မတူညီတဲ့အရွေ့တွေထဲက Myo Myint Kyaw
moda.com.mm
|
2019-07-20




Tech နဲ့ Media Industry ထဲက ကိုမျိုးမြင့်ကျော် ပြောတဲ့ Fashionအကြောင်းတွေ

အတန်းတွင်းမှာအတန်းဖော်သူငယ်ချင်းတွေကို Coke ၊ ဆိုဒါနဲ့အာလူးကြော် ရောင်းချခြင်းတွေအပြင် သူပိုင်တဲ့ Sony PlayStation ကို နာရီပိုင်းနဲ့ ငှါးရမ်းပြီး သူရဲ့ မုန့်ဖိုးကို ပိုမိုများအောင် လုပ်ခဲ့တဲ့အလယ်တန်းကျောင်းသားတစ်ယောက်ဟာ ၂၀၁၂ ခုနှစ်မှာတော့ Revo Tech ဆိုတဲ့ Digital Agency တစ်ခုကို တည်ထောင်ပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံရဲ့အကြီးဆုံး ဒီဂျစ်တယ်အေဂျင်စီ တစ်ခုဖြစ်အောင် ပုံဖော်နိုင်ခဲ့တယ်။ သူဟာ UK ကနေ Computer Science နဲ့ ကျောင်းပြီး ခဲ့ပြီး Singapore က Tech Industry လေးနှစ်လောက်အလုပ်လုပ်ခဲ့တယ်။ ဝင်ငွေတစ်ခုနဲ့အဆင်ပြေနေတဲ့ Singapore ကအလုပ်ကို ပြတ်ပြတ်သားသား စွန့်ခွာခဲ့ပြီး မြန်မာမှာ ကိုယ်ပိုင်လုပ်ငန်း တစ်ခုအဖြစ် Revo Tech ကို စတင်ခဲ့တယ်။အောင်မြင်လာတဲ့ Revo Tech နဲ့အတူ ၂၀၁၆ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Akhayar Media ကိုလည်း မြန်မာနိုင်ငံရဲ့ ကြည့်ရှုနှုန်းမြင့်တဲံအွန်းလိုင်းမီဒီယာ တစ်ခုအဖြစ် သက်သွင်းနိုင်ခဲ့တယ်။ ၂၀၁၈အကုန်မှာအောင်မြင်ပြီး ကောင်းမွန်စွာ လည်ပတ်နေတဲ့ လုပ်ငန်းနှစ်ခုလုံးရဲ့ ရှယ်ယာအကုန်လုံးကို ရောင်းချခဲ့ပြီး ၂၀၁၉အစမှာ Penshoope လို Fashion Brandအပါအဝင် လုပ်ငန်းခွဲတွေအများကြီးရှိတဲ့ Earth Group of Companies ရဲ့ ဒါရိုက်တာ တစ်ယောက်အဖြစ် တာဝန်ယူဖို့ ကမ်းလှမ်းခြင်းကို လက်ခံခဲ့တယ်။ ဒီလို စွန့်ဦးတည်ထွင်မှုတွေနဲ့အရွေ့အသစ်တွေဆီ လျှောက်လမ်းနေသူကတော့ ကိုမျိုးမြင့်ကျော် ဖြစ်ပါတယ်။အရွေ့တွေများစွာကို ကျော်ဖြတ်ပြီး (၇)နှစ်ပြည့်ပြီဖြစ်တဲ့ MODA ရဲ့ ဇူလိုင်လအတွက် MODA Manအဖြစ် Earth Group of Companies ရဲ့ ဒါရိုက်တာ ကိုမျိုးမြင့်ကျော် ကို ရွေးချယ်ပြီးအင်တာဗျူးဖြစ်ခဲ့ပါတယ်။


