
၂၀ရာစုအရှေ့ပိုင်းလောက်က Basketball Shoeအနေနဲ့သိထားကြပြီးယနေ့ခေတ်မှာတော့ All Stars -Converse All Stars ဆိုပြီးလူအများစီးနေကြပါတယ်။ ဘယ်သောအခါမှရိုးမသွားစေတဲ့ဖက်ရှင် Item တွေထဲမှာ All Stars ဖိနပ်တွေကအပါအဝင်ပါ။ 90s born တွေရဲ့အသည်းစွဲဖက်ရှင်တစ်ခုဖြစ်ခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။အရမ်းဆန်းပြားနေတာမဟုတ်ဘဲရိုးရိုးလေးနဲ့မိုက်ခဲ့တဲ့ဖက်ရှင်ပါ။ Punkအထာလေးတွေဝတ်ကြပြီး All Stars ကမိန်းကလေးရောယောင်္ကျားလေးပါစီးကြတာတွေ့ရပါတယ်။အနက်ရောင်ကိုအစီးများကြပေမယ့်အခုနောက်ပိုင်းကာလာစုံစီနေကြတာတွေ့ရမှာပါ။အရေးကြီးတဲ့အချက်ကတော့ Converse ဖိနပ်တွေကဘယ်လိုဖက်ရှင်မျိုးနဲ့လိုက်ဖက်တယ် ဘယ်လိုဆိုမလိုက်ဘူး စတဲ့ကန့်သတ်ချက်တွေနဲ့စီးဖို့မလိုဘူးဆိုတယပ့ဘဲ။ လွတ်လပ်ပေါ့ပါးတဲ့ ဒီ All Stars -Converse ဖိနပ်လေးတွေကိုနောက်ပိုင်းOutfit တော်တော်များများနဲ့တွဲဝတ်နေကြတာတွေ့ရမှာပါ။ တကယ်တော့ All stars ဆိုတာနဲ့ဘောင်းဘီနဲ့သာတွဲဝတ်လို့လိုက်မယ်နောက်ပြီးယောင်္ကျားလေးနနည်းနည်းဆန်သွားမယ်စတဲ့အတွေးတွေနဲ့ပုံသေနည်းကိုဖယ်လိုက်ပါ။ All stars တစ်ရံကသင့်ရဲ့ဘောင်းဘီတွေနဲ့သာမက စကတ်လေးတွေ ဂါဝန်လေးတွေနဲ့ပါတွဲဝတ်လို့သင့်တော်တယ်ဆိုတာယုံလိုက်ပါ။Tee ကို Jean pant နဲ့တွဲပြီးပေါ့ပေါ့ပါးပါး All star လေးစီမလား။ နောက်ပြီး ချစ်စရာကောင်းတဲ့ jean skirtတိုလေးတွေနဲ့တွဲဝတ်မလား။ Floral midi စကတ်လေးတွေ ဂါဝန်လေးတွေနဲ့တွဲဝတ်မလားအားလုံးနဲ့အရမ်းကိုလိုက်ဖက်ပြီးအထာကျနေတာတွေ့ရမှာပါ။အမဲရောင် All Stars ကတော့ outfit တော်တော်များများနဲ လိုက်တယ်ဆိုပေမယ့်လည်းအရောင်လေးတွေနဲ့ All stars -Converse လေးတွေကလည်းသင့်ရဲ့outfitကိုအထာကျပြီးအမြင်ဆန်းစေမှာပါ။ လုပ်ငန်းခွင်နဲ့လည်းအဆင်ပြေ သလိုသူငယ်ချင်းတွေနဲ့လည်ပတ်တဲ့အခါပေါ့ပေါ့ပါးပါးအထာကျနိုင်တာမို့သင့်ဖိနပ်စင်မှာရှိထားသင့်ပါတယ်နော်။ နေ့တိုင်းမှာပြောင်းလဲနေတဲ့သင့် Moodအတိုင်း outfit တွေကို All stars လေးတစ်ရံလောက်နဲ့တွဲပြီး ဖက်ရှင်ကျကျလှနိုင်ပါစေနော်။
Editor : Bo