ပြဿနာ(၁)ဆရာ ကျွန်တော် သုံးရက်တစ်ခါ လောက်စိတ်ဖြေမှု လုပ်လေ့ရှိပါတယ်။ ကျွန်တော် တကယ် မလုပ်ချင်ပါဘူး။ ဒါပေမယ့် လုပ်နေမိတယ်။အခု ကျွန်တော့် မင်္ဂလာဆောင်ပြီးပါပြီ။ ကျွန်တော့် သတို့သမီးကို မဖြည့်စွမ်းနိုင်မှာ ကြောက်မိပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေက ဒီလိုစိတ်ဖြေခြင်းက ကိုယ်ကိုအားနည်းစေပြီး၊ လိင်အင်္ဂါ ထောင်မတ်မှုကို လျော့နည်း စေတယ်လို့ပြောပါတယ်။ ကူညီပါဦး ဆရာ။ ပြဿနာ(၂)ဆရာ ကျွန်တော်အသက် (၁၅) နှစ်ရှိပါပြီ၊ မိဘတွေ မရှိတိုင်း မိန်းကလေးတွေရဲ့ ဓာတ်ပုံကြည့်ပြီး ကျွန်တော်စိတ် ဖြေလေ့ရှိပါတယ်။အခုနောက်ပိုင်း ကျွန်တော်အချိန်တိုင်း နုံးနေလေ့ရှိပါပြီး။ စာသင်တာတောင် စိတ်မဝင် စားနိုင်တော့ပါဘူး။ ကျွန်တော် ကြားဖူးတာက စိတ်ဖြေတာများသွားရင် ရူးသွားတာမျိုး၊ မျက်လုံးကန်းသွားတာ မျိုးဖြစ်စေတယ် လို့ဆိုပါတယ်။ ဟုတ်ပါသလား ဆရာ။ စသည်ဖြင့် စိတ်ဖြေခြင်းနှင့် ပတ်သက်ပြီးအယူအဆအမျိုးမျိုးရှိ ကြပါတယ်။ သို့သော်လည်း တစ်ချိန်ကအမေရိကန်မှ ခွဲစိတ်ဆရာဝန်တစ်ယောက်က ကျောင်းသင်ရိုး ညွှန်းတန်းနဲ့ စိတ်ဖြေခြင်းက ကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်ချရကြောင်းထည့်သင်သည်ဟု တိုက်တွန်းခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရဖူးလေသည်။ စိတ်ဖြေခြင်းနှင့် ပတ်သက်၍ ကောင်းသည့်အကျိုးများမှာ- ၁။ သုတ်ပိုးများအသစ်ပြန်ဖြစ်စေခြင်း လေ့လာမှုအမျိုးမျိုးက သုက်လွှတ်ခြင်းက သုတ်ပိုးများ၏အရေအတွက်နှင့် လှုပ်ရှားမှုအားပို၍ တိုးတက်စေကြောင်းအကြံပြုခဲ့သည်။အကြောင်းမှာအိုဟောင်းနေသော သုက်ပိုးများ နေရာတွင်သုက်ပိုးအသစ်များက စားထိုးလာသော ကြောင့်ဖြစ်ပြီး၊ ယင်းက သန္ဓေအောင် နိုင်မှုနှုန်းကို မြင့်တက်စေသည်။ ၂။ စိတ်ဖိစီးမှု လျော့နည်းစေခြင်း စိတ်ဖြေခြင်းက စိတ်ဖိစီးမှုကို ပြေပျောက်စေသော နည်းကောင်းတစ်ခု ဖြစ်သည်။ စိတ်ဖြေစဉ်တွင် စိတ်ညစ်ခြင်းကို သက်သာစေသော နိုပါမင်းနှင့်အောက်ဆီတို စင်ကဲ့သို့သော ဟော်မုန်းများ ထွက်စေသည်။ ထို့ပြင် စိတ်ဖြေခြင်းထက် ပိုကောင်းသောအိပ်ဆေးမရှိသေးပေ။ ၃။ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါကို လျော့နည်းစေခြင်း စိတ်ဖြေခြင်းကိုအကောင်းဖက်မှ တွေးလျှင်အခြားသော သူများနှင့် လိင်ဆက်ဆံမှုလျော့နည်းစေသည့်အတွက် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ပျံ့ပွားခြင်းကို လျော့နည်းစေသည်။ ၄။ ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့နည်းစေခြင်း ၂၀ဝ၃ ခုနှစ် ဩစတေးလျ လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် ငါးကြိမ်နှင့်အထက် သုက်လွှတ်သူများသည် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုကို လျော့နည်း စေသည်ဟုဆိုသည်။ ထို့ပြင် စိတ်ဖြေခြင်းက ခန္ဓာကိုယ်ထဲ ရှိသွေးများကို ပျံ့နှံ့သွားစေ၍ ကင်ဆာဆဲလ်များ စုပုံခြင်းအား ကာကွယ်ပေးလေသည်။အများစုက ကာလရှည်ကြာ စိတ်ဖြေ ခဲ့သော လူနာများတွင် သူနှင့်အတူ နေထိုင်မည့် လိင်ပိုင်းဆိုင်ရာအဖော် မရနိုင်ခြင်းနှင့် ဆက်စပ် နေသည်ဟု လွဲမှားစွာ လက်ခံ ထားခဲ့သည်။ သို့သော်လည်းအမှန်က စိတ်ဖြေခြင်းများများ လုပ်ခဲ့သူမှာအိပ်ခန်းထဲတွင် ဘုရင် ဖြစ်လေသည်။ များများ လေ့ကျင့်လေ ပိုကောင်းလေဆိုသော သဘောပင် ဖြစ်လေသည်။ ဒါကြောင့် သင့်စိတ်က လိုအပ်ပြီဟု ခံစားရတိုင်း စိတ်ဖြေခြင်းက ကျန်းမာရေးကို ထိခိုက်စေမှု မရှိပေ။ကျန်းမာရေးကို ထိခိုက်မှု မရှိစေသော်လည်း ယင်းအကျင့်ကအလုပ်အကိုင်နဲ့ မိမိနှင့် ဆက်ဆံသူများတွင် သက်ရောက်မှုရှိလာပါက ရှောင်ကြဉ်သင့်ပါသည်။ Credit : ဖိုးသောကြာ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။