မမူးပဲနဲ့ မူးချင်ယောင်ဆောင်နေမှန်း သိစေတဲ့နည်းလမ်း(၅)သွယ်
shwemom.com
|
2019-07-10

ကြုံဖူးမှာပါ သူငယ်ချင်းတွေအတူ သွားသောက်ကြပြီဆိုရင် သိပ်မသောက်ပဲ မူးချင်ယောင်ဆောင်တတ်သူတွေ ပါလာတတ်တယ်ဆိုတာ။ တစ်ချို့တွေကတော့ နည်းနည်းလေးသောက်ပြီး မူးသွားကြသူတွေဆိုတာ သေချာပေမယ့် တစ်ချို့တွေကတော့ တော်ရုံသောက်တာလောက်နဲ့တော့ မမူးနိုင်ကြသူတွေပါ။ ဒါပေမယ့် သူတို့က ရည်ရွယ်ချက်တစ်ခုခုကြောင့် မူးချင်ယောင်ဆောင်တတ်ကြပါတယ်။ ကိုယ့်ရဲ့မကျေနပ်ချက်တွေကို ပြောဖို့ မူးချင်ယောင်ဆောင်ကြတယ်၊ ဆန့်ကျင်ဖက်လိင်ကိုဆွဲဆောင်ဖို့ မူးချင်ယောင်ဆောင်ကြတယ်၊ တချို့ကလည်း ဘာမှန်းမသိပဲနဲ့ကို မူးချင်ယောင်ဆောင်ကြတယ်။ ကဲ…အဲဒီမူးချင်ယောင်ဆောင်သူတွေကို ဘယ်လို ရှာဖွေဖော်ထုတ်မလဲ။ ဒီနည်းလမ်းလေးတွေကို သုံးကြည့်လိုက်ပါ။

(၁)။ လမ်းလျှောက်ခိုင်းကြည့်ပါ

မူးချင်ယောင်ဆောင်နေတယ်လို့ သံသယရှိနေတဲ့သူကို Toilet သွားဖို့ ခေါ်တာပဲဖြစ်ဖြစ်၊ ဆိုင်အပြင်ကို ခဏခေါ်သွားတာပဲဖြစ်ဖြစ် လုပ်လိုက်ပါ။ ပြီးရင် သူ့ရဲ့လမ်းလျှောက်ပုံကို စစ်ပါ။ မူးနေတဲ့သူအများစုက သူတို့မူးနေတဲ့အချိန်မှာ တခြားသူကို ထိခိုက်မိမှာစိုးလို့ ရှောင်ရင်း ရှားရင်းကနေ ပေါက်ကရလမ်းလျှောက်ပုံတွေ ဖြစ်တတ်ပါတယ်။ တချို့တွေကလည်း မူးနေရင် လမ်းလျှောက်တဲ့အနီးမှာရှိတဲ့ခုံတွေ၊ စားပွဲတွေကို ကိုင်ပြီး ဟန်ချက်မပျက်အောင် ထိန်းတာမျိုးလုပ်တတ်ကြပါတယ်။ ဒီလိုမှ မဟုတ်ပဲ ခြေလှမ်းမြန်မြန်နဲ့ သင့်လိုပဲ သွက်သွက်လက်လက်လျှောက်နိုင်တယ်ဆိုရင်တော့ သေချာပါတယ်၊ သူမမူးသေးပါဘူး။


diy13/Shutterstock

(၂)။အမှတ်တမဲ့ပိုက်ဆံတွက်ခိုင်းကြည့်ပါ

သင့်သူငယ်ချင်းက နည်းနည်းပဲသောက်ပြီး မူးချင်ယောင်ဆောင်နေတယ်လို့ထင်ရင် သူ ထင်မှတ်မထားတဲ့အချိန်မျိုးမှာ ပိုက်ဆံပမာဏတစ်ခုကို တွက်ခိုင်းကြည့်လိုက်ပါ။ သင်ဈေးဝယ်ဖို့လိုနေတဲ့တစ်ခုခုအကြောင်းပြောရင်း ပိုက်ဆံတွက်ခိုင်းလိုက်တာမျိုး၊ လက်ရှိသောက်ထားတာတွေ ဘယ်လောက်ကျနေလဲဆိုတာ သိဖို့ ပိုက်ဆံတွက်ခိုင်းတာမျိုး လုပ်ကြည့်ပါ။ တကယ်မူးနေတဲ့သူတွေဟာ ပိုက်ဆံဘယ်လောက်ကျကျ ဂရုမစိုက်တတ်ကြပါဘူး။ သူတို့ကို ပိုက်ဆံတွက်ခိုင်းရင်လည်းအမြဲတမ်းငြင်းတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဦးနှောက်က တွေးတဲ့နောက်ကို မလိုက်နိုင်ကြလို့ပါ။ တကယ်လို့သာ သင်တွက်ခိုင်းတဲ့ပမာဏကို တွက်ပေးနိုင်တယ်ဆိုရင်တော့ မမူးသေးတာကြောင့်ပဲဖြစ်မှာပါ။

