အိပ်ယာထဲကချက်ချင်းမထချင်တာဟာ ဉာဏ်ရည်မြင့်မားတဲ့လက္ခဏာတစ်ခုပါတဲ့
shwemom.com
|
2019-07-10




တစ်ခါတစ်လေအိပ်ယာထဲက လုံးဝမထနိုင်တော့လို့အလုပ်ကိုနေမကောင်းဘူးလို့ပြောပြီး တစ်နေကုန်ဖုန်းလေးသုံးပြီးအိပ်နေတတ်သူတွေ ရှိတယ်မဟုတ်လား။ မျက်လုံးလည်းဖွင့်မရ၊ ခြေတွေလက်တွေလည်း လှုပ်လို့မရနဲ့အိပ်ယာရဲ့နွံထဲမှာ နစ်မြောကြသူလေးတွေအတွက် သတင်းကောင်းတစ်ခု ပါးချင်ပါတယ်။ ဗြိတိန် သုတေသီ Satoshi Kanazawa နဲ့ Kaja Perina တို့ရဲ့ လေ့လာချက်ကို  Bright Side မှ ပြန်လည်ကိုးကား ဝေမျှပေးသွားပါမယ်နော်။

မနက်ကိုစောစောမထနိုင်ဘဲ စောစောထဖို့ဝန်လေးနေသူလေးတွေဟာ များသောအားဖြင့် နောက်ကျမှအိပ်တတ်ကြတဲ့ ညဇီးကွက်လေးတွေပါ။ သူတို့လေးတွေဟာ ညဖက်မှာ တော်ရုံမအိပ်တတ်ဘဲ ဝါသနာပါရာတစ်ခုခု သို့မဟုတ်အပန်းဖြေစရာတစ်ခုခုနဲ့ ကြုံဆုံနေရတဲ့အတွက် သန်းခေါင်ပတ်ဝန်းကျင်လောက်မှအိပ်လေ့ရှိကြပြီး မနက်ထတဲ့အခါ ၈ နာရီ၊ ၉ နာရီဆိုတာတောင် မနည်းအားယူပြီးအိပ်ယာထဲကနေ ထွက်နေရတတ်ပါတယ်။


StockSnap/Pixabay

တကယ်တော့ ဒီလိုလူမျိုးတွေဟာ ယနေ့ခေတ်နေထိုင်မှုပုံစံနဲ့အကိုက်ညီဆုံးသော လူသားတွေ ဖြစ်တဲ့အပြင်ကိုမှအိပ်ချိန်မှန်ရင်အိပ်ရမယ်ဆိုတဲ့အချိန်ရဲ့ စေခိုင်းမှုအောက်ကနေ လုံးဝကြီး ကွဲထွက်နေတဲ့အတွက် မိမိကိုယ်ကိုယ်အားကိုးပြီး လွတ်လပ်မှုကို မြတ်နိုးသူတွေလို့လည်း လေ့လာချက်မှာ ဖော်ပြထားပါတယ်။ ဒီအပြင်ကိုမှအပေါ်မှာ ပြောထားတဲ့အတိုင်း ကိုယ်စိတ်ဝင်စားရာတစ်ခုခုနဲ့ မအိပ်ဘဲအချိန်ဖြုန်းနေတဲ့အတွက် ဒီလိုလူမျိုုးတွေဟာ ဘဝအတွက်ကောင်းကျိုးပေးတဲ့အရာတွေအပေါ် တပ်တပ်မက်မက်နဲ့အာရုံစုစည်းကာဆောင်ရွက်လေ့ရှိပြီးအခက်အခဲတွေကိုလည်း လွယ်လင့်တကူဖြေရှင်းနိုင်စွမ်းတွေရှိတဲ့အတွက် ဉာဏ်ရည်မြင့်မားတဲ့ လက္ခဏာရပ်တွေကို ပိုင်ဆိုင်ထားသူလေးတွေပါတဲ့။


xiangying_xu/Pixabay

နောက်ထပ်လေ့လာချက်တစ်ခုကတော့ ဒီလိုဉာဉ့်ဇီးကွက်လေးတွေဟာ ပုံမှန်အစောကြီးအိပ်ပြီးအစောကြီးထတဲ့ လူတွေထက် ဘဝမှာပျော်ရွှင်မှုအနှစ်သာရတွေကို ပိုခံစားရလေ့ရှိသေးတယ်လို့လည်း Southampton တက္ကသိုလ်ရဲ့ သုတေသနစာစောင်မှာ ဖော်ပြထားပါသေးတယ်။ ပျော်ရွှင်မှုဆိုတဲ့နေရာမှာအခြေခံလစာအပါအဝင် ဘဝမှာ သက်တောင့်သက်သာ နေထိုင်နေခြင်းနဲ့ ပေါင်းသင်းဆက်ဆံမှု ပိုကောင်းခြင်းတို့လည်း ပါဝင်လျက်ရှိပါတယ်။

ဒါပေမဲ့တစ်ခုရှိတာကအိပ်တိုင်းမကောင်းတာပါပဲ။ ၂၄ နာရီရဲ တစ်ဝက်တိတိဖြစ်တဲ့ ၁၂ နာရီပတ်ဝန်းကျင်လောက်အထိအိပ်ယာထဲမှာအချိန်ဖြုန်းတတ်သူတွေဟာအရွယ်မတိုင်ခင် သေဆုံးနိုင်ချေလည်း ပိုများနေတာကိုတော့ သတိပြုရမှာပါ။အကောင်းဆုံးကတော့ တစ်နေ့ကို ၈ နာရီပတ်ဝန်းကျင်သာအိပ်တာအဆင်အပြေဆုံးပါပဲ။


Penny


Source :  Bright Side




Some text some message..