ပထမဆုံးအနေနဲ့ ကိုမျိုးမြင့်ကျော်ရဲ့အကြောင်းကို မိတ်ဆက်ပေးပါဦး။

ကျွန်တော်က Earth Group of Companies ရဲ့ ဒါရိုက်တာ တစ်ယောက်ပါ။


Earth Group မှာ ဘာလုပ်ငန်းတွေလုပ်လဲ။

အခုလောလောဆယ် Earth Group မှာ Business Line (၆) ခုရှိတယ်။ Trading Line မှာ Earth Trading Co.,Ltd ရှိတယ်။ Engineering ဘက်မှာက Earth Engineering Technology Co.,Ltd ၊ Myanmar Engineering Consulting Co.,Ltd ၊ Myanmar Koei International Ltd တို့ရှိတယ်။ ပြီးတော့ K-Line Logistics Myanmar Co.Ltd ၊ Earth Tamura Electronics Co.,Ltd ၊ Earth Renewable Energy Co.,Ltd နဲ့ Earth Industrial Co.,Ltd တို့ဖြစ်တယ်။ ဒီ Earth Group ကို ၁၉၉၃ ကတည်းက Earth Trading နဲ့စခဲ့ပြီးအခုဆို ၂၆ နှစ်ရှိပြီလေ။ Penshoppe က Earth Tradingအောက်က Fashion Product line တစ်ခုပါ။


ဒီလုပ်ငန်းတွေမှာ တာဝန်ယူရတဲ့အပိုင်းတွေက ဘာများဖြစ်မလဲ။

ဒီ Group ရဲ့ ဒါရိုက်တာအဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့အတွက်အားလုံးကို Oversee ကြည့်ရတဲ့အပိုင်းတွေရှိပါတယ်။အဲဒီထဲကမှ Earth Trading ရဲ့ Penshoppe ရယ်၊ K-Line Logistics နဲ့ Earth Renewable Energy တို့ကိုအဓိက တာဝန်ယူထားပါတယ်။


Earth Trading ရဲ့ ပထမဆုံး Fashion Product Line တစ်ခုအဖြစ် Penshoppe ကို ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။

Penshoppe က ဖိလစ်ပိုင်ရဲ့ Local Top Brand တစ်ခုဖြစ်သလို၊ International Brand တွေနဲ့အပြိုင် ဈေးကွက်ရှိပြီး လူငယ်တွေကြား ရေပန်းစားတဲ့ Brand တစ်ခုဖြစ်တာကို တွေ့ရတယ်။ မြန်မာပြည်မှာလည်း International Brand တွေရှိပေမယ့် လူငယ်တွေကိုအဓိက ရည်ရွယ်တဲ့ New Age Brand တွေမရှိဘူးလေ။ ဖိလစ်ပိုင်လူငယ်တွေရဲ့ Lifestyle တွေနဲ့ ဒီက လူငယ်တွေရဲ့ Lifestyle သိပ်မခြားနားဘူး။ Korea Wave ရဲ့ လွှမ်းမိုးခံရခြင်းတွေ၊ နားထောင်ကြတဲ့ Music Trend တွေ ၊ EDM festival တွေနဲ့ သူတို့ကြိုက်တဲ့ Influencer တွေကလည်းအတူတူပဲ ဆိုတာသိတော့ ဖိလစ်ပိုင်လူငယ်တွေတောင် ကြိုက်တယ်ဆိုရင် ဒီကလူငယ်တွေလည်း ကြိုက်မှာပဲဆိုပြီး ရွေးချယ်ဖြစ်သွားတယ်။ တကယ်လည်း ဒီကလူငယ်တွေ Penshoppe ကိုကြိုက်ကြပါတယ်။ နောက်ပြီး သူတို့ရဲ့ ဒီဇိုင်းတွေကအလျှင်အမြန်ပြောင်းလဲနေတဲ့ Fashion Trend တွေနဲ့လည်း ကိုက်ပြီး Update ဖြစ်တယ်။အရည်အသွေးကောင်းပြီး ဒီကလူတွေ သုံးနိုင်တဲ့ Price Rage လည်းရှိတာကြောင့် လည်းပါပါတယ်။


Penshoppe ရဲ့ Direction ကရော ဘာများဖြစ်မလဲ။

Penshoppe ရဲ့ စတိုင်က Streetstyle ဘက်ကိုသွားတယ်။အခုခေတ် လူငယ်တွေနဲ့ Urban Style ကို ကိုယ်စားပြုတယ်လို့ ပြောရင်လည်း ရတယ်။


