ချစ်သူရဲ့အစိမ်းသက်သက် လမ်းခွဲစကားပြောခံရရင်
myanmaplatform.com
|
2019-07-23



ချစ်သူရည်းစားဖြစ်တိုင်း ချစ်တယ် လက်တွဲမယ်ဆိုတဲ့စကားပြောသလို လမ်းခွဲစကားကိုလည်း ပြောတတ်ကြပါတယ်။ချစ်သူကို စိတ်ဆိုးစိတ်ကောက်လို့ လမ်းခွဲစကားပြောခံရတတ်သလို တကယ်ကို ပြဿနာမရှိဘဲအစိမ်းသက်သက်လမ်းခွဲစကားပြောခံရတဲ့အခါတွေလည်း ရှိတတ်ပါတယ်။ စိတ်ဆိုးစိတ်ကောက်လို့ လမ်းခွဲစကားပြောရင် ပြန်အဆင်ပြေတတ်ပေမယ့်အစိမ်းသက်သက်လမ်းခွဲစကားပြောခံရရင်တော့ သေချာစဉ်းစားပြီး လုပ်ဆောင်ရမယ့်အချက်တွေ ကိုပြောပြလိုက်ပါတယ်နော်။




၁။အစိမ်းသက်သက်လမ်းခွဲစကားပြောခံရရင်

ချစ်သူတွေက ပြဿနာတတ်ကြလို့၊ ဘာအပြစ်မှ မရှိဘဲအစိမ်းသက်သက်လမ်းခွဲစကားပြောခံရရင် သေချာပါတယ်အခြားတစ်ယောက်ကိုတွေ့ပြီး ကိုယ့်ကိုဆက်မတွဲချင်တော့လို့ဖြစ်ပါတယ်။ ဒါကြောင့် လက်မတွဲချင်လို့ လက်တွဲဖြုတ်တာကိုအတွေးလွန်မနေဘဲ လမ်းခွဲပေးလိုက်တာက ကိုယ့်အတွက်အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက်အကောင်းဆုံးဖြစ်တဲ့ နည်းလမ်းကို ရွေးချယ်တာအကောင်းဆုံးဖြစ်ပါတယ်။




၂။ ရင်ထဲရှိအတိုင်းပြောပစ်လိုက်ပါ။

ကိုယ့်ရဲ့ချစ်သူနဲ့ ဆက်ပြီးတော့ လက်တွဲမယ်ဆိုရင်တော့ မပြောသေးတာအကောင်းဆုံုးပါ။ တကယ်လို့ သူနဲ့ လုံးဝမပတ်သက်တော့ဘူးဆိုရင် သူကိုယ့်ပေါ်လုပ်ခဲ့တဲ့အရာတွေကို ရင်ထဲရှိတဲ့အတိုင်း ပြောပစ်လိုက်ပါ။ သူ့ဘက်ကအစိမ်းသက်သက်လမ်းခွဲစကားဆိုနေမှတော့ ဘာမှ ထိန်းချန်စရာမလိုတော့ဘူးလေ။ မပြောလိုက်မိရင်တောင် တနုံ့နုံ့နဲ့ ခံစားရနိုင်တာကြောင့် ပြောပစ်လိုက်တာအကောင်းဆုံးဖြစ်ပါတယ်။




၃။ ကြိတ်မခံစားပါနဲ့

လမ်းခွဲစကားကြားရပြီဆိုရင် တော်တော်များများက တစ်ယောက်တည်းကြိတ်ခံစားတတ်ကြပါတယ်။ ဒါကြောင့် တစ်ယောက်တည်း ကြိတ်ခံစားတာမျိုးမလုပ်ဘဲ ကိုယ့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းကို ရင်ဖွင့်လိုက်ပါ။ နားမထောင်ချင်ဘူးဆိုရင်တောင် ရအောင် ရင်ဖွင့်လိုက်ပါ။ သူရဲ့ ကောင်းခဲ့တဲ့အရာကော မကောင်းခဲ့တဲ့အရာကောအကုန်လုံးကို ရင်ဖွင့်ပစ်လိုက်ပါ။ ပြီးရင်း ငိုချလိုက်ပါ။ ဒါဆိုရင် သင့်ရင်ထဲမှာ ခံစားနေရတဲ့အရာတွေကို ကြိတ်ခံစားတာမျိုးမလုပ်တာအကောင်းဆုံးဖြစ်ပါတယ်။




၄။ ဒီလိုလမ်းခွဲခံရရင် ကျေးဇူးတင်စကားပြောလိုက်ပါ။

ကိုယ်က သူအပေါ်ကို ကောင်းရဲ့သားနဲ့အစိမ်းသက်သက် လမ်းခွဲစကားပြောလာရင်တော့ ခံရခက်စေတဲ့ စကားကကျေးဇူးပါလို့ ပြောလိုက်တာအကောင်းဆုံးဖြစ်ပါတယ်။ တချို့သောသူတွေက ငါသာဒီလိုလမ်းခွဲစကားဆိုလိုက်ရင်သူအရမ်းခံစားရနိုင်တယ်ဆိုပြီး ပျော်တတ်ကြပါတယ်။ ဒါကြောင့် သူကို မပျော်ရွှင်စေချင်ဘူးဆိုရင် ကျေးဇူးပါဆိုတဲ့စကားကအကောင်းဆုံးဖြစ်ပါတယ်။




၅။ ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်ပါ။

ချစ်သူက လမ်းခွဲစကားပြောလိုက်တယ်ဆိုတိုင်းအခန်းပိတ်ငိုတာ ကိုယ့်ကိုယ်ကို ကြံစည်တာမျိုး လုံးဝမလုပ်ပါနဲ့။မိမိကိုယ်ကို ချစ်ပါ။အရင်ကတော့သူကိုချစ်စိတ်နဲ့သူတားဆီးပိတ်ပင်တဲ့အရာတွေကို စိတ်လိုလက်ရလုပ်လိုက်ပါ။။သူအတွက် ပေးခဲ့ရတဲ့အချိန်တွေကို ကိုယ့်အတွက် ကိုယ်ပေးပြီး ဘဝတိုးတက်အောင်အသုံးချပြီး ကိုယ့်ကိုယ်ကိုပြန်လည်တည်ဆောက်လိုက်ပါ။




Some text some message..