Lotayamm

သင့်ကိုယ်သင် အရမ်းကြည့်ကောင်းနေတယ်လို့ ထင်နေရခြင်းရဲ့အကြောင်းရင်း(၅)ခု
shwemom.com
|
2019-07-11

သင်က အရမ်းကြည့်ကောင်းနေတယ်လို့ သင့်ကိုယ်သင် ထင်နေတာလား။ လမ်းလျှောက်ရင်း မှန်လေးတွေ့ရင် ကိုယ့်ရဲ့ပုံရိပ်လေးကို ကြည့်လိုက်ရမှ။ ဘေးကနေ ကားဖြတ်သွားတာတောင်မှ ကားမှန်ထဲမှာ ဘယ်လိုပုံဖြစ်နေလဲဆိုတာ ကြည့်လိုက်ရမှ နေသာထိုင်သာ ရှိနေတာလား။ သင့်ကိုယ်သင် အရမ်းကြည့်ကောင်းနေတယ်လို့ ထင်နေမိတာက အောက်ပါအချက် (၆)ချက်ပေါ်မှာ အခြေခံပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတော့…..။

(၁)။ သင့်မှာ ပိုက်ဆံတွေပေါနေတာ
ကိုယ့်လက်ထဲမှာ ပိုက်ဆံတွေ ပေါပေါများများရှိနေတာကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစေပြီး ကြည့်ကောင်းတဲ့သူတစ်ယောက်လို့ အထင်ရောက်စေပါတယ်။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံအပြည့်ရှိနေတဲ့အပြင် ဘဏ်ကတ်တွေထဲမှာလည်း ပိုက်ဆံတွေအများကြီး ရှိနေကြည့်ပါလား။ “ငါအရမ်းကြည့်ကောင်းနေပါလား” လို့ ကိုယ့်ကိုယ်ကိုယ်ထင်မိမှာ။ တကယ်လည်း ပိုက်ဆံတွေက လူကို ကြည့်ကောင်းစေပါတယ်။


Nattakorn_Maneerat/Shutterstock

(၂)။ အ၀တ်အစားသစ်တွေ ၀တ်ထားတာ
သင်အ၀တ်အစားသစ်တွေ ၀တ်ထားတဲ့အချိန်ကလည်း သင့်ကိုယ်သင် ကြည့်ကောင်းတယ်လို့ ခံစားရစေပါတယ်။ အ၀တ်အစားသစ်ကိုမှ ဈေးကြီးတဲ့ အ၀တ်အစားသစ်တွေ ဖြစ်နေရင် အရမ်းတွေ ကြည့်ကောင်းနေပြီပေါ့။ သင့်ရဲ့ရုပ်ရည်က သာမန်ပဲ ဆိုရင်တောင် Gucci လို LV လို အ၀တ်အစားမျိုးတွေ ၀တ်လိုက်ပြီဆိုတာနဲ့ ငါအရမ်းကြည့်ကောင်းနေပြီလို့ ထင်မိမှာဖြစ်ပြီး လူတွေကြားထဲ သွားဖို့ ယုံကြည်မှုတွေ ပိုလို့မြင့်တက်နေမှာအမှန်ပါ။


Nick Starichenko/Shutterstock

(၃)။ မကြာသေးခင်ကမှ ရည်းစားရထားတာ
မကြာသေးခင်ကမှ သင် ရည်းစားတစ်ယောက် ရထားတယ်ဆိုရင်လည်း သင့်ကိုယ်သင် အရမ်းတွေ ကြည့်ကောင်းနေတယ်လို့ ထင်မိမှာပါပဲ။ ဟုတ်တာပဲလေ။ သင်ကြည့်ကောင်းနေလို့သာ ရည်းစားတစ်ယောက်ရတာပေါ့။ ရုပ်ဆိုးကြီးနဲ့ဆိုရင် ဘယ်သူက ကြိုက်မှာလည်း မဟုတ်ဘူးလား။ ရည်းစားရပြီးလို့ တစ်လလောက်အတွင်းကတော့ သင့်ကိုယ်သင် ကြည့်ကောင်းနေတယ်လို့ ထင်နေဦးမှာပါ။ အဲဒီနောက်တော့မှ ရည်းစားနဲ့ရန်ဖြစ်၊ စကားများ၊ ငိုယို၊ ဖရိုဖရဲတွေဖြစ်ပြီး သင့်ရဲ့ပုံစံအမှန်ကြီးက ပြန်ပေါ်ကောင်း ပြန်ပေါ်လာပါလိမ့်မယ်။


oneinchpunch/Shutterstock

(၄)။ တစ်ယောက်ယောက်က မြှောက်ပြောတာကိုခံထားရတာ
တစ်ယောက်ယောက်က “အရမ်းတွေကြည့်လို့ကောင်းနေပါလား” လို့ သင့်ကိုမြှောက်ပြောတာခံရရင်လည်း သင့်ကိုယ်သင်ကြည့်ကောင်းတယ်လို့ ထင်လာမိပါလိမ့်မယ်။ လူတွေဆိုတာ “ရုပ်ဆိုးလိုက်တာ” လို့ အမှန်အတိုင်းပြောရင်သာ လက်မခံချင်ကြပေမယ့် “ကြည့်ကောင်းလိုက်တာ” လို့ မြှောက်ပြောရင်တော့ ကြည်နူးတတ်ကြတာပဲလေ။ ဟုတ်ဟုတ်၊မဟုတ်ဟုတ် အဲဒီလို အပြောခံလိုက်ရပြီဆိုတာနဲ့ သင့်စိတ်ထဲမှာ “ငါတကယ်ကြည့်ကောင်းနေပါလား” လို့ သင့်ကိုယ်သင်ထင်မိမှာ (၉၀)ရာခိုင်နှုန်းသေချာပါတယ်။

(၅)။ သင်ဟာ အလုပ်မှာရာထူးကြီးကြီးရထားတာ
သင်ဟာ အလုပ်ထဲမှာ ရာထူးကြီးကြီးရထားသူဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ်ကြည့်ကောင်းတယ်လို့ ထင်နေမိမှာပါ။ ရာထူးကြီးကြီးရထားတာနဲ့ ကြည့်ကောင်းတယ်လို့ထင်တာက မသက်ဆိုင်ဘူးဆိုပေမယ့် တစ်နည်းအားဖြင့်တော့ ဆက်စပ်လို့နေပါတယ်။ ရာထူးကြီးကြီးရထားရင် သင့်ရဲ့ရာထူးနဲ့လိုက်အောင် စမတ်ကျကျ ၀တ်စားရမှာဖြစ်ပြီး အဲဒီလို ၀တ်စားရတဲ့အတွက် ယုံကြည်မှုတွေ ပိုရှိလာမှာမို့ပါ။

Linn

 





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..