(၃)။ သူ့ရဲ့ရည်းစားဟောင်းအကြောင်းပြောပါ

လူတစ်ယောက် မူး၊မမူး စမ်းသပ်ချင်ရင် သူ့ရဲ့ရည်းစားဟောင်းအကြောင်းသာ ပြောကြည့်ပါ။ လူတွေဟာ မူးနေတဲ့အချိန်မှာ စိတ်ခံစားမှုကအမြင့်ဆုံးဖြစ်နေတတ်ပြီး သူဘယ်လောက်ချစ်ခဲ့ကြောင်း ဘယ်လောက်ကြေကွဲရကြောင်းကိုအားရပါးရ ပြန်ပြောပါလိမ့်မယ်။ တချို့ဆိုရင် မူးနေတဲ့အချိန် ရည်းစားဟောင်းအကြောင်း ပြောမိလို့ကတော့ ငိုတော့တာပဲ။ တချို့ကလည်း ဘာမှမပြောချင်ဘူးလို့ ခေါင်းခါနေပေမယ့် ရည်းစားဟောင်းအကြောင်းမေးမိရင် မိနစ်နည်းနည်းကြာတဲ့အချိန်မှာ မျက်နှာဟာ ပုံမှန်မဟုတ်တော့ပဲ လွမ်းသလို၊ဆွေးသလို၊ ကြေကွဲသလို ပုံစံတွေ ဖြစ်ကုန်ကြပါတယ်။ ဒီလိုမှမဟုတ်ပဲ ရည်းစားဟောင်းရဲ့အကြောင်းကို သွေးအေးအေးနဲ့ ပြန်ပြောနိုင်နေတယ်ဆိုရင်တော့ ဒီလူဟာအယောင်ဆောင်အမူးသမားကြီးပါပဲ။


Syda Productions/Shutterstock

(၄)။အငြင်းအခုံလုပ်ပါ

သူ့စိတ်ထဲမှာ သဘောမကျဖြစ်နေတဲ့ ကိစ္စမျိုးတွေရွေးပြောပြီး သူနဲ့အငြင်းအခုံလုပ်ဖို့ ကြိုးစားကြည့်ပါ။ မူးနေတဲ့သူအများစုဟာ လူသာမူးနေတာ၊အငြင်းကတော့ သန်တတ်ကြပါတယ်။ မူးနေလေ ငြင်းချင်လေပဲ။ တကယ်လို့ မငြင်းပဲ သင်ပြောသမျှကို လိုက်ပြီးထောက်ခံနေတယ်ဆိုရင်တော့ သူ မူးချင်ယောင်ဆောင်နေပါပြီ။

(၅)။ ဘာသာစကားဆရာကြီးတွေ

လူတစ်ယောက် မူးလား၊ မမူးလားဆိုတာကို နိုင်ငံခြားဘာသာစကားတွေအပေါ်မှာအခြေခံပြီးလည်း သိနိုင်ပါတယ်။ တချို့ဆိုအပြင်မှာအင်္ဂလိပ်လိုပြောရမှာ ကြောက်သူတွေဖြစ်ပေမယ့် မူးလာပြီဆိုရင်တော့ ပြောပါပြီ။အင်္ဂလိပ်လိုတွေ။ သူတို့အသံထွက်မှားတာ၊ မမှားတာကို ကြောက်မနေကြပဲ စွတ်ပြောကြတော့တာပါပဲ။ ဒီတော့ သင့်သူငယ်ချင်းကအင်္ဂလိပ်လိုတွေ မပြောသေးပဲ ပုံမှန်အတိုင်းမူးနေတယ်လို့ပြောရင် မယုံပါနဲ့။ သူ မမူးသေးတာဖြစ်နိုင်ပါတယ်။


Estrada Anton/Shutterstock

Linn




Some text some message..