ဒီမှာ Penshoppe ကို ဝတ်ဆင်ကြတဲ့သူတွေက ဘယ်သူတွေလဲ။

ပထမတော့ ကျွန်တော်တို့ရဲ့ Target ကိုအသက် ၁၈ နှစ်လောက်ကနေ ၂၈ နှစ်လောက်အထိကို ရည်ရွယ်ထားတယ်။ ဒါပေမယ့်အဲဒီထက် ငယ်တဲ့ ကလေးတွေ ၁၄ရွယ်တွေအထိပါ ဝတ်ကြတာကို ကျွန်တော်တို့ သိခဲ့ရတယ်။ ဖက်ရှင်ကျကျ ဝတ်ဆင်တတ်တဲ့အသက် ၃၀ လောက်ထိပါ ဝတ်တာကို လည်း တွေ့ရတယ်။ ဒါဟာ မမျှော်လင့်ထားဘဲနဲ့ ဖြစ်လာတဲ့အရာလိုဆိုရမှာပေါ့။အဲဒါကလည်း ကျွန်တော်တို့ဆီမှာ ဆယ်နှစ်အောက် ကလေးအဝတ်အစားတွေရယ်၊အရွယ်ရောက်ပြီးသားလူတွေအတွက်ပဲရှိတဲ့အဝတ်စားတွေပဲရှိပြီး ဆယ်ကျော်အသက်ရွယ် ကိုရည်ရွယ်တဲ့ Brand မရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ ပြီးတော့ Fashion pieces တွေရှိနေရင်တော့ ဘယ်အရွယ်ပဲ ရောက်ရောက် ဖက်ရှင်ကြိုက်တဲ့သူကတော့ ဝယ်မှာပဲလေ။


ဒီနေ့ရဲ့ Fashion Trend ကို ဘယ်လိုမြင်လဲ။

ဒီနှစ်ကတော့ ကာလာရောင်စုံတွေရဲ့ နှစ်လို့ထင်တယ်။ ရှေ့နှစ်ကဆို တစ်နှစ်ပတ်လုံးကို ခရမ်းရောင်ကပဲ ဦးဆောင်ပြီး တခြားအရောင်တွေက နောက်ကလိုက်တယ်။ ဒီနှစ်မှာတော့ ဘယ်နေရာကြည့်ကြည့် ရောင်တွေက တောက်ပပြီး စုံလင်နေတယ်။ ထင်းကနဲ ဖြစ်နေတဲ့အရောင်ကို ရွေးချယ်သူတွေများတယ်။ ပြီးတော့ ဒီနှစ်က Material တွေထက်အရောင်ကို ပိုဦးစားပေး တယ်လို့ ပြောရမယ်။အရင်က ဆိုအပေါ်အအောက်အရောင်ဟာမိုနီက ညီတယ်။ ဒီနှစ်မှာဆိုအပေါ်အအောက်အရောင်မတူတဲ့ Mix - Match ပုံစံလေးတွေ ပိုတွေ့ရတယ်။


Penshoppe Collectionအကြောင်းကိုလည်း ပြောပြပါဦး။

ဒီဇိုင်းတွေက On Trend ဖြစ်လွန်းတော့ ဒီကလူတွေ ဝတ်ရဲကြလိမ့်မလားလို့ နည်းနည်း စိတ်ပူမိတယ်။ ဒါပေမယ့် မျှော်လင့်ထားတာထက် ဒီကလူငယ်တွေက ဝတ်တတ်ကြသလို စတိုင်လည်းထုတ်တတ်ကြတယ်။အရင်တုန်းကဆို ဒီကလူတွေဝတ်လေ့ရှိတာ ကိုပဲ ရွေးပြီးသွင်းပေမယ့်အခုတော့ Penshoppe ရဲ့ Global Collectionအတိုင်း သွင်းတော့တယ်။ ဒီမှာက ဖက်ရှင်နဲ့ ပတ်သက်ပြီး ရွေးချယ်စရာမရှိလို့သာ ပုံမှန် ရိုးရိုးလေးတွေသာ ဝတ်ကြတာ။ ရွေးချယ်စရာသာရှိရင်အင်တာနေရှင်နယ်က လူငယ်တွေအတိုင်း ဝတ်ဆင်ကြမှာအသေချာပဲလေ။ Penshoppe ကတော့ International Fashion Trend တွေအတိုင်း ဆက်သွားပြီး ဆန်းသစ်မှုတွေနဲ့ ရွေးချယ်စရာအများအပြားကို ဖန်တီးပေးနေဦးမှာပါ။


