ဒါတွေကြောင့် ကားမူးတာ ပိုဆိုးသွားနိုင်ပါတယ်။
hellosayarwon.com
|
2019-07-10


ကားစီးလို

့ ကားမူ းတတ်ကြတဲ့သူတိုင်း ကားသမားမောင်းတာမတော်လို့၊ ကားအနံ့ကြီးကအီနေလို့၊ ကိုယ့်ကျမှ ကားမူးတတ်အောင် ကံကြမ္မာကြီးက ဖန်တီးပေးထားလို့ ဆိုပြီးအားလုံးကို ရမယ်ရှာအပြစ်နေကြတဲ့သူများပါ။ ပြောမယ်သာပြောရတာပါ။

ကားမူ းတယ်ဆိုတာ တကယ်ကို ခံစားရခက်ပြီးအတော်ကြီးကိုု ဒုက္ခပေးတဲ့ဝေဒနာ တစ်ခုပါ။ ဒါပေမယ့် ဒီလို ကားမူးတိုင်းအခြားအရာတွေအပေါ်မှာပဲအပြစ်တင်နေလို့မရပါဘူး။ ကိုယ်လုပ်နေမိတဲ့ တစ်ချို့အပြုအမူတွေကြောင့်

ကားမူ းတာဖြစ်ရတာလည်း ဖြစ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်အရင်အပြစ်ရှာသင့်တယ် မထင်ဘူးလား။

ဒီတော့ ဘယ်လိုအပြုအမူတွေက ကားမူးတာကို ပိုဆိုးစေတာလဲ ။ ။
ကိုယ်လုပ်မိနေတဲ့  ကားမူးတာကို ပိုဆိုးစေတဲ့အပြုအမူတွေကိုအပိုင်း ၃ ပိုင်း ခွဲကြည့်ရအောင်။  ။

ခရီးမသွားခင် ။ ။
ခရီးသွားရမှာ စိတ်တွေ လှုပ်ရှားပြီး

အိပ်မပျေ ာ်တဲ့သူတွေ၊ မနက် ကားပေါ်ရောက်မှပဲအိပ်တော့မယ် ဒီညတော့ မအိပ်တော့ပါဘူးဆိုတဲ့ လူတွေက ကားပိုမူးနိုင်ပါတယ်။

အိပ်ရေးမဝ ရင် လူကအလိုလိုနေရင်းတောင် မူးနေတာမလား။ ။ ခရီးသွားဖို့ ပြင်ဆင်နေထားတဲ့အထုတ်တွေထဲ

ကားမူးပျောက်ဆေး တို့၊အမူးအမော်ပြေစေတဲ့ သစ်သီးတို့ ပါမလာ၊ မေ့ကျန်ခဲ့တဲ့ ကိုယ့်ရဲ့ ပေါ့ဆမှုတွေကြောင့် ကားပေါ်မှာအလူးအလိမ့်ခံရတတ်ပါတယ်။
ဖြစ်နိုင်ရင် ကားလက်မှတ်ဝယ်တည်းက ပြတင်းပေါက်ဘက်အခြမ်းကို ဝယ်ခဲ့ဖို့ မမေ့ပါနဲ့။

ကားပေါ်မတက်ခင် ။ ။
ခရီးသွားတာဆိုတော့ စတိုင်လေးရှိမှ လန်းမှာဆိုပြီး ချောင်ချိတဲ့အကျီၤတွေ မဟုတ်ဘဲ ဂျင်းဘောင်းဘီအကျပ်၊ စကပ်အကျပ်နဲ့အကျီၤကြပ်ကြပ်တွေ ဝတ်သွားမိတဲ့အခါ ဗိုက်စည်းထားသလိုတင်းနေပြီး

အသက်ရှူ လို့လည်း မဝတော့ ကားပိုမူးတတ်ပါတယ်။
အစာမရှိရင် ကားပိုမူးတတ်တဲ့ စကားတွေလည်း ကြားထားတော့အစာကို ပြည့်အင့်အောင်စားထားတာမျိုးတွေ၊ ကားမူးမှာ စိုးလို့အစားမစားတဲ့သူတွေက ကားပိုမူးတတ်ပါတယ်။

ကားပေါ်မှာ

ငါကားမူးတော့မှာပဲ ကားမူးတော့မယ်ဆိုတဲ့အတွေးတွေကို ခဏ မေ့ထားပါ။အဲဒီအစား စိတ်ကို ပြောင်းတဲ့အနေနဲ့ သီချင်းတွေနားထောင်ပါ။ မူးတတ်ရင် ကားပေါ်က TV တော့ သွားမကြည့်ပါနဲ့။ ပိုမူးသွားနိုင်ပါတယ်။
ကားပေါ်က ထိုင်ခုံအနေအထားကလည်း မူးစေတဲ့အချက်တစ်ချက်ထဲ ပါဝင်နေတာကြောင့် ကိုယ်ကို သက်တောင့်သက်သာဖြစ်တဲ့ ထိုင်ခုံအနေအထား မပြင်မိတဲ့အခါမှာလည်း ကားပိုမူးတတ်ပါတယ်။ နောက်ဆုံးအရေးအကြီးဆုံး တစ်ချက်ကတော့

ကားမူးပျောက်ဆေးေ ဆာင်မလာတာ၊ ဆောင်လာရဲ့ သားနဲ့ ကားပေါ် မတက်ခင်နာရီဝက်အလိုမှာ သောက်ဖိုမေ့သွားတာ၊  ကိုယ်ဆောင်လာတဲ့ ကားမူးပျောက်ဆေးက ထိရောက်မှာ မဟုတ်ပါဘူးဆိုပြီး မသောက်ဘဲနေတာမျိုးတွေကြောင့် ခရီးသွားတဲ့ တစ်လျှောက်လုံး

ကားမူ းတဲ့ ဝေဒနာကိုအလူးအလဲ ခံရတတ်ပါတယ်။ ကားမူးပျောက်ဆေးတော်တော်များများက  မထိရောက်တာလည်း များနေတော့

ကားမူးပျောက်ဆေ းတွေကိုအယုံအကြည် မရှိတော့တဲ့သူတွေအတွက် ကားမူးတာကိုအမှန်တကယ်ဟန့်တားပေးနိုင်တဲ့ Dimenhydrinate ပါဝင်တဲ့ ကားမူးပျောက်ဆေးတွေကို ရွေးချယ်ဖို့အကြံပေးပါရစေ။ Dimenhydrinate က ကား၊ သင်္ဘော၊ လေယာဉ်မစီးခင် နာရီဝက်လောက်အလိုမှာ ဆေးသောက်ထားလိုက်ရင် ခရီးစဉ်တလျှောက်လုံး

မူးဝေအော့အန်ြ ခင်းတွေမဖြစ်အောင် ၈ နာရီကြာ သူက ကာကွယ်ပေးနိုင်မှာဆိုတော့ ကားမူးပျောက်ဆေးရွေးဝယ်ရင် သူပါမပါအရင်ဆုံ စစ်ကြည့်နော် ။ ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။        




Some text some message..