အလွယ်တကူနှိမ်နင်းသုတ်သင်ပစ်ဖို့ ခက်သည်ထက်ခက်လာနေတဲ့ ပိုးဟပ်တွေ
yoyarlay.com
|
2019-07-10



ပိုးဟပ်တွေကိုနှိမ်နင်းဖို့ထုတ်ထားတဲ့ဆေးဗူးတချို့ သင့်အိမ်မှာရှိနေမယ်ဆိုရင်အခုသတင်းကြောင့် လွှင့်ပစ်လိုက်ရမယ့်အခြေအနေမျိုးပါပဲ။အကြောင်းကတော့ လေ့လာမှုအသစ်တစ်ခုရဲ့တွေ့ရှိချက်အရ ကမ္ဘာပေါ်မှာအတွေ့ရများဆုံးပိုးမွှားဖြစ်တဲ့ ပိုးဟပ် (German cockroaches) တွေဟာ လက်ရှိသုံးစွဲနေတဲ့ မြောက်များစွာသော ပိုးသတ်ဆေးတွေကို လုံးဝမမှုတော့တဲ့အဆင့်ထိ တိုးတက်ပြောင်းလဲလာနေပြီလို့ သိခဲ့ရတာကြောင့်ဖြစ်ပါတယ်။


လက်ရှိသုံးစွဲနေတဲ့ မြောက်များစွာသော ပိုးသတ်ဆေးတွေကို လုံးဝမမှုတော့တဲ့အဆင့်ထိ တိုးတက်ပြောင်းလဲလာနေ

ဒီလေ့လာမှုကို ခြောက်လကြာအောင်ပြုလုပ်ခဲ့ကြတဲ့သုတေသီတွေဟာ ပိုးသတ်ဆေးအမျိုးမျိုးပေါင်းစပ်ပြီး ပိုးဟပ်တွေကိုနှိမ်နင်းကြည့်ခဲ့ကြရာမှာအလုပ်မဖြစ်ခဲ့ကြတဲ့အပြင် ပိုးဟပ်မျိုးဆက်တစ်ခုတည်းမှာတင် ဒီဆေးတွေကိုခံနိုင်ရည်ရှိမှုကအဆများစွာတိုးလာတာကိုလည်း ထိတ်လန့်ဖွယ်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။


ပါမောက္ခ Michael Scharf

“ဒီလိုမျိုး ပိုးဟပ်တွေကိုနှိမ်နင်းရခက်တဲ့ကိစ္စမျိုးကအရင်ကလည်းရှိခဲ့ဖူးပါတယ်။အခုကတော့ ပိုဆိုးလာတဲ့အခြေအနေဖြစ်သလို ပိုးဟပ်တွေနဲ့ပတ်သက်ပြီး ခေါင်းခဲစရာစိန်ခေါ်မှုတစ်ခုလို့ ဆိုရမှာပေါ့လေ” လို့ ပါဂျူးတက္ကသိုလ် (Purdue University) က ပါမောက္ခတစ်ဦးဖြစ်တဲ့ မိုက်ကယ် ရှာ့ဖ် (Michael Scharf) က ပြောခဲ့ပါတယ်။


ဓာတုပစ္စည်းတွေချည်းအသုံးပြုဖန်တီးထားတဲ့ ပိုးသတ်ဆေးအမျိုးအမည်များစွာကို ဘယ်လိုသုံးစွဲပေမဲ့လည်းအလုပ်မဖြစ်နိုင်ဘူးဆိုတဲ့သဘောဖြစ်လာ

ပိုးဟပ်ဆိုတာ ခေါင်းဖြတ်ထားရင်တောင် ချက်ချင်းမသေနိုင်တဲ့အသက်ပြင်းပိုးမွှားတွေလို့ ကျွန်တော်တို့အတော်များများ သိထားဖူးကြမှာပါ။အခုလည်း သူတို့ရဲ့ ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်က တဖြည်းဖြည်းပိုမြင့်လာနေတာဖြစ်လို့ ဓာတုပစ္စည်းတွေချည်းအသုံးပြုဖန်တီးထားတဲ့ ပိုးသတ်ဆေးအမျိုးအမည်များစွာကို ဘယ်လိုသုံးစွဲပေမဲ့လည်းအလုပ်မဖြစ်နိုင်ဘူးဆိုတဲ့သဘောဖြစ်လာပါတယ်။


ခေါင်းဖြတ်ထားရင်တောင် ချက်ချင်းမသေနိုင်တဲ့အသက်ပြင်းပိုးမွှားတွေ

စာဖတ်သူအနေနဲ့ကောအိမ်ကပိုးဟပ်တွေကို ဘယ်လိုနည်းနဲ့ နှိမ်နင်း သုတ်သင်ခဲ့ဖူးပါသလဲ…အဲဒီနည်းက ထိရောက်အလုပ်ဖြစ်ခဲ့လားဆိုတာ Comment မှာ မျှဝေပေးခဲ့နိုင်ပါတယ်။


Ref: CBS News “Cockroaches are becoming near-IMPOSSIBLE to kill as they rapidly evolve immunity to bug sprays and insecticides”
TH (ရိုးရာလေး)




Some text some message..