Penshoppe ကို ဘယ်တွေမှာ ဝယ်လို့ရနိုင်လဲ။

City Mall ၊ Junction City ၊ Myanmar Plaza ၊ Junction Square ရဲ့ AK Mall တွေမှာ ဝယ်လို့ရပါတယ်။ ၂၀၁၉ စက်တင်ဘာ လောက်ဆို Time City မှာ (၅) ဆိုင်မြောက် ဆိုင်ခွဲကို ဖွင့်သွားမယ်။ Facebook က တဆင့် ဝယ်လို့ရတဲ့အွန်းလိုင်းရှော့ပင် ကိုလည်း ဒီ ၂၀၁၉ မှာပဲစခဲ့တယ်။ မန္တလေးမှာတော့ Popup Store လေးတွေ လုပ်သွားဖို့ စီစဉ်ထားပါတယ်။


ကိုမျိုးမြင့်ကျော်ရဲ့ ဖက်ရှင်စတိုင်က သိချင်ပါတယ်။

Simple ဖြစ်ပြီး Comfort ဖြစ်တဲ့ စတိုင်တစ်ခုကို ကျွန်တော်မှာ တွေ့ရမယ်ထင်တယ်။အရောင်တွေဆိုရင်အနက်၊အဖြူ၊အပြာ တွေပဲ ဝတ်တာများတယ်။ ပြီးတော့ ကျွန်တော်က ဒီဇိုင်းတစ်မျိုးတည်းကိုပဲ လေးငါးခြောက်ထည်လောက် တစ်ခါတည်း ဝတ်လေ့ရှိတယ်။ နေ့တိုင်းမှာ တူညီတဲ့ စတိုင်တစ်မျိုးတည်းကိုပဲ တခြားသူတွေက မြင်ရပေမယ့် ကျွန်တော်အတွက်တော့ တစ်နေ့တစ်နေ့ ဒီနေ့ဘာဝတ်ရင် ကောင်းမလဲ သိပ်စဉ်းစားစရာ မလိုတော့ဘူးပေါ့ဗျာ။


အခုလက်ရှိအသုံးချနေတဲ့ Management Style တစ်ခုကိုလည်း မျှဝေပေးပါဦး။

အရင်တုန်းကဆိုအရာအားလုံးကို ကိုယ်တိုင်ပါဝင်ပြီးလုပ်တတ်တယ်။ ကိုယ်မပါရင် မဖြစ်ဘူးဆိုအဲဒီအတွေးကအမြဲတမ်းရှိနေတယ်။ ဆုံးဖြတ်ချတိုင်းမှာ ကျွန်တော်ပါဝင်တယ်။အခုချိန်မှာတော့အတွေ့အကြုံအများကြီးနဲ့ ရင့်ကျက်လာတယ်လို့ ပြောရတော့မယ်။ တခြားသူတွေကို တာဝန်တွေ ခွဲယူခိုင်းတယ်။အရာရာတိုင်းမှာ ကျွန်တော်ကိုယ်တိုင် မပါဝင်တော့ဘူး။ Team Member တွေကို လေ့ကျင့်ပေးတယ်။ သူတို့လုပ်နိုင်တဲ့အတိုင်းအတာအထိ လုပ်ပိုင်ခွင့်တွေပေးပြီး ယုံကြည်မှုတွေ ပေးထားတယ်။ သူတို့ရဲ့အားနည်းချက်တွေနဲ့ ပတ်သက်ပြီး Feedback တွေပေးပြီး ပိုကောင်းလာအောင်အကြံပြုတယ်။ ပြီးတော့ Information တွေက တဆင့်ပြီးမှ တဆင့်လာရတဲ့ Hierarchy Organization ပုံစံမျိုးအစားအာလုံးက ကိုယ့်ဆီကို လွယ်လွယ်ကူကူရောက်နိုင်တဲ့ Flat Organization ပုံစံမျိုးကို ထားတယ်။ ဒီလိုမျိုးဖြစ်အောင် Working Space Design ကိုလည်း ရာထူးအလိုက်အကန့်တွေ၊အခန်းတွေ မသုံးတော့ပဲ တစ်ယောက်ကို တစ်ယောက်တွေ့နေရတဲ့ Open Type မျိုးလုပ်ထားတယ်။

