ရုတ်တရက် ကျယ်လောင်တဲ့ ကားဟွန်းသံတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်
trend.com.mm
|
2019-07-22

လမ်းသွားရင်းဖြစ်စေ ၊အိပ်စက်နေချိန်မှာပဲဖြစ်ဖြစ် ကျယ်လောင်တဲ့ ကားဟွန်းသံတွေကို
ရုတ်တရက်ကြားလိုက်ရချိန်မှာ တော်ရုံလူဆို ဘာမှမဖြစ်ပေမယ့် နှလုံးရောဂါအခံရှိသူဆို ၊
ထိတ်လန့်လွယ်သူဆို ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။



သုတေသနပညာရှင်တွေရဲ့လေ့လာချက်အရ ရုတ်တရက် ကျယ်လောင်တဲ့အသံတွေက
နှလုံးနဲ့ ဆက်စပ်ရောဂါတွေ ပိုဖြစ်နိုင်ချေများကြောင်း ပြောထားပါတယ်။
ညဘက်တွေမှာ ကြားလိုက်ရတဲ့ ကျယ်လောင်သံတွေကလည်း နှလုံးကို တိုက်ရိုက်သွားထိပါတယ်။


တစ်ချို့ဆို ဆူလောင်သံတွေကြောင့်အလုပ်မလုပ်နိုင်တော့ပဲ စိတ်ဖိစီး၊ ဒေါသထွက်ရပါတယ်။
ဒါကြောင့် ဘယ်သွားသွား ၊ ဘာလုပ်လုပ် သတိကပ်ထားနိုင်တာအကောင်းဆုံးပါပဲ။
အပြိုင်ဆိုင်မောင်းနေတဲ့ ကားတွေရယ်၊ ကားနည်းနည်းပိတ်တာနဲ့ ဟွန်းသံတွေ ဆူညံနေအောင်
တီးတတ်တဲ့ ကားတွေနားရောက်တဲ့အခါ သတိမကပ်ထားရင် ရုတ်တရက် လန့်ပြီး ရှော့ဖြစ်နိုင်ပါ
တယ်။ ထပ်ခါထပ်ခါ ကြားရတဲ့အခါ နှလုံးက ထိခိုက်မှုများလာပါလိမ့်မယ်။



အထူးသဖြင့် မထင်မှတ်ထားတဲ့အချိန်မှာ ကျယ်လောင်သံတွေကို ကြားလိုက်ရတဲ့အခါ
စိတ်ဖိစီးမှုတွေကို မြင့်တက်စေတာပါ။ စိတ်ထိန်းချုပ်မှုကို လျော့ကျစေသလို ၊အကြောက်တရား
တွေ ပိုလွှမ်းမိုးသွားစေပါတယ်။


ရုတ်တရက်ဆိုတဲ့အရာဟာ ဘယ်လိုမှ ရှောင်လွဲှလို့မရနိုင်တာမို့အကောင်းဆုံးအကြံပြုချက်က
တော့ ခန္ဓာကိုယ်ကရော ၊အသိမှာပါ သတိကပ်ထားဖို့လိုပါတယ်။အမှတ်တမဲ့ပဲ မဖြစ်နိုင်လောက်
ပါဘူးဆိုပြီး မပစ်ထားပါနဲ့။ သတိထားတယ်ဆိုတာ ပိုတယ်လို့ကို မရှိပါဘူး။




Some text some message..