အေးစက်နေတဲ့ Relationship လေးတွေ ပြန်ပြီးနွေးထွေးလာစေဖို့နည်းလမ်း(၅)ခု
shwemom.com
|
2019-07-09

ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လောက်ပဲ ခိုင်မြဲတယ်လို့ပြောပေမယ့် တစ်ခါတစ်လေမှာတော့ ပြဿနာပေါင်းများစွာကြောင့်အေးစက်သွားတာမျိုး၊ မသိကျိုးကျွံပြုခံရတာမျိုးတွေကိုလည်း ကြုံရတတ်တာပါ။ တချို့ဆိုရင်အရူးအမူးချစ်ခဲ့ကြတဲ့နှစ်တွေရဲ့နောက်မှာ ဘာကြောင့်မှန်းမသိပဲ ဆက်ဆံရေးတွေအေးစက်သွားတာမျိုး ဖြစ်ကြပြန်ရော။ ဒီတော့ သင့်ရဲ့ Relationship ကလည်း လက်ရှိအချိန်မှာအေးစက်နေတယ်၊ သူ့ဖက်ကလည်း ကိုယ့်ကို ဂရုမစိုက်ဘူးလို့ ခံစားနေရတယ်ဆိုရင် ဒီလိုနည်းလမ်းလေးတွေသုံးပြီး ပြန်လည်နွေးထွေးလာစေဖို့ ကြိုးစားကြည့်လိုက်ပါနော်။

(၁)။အချိန်အကြာကြီးအဆက်အသွယ်မပြတ်ပါစေနဲ့

လူချင်းနေ့တိုင်းမတွေ့နိုင်ဘူးဆိုရင်တောင်မှ ဖုန်းဆက်တာမျိုး၊ မက်ဆေ့ချ်ပို့တာမျိုးကတော့ လုပ်လို့ရနေတဲ့ ခေတ်ကြီးပါ။ ဒီတော့ နှစ်ယောက်အတူ မတွေ့နိုင်ဘူးဆိုရင်တောင်မှ ဖုန်းမဆက်တာမျိုး၊ မက်ဆေ့ချ်လေးတောင် မပို့ပဲ ပစ်ထားတာမျိုးမလုပ်ပါနဲ့။အဲဒီလိုအခြေအနေတွေက တစ်ဖက်က မပို့ရင်၊ နောက်တစ်ဖက်ကလည်း “သူငါ့ကိုဂရုမစိုက်တော့ဘူး” လို့ခံစားပြီး ပြန်မပို့ဖြစ်၊အဲဒီလိုနဲ့အေးစက်စွာ ဝေးကွာကုန်ကြမှာပါ။ ဒီတော့ ဘယ်လောက်ပဲအလုပ်များများ၊ ဘယ်လောက်ပဲအနေဝေးဝေး သူ့အတွက်အချိန်ပေးပြီး ဖုန်းလေးဆက်ဖို့၊ မက်ဆေ့ချ်လေးပို့ဖို့မမေ့ပါနဲ့။


MS_studio/Shutterstock

(၂)။ ချစ်တယ်ဆိုတာကို ပါးစပ်ကပဲမပြောပါနဲ့

ကိုယ်က သူ့ကိုအရမ်းချစ်တယ်။ ချစ်တယ် လို့လည်း ခဏခဏပြောဖြစ်တယ်။ ဒါပေမယ့် ပါးစပ်ကနေ ချစ်တယ်လို့ ပြောနေုရုံနဲ့တင် မပြည့်စုံပါဘူး။ ကိုယ်က သူ့ကိုဘယ်လောက်ချစ်ကြောင်း လက်တွေ့ဆန်ဆန်လေး သက်သေပြနိုင်ဖို့လည်းကြိုးစားပါ။ သူ့အတွက် နှှင်းဆီပန်းတွေပို့ပေးတာမျိုး၊အံ့အားသင့်ပြီး ပျော်ရွှင်စေမယ့်ကိစ္စလေးတွေလုပ်ပေးတာမျိုးက သင်တို့နှစ်ယောက်ကြားက ချစ်ခြင်းကို ပိုလို့နွေးထွေးစေပါလိမ့်မယ်။


PHTGRPHER_EVERYDAY/Shutterstock

(၃)။ တစ်ခုခုဆို မတွက်ကပ်ပါနဲ့

ကိုယ်ကချည်းသူ့ဆီဖုန်းဆက်နေရတယ်၊ ကိုယ်ကပဲ သူ့ဆီကို မက်ဆေ့ချ်ပို့နေရတယ်၊ စသဖြင့် ချစ်သူတွေကြားမှာ တွက်ကပ်တဲ့စိတ်မျိုးမထားမိပါစေနဲ့။ ဘယ်သူပဲ ဖုန်းဆက်ဆက် စကားပြောရဖို့ကအရေးကြီးတာပဲမို့လား။အဲဒီလိုစိတ်မျိုး ဝင်လာပြီဆိုရင် စကားပြောရတာအဆင်မပြေပဲဖြစ်ကြမယ်၊ စိတ်ဆိုးစိတ်ကောက်တာတွေဖြစ်ကြမယ်။ သူ့ကိုတကယ်ချစ်တယ်ဆိုရင် မတွက်ကပ်ပါနဲ့နော်။

(၄)။ ချစ်သူထက်ပိုတဲ့ဆက်ဆံရေးမျိုး

တစ်ခါတစ်လေကျရင် သင်တို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ချစ်သူလိုမျိုးပဲဆိုတာထက် မောင်နှမတွေလိုမျိုး၊ သူငယ်ချင်းတွေလိုမျိုး ပြောဆိုဆက်ဆံကြည့်ပါ။သင်တို့နှစ်ယောက်ကြားက ချစ်စရာကောင်းတဲ့ စနောက်မှုလေးတွေ၊ နွေးထွေးမှုလေးတွေဟာ နှစ်ဦးကြားဆက်ဆံရေးကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပြီးအေးစက်နေတဲ့ ဆက်ဆံရေးတွေအတွက်အပြောင်းအလဲလေးလည်း ဖြစ်လာနိုင်ပါတယ်။


fizkes/Shutterstock

(၅)။ ဖုံးကွယ်မထားပါနဲ့

ဆက်ဆံရေးတွေအေးစက်လာရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုက သူဘာလုပ်လုပ် ကိုယ့်ကိုအသိမပေးဘူးလို့ ထင်မိတာကလည်း စပါတယ်။ သူလုပ်နေတာတွေကို ကိုယ်မသိရဘူး။ ကိုယ့်ကိုလည်းမတိုင်ပင်ဘူး။ လုပ်ပြီးသွားတော့မှသာ သိရတဲ့အကြိမ်ရေက များလာတယ်ဆိုရင် ကိုယ်ဟာ သူ့အတွက်အရေးမပါတော့ဘူးလို့ ထင်လာတော့မှာပါ။ ဒီတော့ ဘာပဲလုပ်လုပ် သူ့ကိုအရင်ပြောပြပါ၊ တိုင်ပင်ပါ။

Linn

 

 




Some text some message..