ခေါင်းမာသောကလေးကို ပြုစုပျိုးထောင်နည်း
healthcare.com.mm
|
2019-07-10


ပျမ်းမျှအသက် ၅ နှစ်အရွယ်လောက်ကစ၍ မိမိကလေး ခေါင်းမာသူ ဟုတ်မဟုတ်ကို မိဘများ သတိထားမိလာကြပါပြီ။ ခေါင်းမာသော ကလေးများဟာ မိဘ၊ ပတ်ဝန်းကျင်မှသူများဖြင့်အယူအဆ ဆန့်ကျင်ကွဲလွဲတတ်တာကြောင့် ဆက်ဆံရေးမှာ ပြဿနာ ဖြစ်စေတတ်ပါတယ်။အထူးသဖြင့် ကလေး၏ စိတ်ဆန္ဒနှင့် ဆန့်ကျင်ပြီး တစ်ခုခုကို လုပ်ဆောင်ရန်အတင်းအကျပ်စေခိုင်းတဲ့အခါ ခေါင်းမာမှုဖြစ်လာတတ်ပြီး၊ ထိုခေါင်းမာမှုကိုပျောက်အောင် မိဘကအစွမ်းကုန်ကြိုးစားလေ ကလေးကတင်းခံပြီး နေပြလေဖြစ်တာကြောင့် တစ်ဦးနှင့်တစ်ဦးအယူကွဲပြားကာ စိတ်မချမ်းမြေ့စရာဖြင့်အချိန်ကုန်၊အင်အားကုန်ဖြစ်တတ်ပါတယ်။ “ခေါင်းမာလိုက်တာ” ဆိုတဲ့ သဘောသဘာဝမှာ လွယ်လွယ်အလျော့မပေးဘဲ ရည်မှန်းချက်သို့ ရောက်အောင် မလျော့သောဇွဲလုံ့ လအားအင်ဖြစ်တာကြောင့်၊ တနည်းအားဖြင့်အကောင်းမြင်ဘက် ကကြည့်တဲ့အခါ ခေါင်းမာခြင်းဆိုတာ တန်ဖိုးရှိတဲ့လက္ခဏာတစ်ရပ်လို့ မှတ်ယူသင့်ပါတယ်။ ဒါကြောင့် လူကြီးများအနေဖြင့် - (၁) ကလေးအပေါ် ကြင်ကြင်နာနာ၊ ရင်းရင်းနှီးနှီးထိတွေ့ဆက်ဆံ ပေးပါ။ ချစ်ခင်ကြင် နာမှုပြပေးပါ။ (၂) ကလေးရဲ့ စိတ်ခံစားချက်ကိုအရေးတယူ နားထောင်ပေးပြီး၊ လိုသလို ဖြည်းဖြည်းချင်း စိတ်ရှည်ရှည်ထား၍ ပုံသွင်းယူပါ။ (၃)အကယ်၍ ကလေးနှင့်ပြိုင်၍ တင်းမာမှုပြလေလေ ကလေးကပို၍ ခေါင်းမာလေလေ ဖြစ်တတ်တာမို့၊ ထိပ်တိုက်အငြင်းပွားမှုကို ရှောင်ပါ။ (၄) တခြားကလေးများနှင့် နှိုင်းယှဉ်၍ မဆုံးမပါနှင့်။ ဇွဲမလျော့တဲ့ စိတ်ရင်းအခံကြောင့် မခံချင်စိတ်ဖြင့် ပို၍ခေါင်းမာ သွားစေတတ်ပါတယ်။ (၅)အမိန့်ပေးလေးသံဖြင့် မဟုတ်ဘဲ …ဥပမာ “သားလေးရေ..