နောက်တစ်ခုက Empathy ကိုယ်ချင်းစာစိတ်လေး ပိုထားတတ်လာတယ်။အရင်တုန်းကဆို နောက်ကျရင်၊အမှားလုပ်မိရင်အဲဒါတွေပတ်သက်ပြီးအကြောင်းအရင်း တစ်စုံတစ်ရာ မမေးဘဲအပြစ်တင်မိတာတွေရှိတယ်။အခုဆိုရင်အဲဒါတွေပတ်သက်ပြီးအကြောင်းရင်းတစ်ခုခုတော့ရှိရမယ်လို့ သူတို့ကို နားလည်ပေးနိုင်လာတယ်။


တစ်ချို့ဝန်းထမ်းတွေကအဲဒီအပေါ်မှာ ခွင့်ကောင်းယူပြီး ဆင်ခြေတွေပဲ ပေးနေမယ်ဆိုရင် ဘယ်လိုတုန့်ပြန်လိမ့်မလဲ။

ကျွန်တော်တို့သာ ဝန်ထမ်းခန့်အပ်တဲ့အချိန်မှာသာ သေသေချာချာ ရွေးချယ်ခဲ့ရင် ဒီလိုမျိုး ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်အဲဒီအတွက်အချိန်ပေးပြီး သေသေချာချာရွေးတယ်။ လူရရင် ပြီးရော မြန်မြန်ဆန်ဆန်အလုပ်ခန့်တဲ့အလေ့အကျင့်တစ်ခုကို မဖြစ်အောင် လုပ်ထားပါတယ်။အင်တာဗျူးမှာအရမ်းတော်တဲ့ လူတွေ၊အရည်အချင်းရှိတဲ့ သူတွေ တွေ့နိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာ မတူညီတဲ့အရည်းအချင်း ကိုယ်စီတော့ ရှိကြပါတယ်။ ဒါကြောင့်အလုပ်ခန့်ရင် ကျွန်တော်တို့ Team ရယ်၊အလုပ်ရယ်နဲ့ ကွက်တိကျတဲ့သူမျိုးကိုပဲ ရွေးတယ်။


Top Management ထဲက ဒါရိုက်တာ တစ်ယောက်ဆိုပေမယ့်အလုပ်ခန့်တာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်အင်တာဗျူးရတဲ့အတွေ့အကြုံရှိလား။

ဟုတ်ကဲ့။ ရှိပါတယ်။


ဒါဆိုအင်တာဗျူးမှာ မေးနေကျ မေးခွန်းတစ်ခုကို ပြောပြလို့ရမလား။

How lucky are you? မင်း ဘယ်လောက်အထိ ကံကောင်းလဲ။ သုည က ကံအဆိုးဆုံး၊ တစ်ဆယ်က ကံအကောင်းဆုံး။ ဘာကြောင့် မင်း ကံကောင်းတယ်လို့ပြောတာလဲ။ ဘာကြောင့် မင်း ကံဆိုးတယ်လို့ပြောတာလဲ။အဲဒီလိုအမြဲမေးတယ်။ ဒီမေးခွန်းတွေကို သူတို့ဖြေတဲ့အခါမှာ သူတို့ရဲ့ Character တွေကို သိရတယ်။


ကိုမျိုးမြင့်ကျော်ကို ဆွဲဆောင်နိုင်တဲ့အရာတွေက ဘာများလဲ။

Gadget တွေကို ကျွန်တော်စိတ်ဝင်စားတယ်။ ကင်မရာ၊ ဖုန်း တွေစတဲ့ Tech နဲ့ပတ်သက်တဲ့ ပစ္စည်းတိုင်းက ကျွန်တော်ကို တော်တော်ဆွဲဆောင်နိုင်တယ်။အရင်တုန်းကဆို ဖုန်းနဲ့ ကွန်ပျူတာကို Update ထွက်တိုင်း ပြောင်းသုံးရမှ ကျေနပ်တယ်။


