ရုရှားနိုင်ငံထိရောက်ရှိသွားကြပြီဖြစ်တဲ့ ကမ္ဘာပတ်မြန်မာဆိုင်ကယ်သမားနှစ်ဦး
yoyarlay.com
|
2019-07-11



ဘီအမ်ဒဗလျူမော်တော်ဆိုင်ကယ်တွေနဲ့ မိုင်ပေါင်း (၃) သောင်းကျော်မောင်းနှင်ပြီး နိုင်ငံပေါင်း (၃၀) ဖြတ်သန်းကမ္ဘာပတ်မယ့်ခရီးစဉ်ကိုအကောင်အထည် ဖော်နေကြတဲ့ ကို Zom Pha နဲ့ ကိုအောင်ကျော်တို့ကတော့ ရုရှားနိုင်ငံအထိ ခရီးနှင်ရောက်ရှိသွားကြပြီဖြစ်ပါတယ်။






သူတို့နှစ်ဦးက မေလ(၂၆) ရက်နေ့မှာ ရန်ကုန်မြို့က ပြည်သူ့ဥယျာဉ်ရှေ့ကနေ ဒီခရီးစဉ်ကို စတင်ထွက်ခွာခဲ့ကြပြီး တာချီလိတ်မြို့ကိုဖြတ်သန်းကာ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံ မွန်ဂိုးလီးယားနိုင်ငံတွေကို မောင်းနှင်ဖြတ်သန်းခဲ့ကြပြီးတဲ့နောက်အခု ရုရှားနိုင်ငံထဲကိုရောက်ရှိလာကြတာဖြစ်ပါတယ်။ ရုရှားကနေတစ်ဆင့် ဥရောပတိုက်ဆီ ဆက်လက်ခရီးနှင်ကြမှာပါ။





ကမ္ဘာပတ်ခရီးစဉ်ရဲ့ ခရီးဆုံးနေရာအဖြစ်အင်္ဂလန်နိုင်ငံက လန်ဒန်မြို့ကို သတ်မှတ်ထားပြီး မကြာခင်မှာပဲ ဂျာမနီနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတွေကို ဖြတ်သန်းကာ လန်ဒန်မြို့ဆီ ခရီးဆက်ကြတော့မှာဖြစ်ပါတယ်။





သမိုင်းတွင်မယ့် ကမ္ဘာပတ်ခရီးစဉ်တစ်ခုအတွက် ခရီးနှင်နေကြတဲ့ ကို Zom Pha နဲ့ ကိုအောင်ကျော်တို့နှစ်ဦး လမ်းခရီးတစ်လျှောက်အဆင်ပြေချောမွေ့နိုင်ပါစေလို့ ရိုးရာလေးအဖွဲ့သားတွေကလည်း ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။


Photos – MOTOURLOUGE
Team (ရိုးရာလေး)




Some text some message..