မေမေ့ကိုကူညီပါဦး.. ဟို ပစ္စည်းလေး လှမ်းယူပေးပါဦးသားရယ်” စ သည်ဖြင့် ပူးပေါင်းဆောင်ရွက်သည့် သဘောဆောင်တဲ့လေသံဖြင့်အမိန့်ဆန်တဲ့ ခိုင်းစေခြင်းမျိုးမဟုတ်ဘဲ နားဝင်အောင် လေ့ကျင့် သင်ကြားပေးပါ။ (၆) တခါတရံမှာ ကလေးက “မလုပ်ချင်ဘူး၊ မလုပ်နိုင်ဘူး” လို့ငြင်းဆန်တဲ့အခါ၊ လူကြီးကို သိက္ခာမဲ့စေလို၍ လူကြီးစကား တမင် နားမထောင်ခြင်း မဟုတ်ပေ။ ကလေးအနေဖြင့် သူ့စိတ်ကြိုက်ရွေးချယ် ဆုံးဖြတ်လိုခြင်းကိုအရိုးခံစိတ်ဖြင့် တင်ပြခြင်းဖြစ်သည်ဟု နားလည်ပေးသင့်ပါတယ်။ ထိုအခါမျိုးမှာ မလုပ်ပေး ရကောင်းလားဆိုပြီး မြည်တွန်တောက်တီးမနေဘဲ၊ ဖာသိ ဖာသာထား၍ နောင်တစ်ကြိမ်အလားတူ ကိစ္စကြုံလာတဲ့အခါ ကလေးက ပူးပေါင်းဆောင်ရွက် လိုစိတ်ရှိအောင် လေ့ကျင့်ပေးပါ။ (၇) ကလေးက ပူးပေါင်းဆောင်ရွက်လာတဲ့အခါမှာ၊ ကလေး၏ တုန့်ပြန်မှုကို ချီးကျူး၍ ဂုဏ်သရေရှိလူကြီး တစ်ယောက်၏ တုန့်ပြန်မှုကဲ့သို့ လေးလေးစားစား သဘောထား ဆက်ဆံပေးလိုက်ပါ။ (၈) ဥပမာအသက်အန္တရာယ်ဖြစ်စေတဲ့ မီးခလုတ်တွေကို ဖွင့်၊ ပိတ်ကစားခြင်း၊ မီးခြစ်ဖြင့်ဆော့ ကစားခြင်း၊ လမ်းမပေါ်တက်၍ ကစားခြင်း…စသည့်ကိစ္စရပ်များအတွက် မလုပ်ရန်တားမြစ်သော်လည်း၊ ခေါင်းမာခြင်း မျိုးကြုံတွေ့ရတဲ့အခါမှာတော့ တင်ပါး (သို့မဟုတ်) လက်ဖဝါးကို ခပ်ဆတ်ဆတ်ရိုက်ပြီး နောက်ထပ် မလုပ်ဝံ့အောင် ဆုံးမပေးရပါမယ်။ (၉) လူကြီးက “ဟိတ်” ဟုပြောဆိုပြီး မျက်နှာရိပ်မျက်နှာကဲပြတဲ့အခါ၊ ကလေးအနေဖြင့် ရှေ့ဆက်မလုပ်ရဲ မလုပ်ဝံ့အောင် သြဇာ သက်ရောက်မှုဖြစ်စေဖို့လိုပါတယ်။အကယ်၍ “ဟိတ်” ဟုတားမြစ်သောအသံကို မလိုက်နာတဲ့အခါ တင်ပါး (သို့မဟုတ်) လက်ဖဝါးကို ခပ်ဆတ်ဆတ်အရိုက်ခံရမယ်ဆိုတာ သိထားဖို့ကိုလည်းအဆက်အစပ် မိမိလေ့ကျင့်ပေးထားသင့်ပါတယ်။ (၁ဝ) တခါတရံမှာ မိဘက ဖြစ်စေလိုတဲ့ စိတ်ဇောဖြင့်အတင်းအကျပ်သွန်သင်မှုက၊ ကလေးအတွက် လူကြီး စကားနားမထောင် သောအကျင့် (သို့မဟုတ်) လူ ကီးခိုင်းသည်ကို မလိုက်နာသောအကျင့်မျိုး လေ့ကျင့်ခန်းအမှားတွေ ဖြစ်သွားနိုင်တာကို သတိပြု ဆင်ခြင်ပါ။ (၁၁) ခေါင်းမာမှုမရှိဘဲ ပူးပေါင်းဆောင်ရွက်မှုအတွက်အကောင်းဆုံးနည်းလမ်းမှာ “နာကျင်မှုကိုရှောင်၍၊ ပျော်ရွှင်မှုကို ဆောင်ရန်” ဖြစ်ပါတယ်။ Credit : ပေါက်ပေါက် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..