရဲ့ ရှေ့မှာ ခေါင်းတောင်မဖော်နိုင်ပဲအတော်ကိုအရှက်ရစေခဲ့ပါတယ်။
ဒါတွေကို ကြိုးစားပြီး ပြန်ခွာဖို့ကြိုးစားပေမယ့် ကော်တွေကအတော်လေးဆွဲနေတာကြောင့်အလွယ်တကူ ခွာမရခဲ့ပါဘူး။ လူတွေရဲ့အကြည့်ကို ရင်မဆိုင်နိုင်တဲ့အဆုံး ဒီအတိုင်းပဲ မောင်းထွက်သွားခဲ့ပါတယ်။

အဲဒီအတွက် လမ်းတစ်လျောက်လုံး ထပ်မံအရှက်ရ ရဦးမှာဖြစ်ပါတယ်။ နောက်တစ်ခါ တစ်ကိုယ်ကောင်းဆန်ဆန် စညးကမ်းမဲ့ ပါကင်ထိုးဖို့ စိတ်ကူးမိတိုင်း ဒီအဖြစ်ပျက်က သူကို တစ်သက်စာ နောင်ကျဉ်သွားအောင် သတိပေးနေမှာ သေချာပါတယ်။

ကဲ... ဒီလို စည်းမရှိကမ်းမရှိ ပါကင်ထိုးတဲ့သူတွေကို ဆုံးမချင်ရင်တော့ သွားလေရာအမျိုးသမီးလစဉ်သုံး ပစ္စည်းတွေ များများသာ ဆောင်ထားကြပေရော့ဗျို့။




Some text some message..