အပြင်ထွက်တိုင်းအိမ်ကိုအမြဲလိုလို ဝယ်လာဖြစ်တဲ့ ပစ္စည်းကရော ဘာများဖြစ်မလဲ။

စာအုပ်။ စာအုပ်တွေ့ရင်အမြဲလိုလိုဝယ်ချင်နေတယ်။ တစ်ခါတစ်လေ ဒီစာအုပ်ဖတ်ဖို့အချိန်မပေးနိုင်ဘူး ဆိုတာ သိလျှက်နဲ့လည်း ဝယ်မိတယ်။အဓိက ဝယ်လေ့ရှိတာက Biography တွေ၊ Silicon Valley က ထွက်တဲ့ Startup နဲ့ Founderအကြောင်းတွေ၊ Harvard Business Review တွေ၊ Healthy Diet တွေပါ။


ဖတ်ခဲ့သမျှထဲကမှအခုထိအကြိုက်ဆုံးစာအုပ်က ဘာစာအုပ်လဲ။

Tony Hsieh ရဲ့ Delivering Happiness ပါ။ စာရေးဆရာက Zappos ရဲ့ CEO တစ်ယောက်ဖြစ်ပြီး စွန့်ဦးတည်ထွင်သူတစ်ယောက်ဖြစ်တဲ့ သူ့ဘဝအကြောင်းအသေးစိပ် တွေကို စာအုပ်ထဲမှာ ဖတ်ရတယ်။အဲဒီကနေ ကျွန်တော်ကိုယ်တိုင် Business တစ်ခု ဘယ်လို စတင်ရမလဲဆိုတဲ့အတွေးမျိုးရခဲ့တာကြောင့် Impact ဖြစ်ရတဲ့ စာအုပ်တစ်အုပ်ပါ။


အားလပ်အချိန်မှာ လုပ်လေ့ရှိတဲ့ ဝါသနာ တစ်ခုက။

သီချင်းနားထောင်တယ်။ Audio Book နားထောင်တယ်။ စာအုပ်ဖတ်တယ်။


ဒီမှာက Audio Book နားထောင်တဲ့အလေ့အထက သိပ်ကို နည်းတယ်။ ဒီအလေ့အထကို ဘယ်လိုရခဲ့လဲ။

တစ်ယောက်တည်း ကားမောင်းရင်းနဲ့အဲဒါကို နားထောင်ဖြစ်သွားတာပါ။ ကားမောင်းနေရင်း သီးချင်းကတော့ လူတိုင်းလိုပဲ ကျွန်တော်လည်း နားထောင်ဖြစ်တယ်။ နောက်တော့ စာအုပ်လည်းဖတ်ချင်တယ်။ ဖတ်ဖို့အချိန်ကလည်း နည်းတာနဲ့ ကားမောင်းနေရင်း Traffic မှာ ရှိနေတဲ့အချိန်တွေမှာ Audio Book ကိုနားထောင်ဖြစ်သွားတယ်။ Gym ဆော့နေရင်းလည်း နည်းထောင်တယ်။ ကျွန်တော်က ပုံမှန်အတိုင်း စာအုပ်ဖတ်ရင် နှေးတယ်။ Audio Book ကျတော့ နားထောင်နေရင်းနဲ့ Visualize လုပ်လို့ရတယ်။ ဒါတွေကြောင့် ဒီအလေ့အထကို ရသွားတာ ဖြစ်မယ်။


နောက်ဆုံး မေးခွန်းတစ်ခုအနေနဲ့ ကိုမျိုးမြင့်ကျော် စိတ်ပါဝင်စားစွာ ဆွေးနွေးပြောဆိုတတ်တဲ့အကြောင်းရာရှိလား။

Business ပတ်သက်တာတွေ၊ Startup လုပ်တဲ့အကြောင်းတွေဆို စိတ်ပါလက်ပါ ဆွေးနွေးလေ့ရှိတယ်။ ပြောရင်းတွေးရင်းနဲ့ Business Ideaအသစ်တစ်ခုရလာပြီ ဆိုရင်လည်း သူများတွေကို မျှဝေပေးတယ်။ တခြားသူတွေရဲ့ လုပ်ငန်းအကြောင်းတွေကိုလည်းအကြံဉာဏ်တွေပေးအချင်းချင်း ဆွေးနွေးနေရင်တော့အချိန်ကုန်လို့ ကုန်မှန်းတောင် သတိမထားမိဘူး။

Interviewed by: Min Chit Paing




Some text some message..