အချစ်ရေးကံမကောင်းသူများအတွက်ယတြာ
weddingguide.com.mm
|
2019-07-22

အချစ်ကံခေလွန်းနေသူများအထူးသတိပြုဖွယ်...


မိတ်ဆွေ....အရင်ဆုံး သင်နေသောအခန်းထဲမှာအနောက်တောင်ထောင်အရပ်ဘက်မှာ ရှုပ်ပွနေတယ်၊ နံစော်နေတယ်၊



မသန့်မရှင်း ဖြစ်နေတယ်ဆိုရင် သင်၏အချစ်ရေး မေတ္တာရေး မကောင်းဘူးလို့ ဆိုထားတယ်။



နောက်ပြီးအဲဒီထောင့်က နံရံမှာ နိမိတ်မကောင်းတဲ့ ပန်းချီ ၊ဓာတ်ပုံတွေ ချိတ်ဆွဲထားရင်လည်း မကောင်းဘူး။



ဒါကြောင့်အရင်ဆုံးအဲဒီထောင့်ကို ကောင်းကောင်းလေး ပြင်ဆင်ရမယ်။



နိမိတ်ကောင်းတဲ့ လှပတင့်တယ်ပြီး ရှု့ချင်စဖွယ်ရှိတဲ့ ဓာတ်ပုံတွေ ပန်ချီတွေ ပိုစတာတွေ ကပ်ရမယ်။ ဖြစ်နိုင်ရင် လင်းလက်တဲ့ မီးလုံးမီးအိမ် တစ်ခုခု ထွန်းထားလိုက်ပါ။


အချစ်ကံခေလွန်းနေသူများအတွက် ယတြာနည်း


သင်နေသောအခန်းထဲကအနောက်တောင်ထောင်တွင် ထောင့်ကပ်စာပွဲငယ်တစ်လုံး ထိုအပေါ်တွင် လည်တံရှည်ပန်းအိုး တစ်လုံးတင်ပါ။



အဖြူရောင် ကြွေပန်းအိုးလေး ဖြစ်ရမယ်။အခြားသော မြေပန်းအိုး ကြေးပန်းအိုး စတီးပန်းအိုး သတ္တုပန်းအိုးများ မရပါ။ ကြွေပန်းအိုးဖြစ်ရမယ်။



အဲဒီပန်းအိုးလေးထဲမှာ နှင်းဆီပန်းအနီ ရိုးတံရှည်အရွက်အနည်းငယ်ပါ တစ်ပွင့် ထိုးစိုက်ထားရမယ်။ နှင်းဆီပန်းအစစ်ဆိုရင် ပိုကောင်းတယ်။



နောက်ဆုံး ပန်းအစစ်မရမှအတုကို သုံးနိုင်ပါသည်။ ပန်းအတု သုံးတယ်ဆိုရင်တော့အဲဒီနှင်းဆီပန်းကို ရေမွှေးဆွတ်ဖြန်ပေးရမည်။



အစစ်က ပိုကောင်းသည်။ နှင်းဆီပန်းက ပွင့်အာနေရမည်။ နှင်းဆီပန်းညှိုးနွမ်းပါကအသစ်လဲပေးရမည်။ ဟောင်းသွားပါကအသစ်လဲပေးရမည်။



အဲဒီလို ဆောင်ရွက်ထားခြင်းဖြင့်အချစ်ရေးအဆင်မပြေသူများအချစ်ရေးအဆင်ပြေမည်။အချစ်ကံကောင်းခြင်းများ ဖြစ်မည်။ စန်းအားနည်းနေသူများ စန်းပွင့်မည်။


Source- ဆရာဟိန်းတင့်ဇော်

Myanmar Wedding Guide



Some text some message..