ကိုယ့် crush ကောင်မလေးကကိုယ့်ကိုစိတ်ဝင်စားနေပြီလား???
weddingguide.com.mm
|
2019-07-25

ဒီအချက်လေးတွေနဲ့ကိုက်ညီနေပြီဆိုရင်တော့ ကိုယ့် crush ကကိုယ့်ကိုစိတ်ဝင်စားနေပြီဆိုတာသေချာနေပါပြီနော်။


၁။ သင်ပြောထားသမျှကိုမှတ်မိခြင်း


အသေးစိတ်ကအစသင်ပြောထားသမျှကို မှတ်မိနေခြင်းကလည်း သင့်ကိုစိတ်ဝင်စားနေတဲ့အချက်တစ်ချက်ပါပဲ။


သူငယ်ချင်းချစ်သူအနေအထားမှာဖြစ်တတ်ပါတယ်။


၂။ ပျင်းစရာကောင်းတဲ့ message တွေပို့ခြင်း


နားမလည်ရင်တော့အခုပဲသွားစားလာတာ၊ ကားပေါ်ကနေဆင်းပြီဆိုတာတွေက ဘာအဓိပ္ပာယ်မှမရှိဘူးပေါ့။


ဒါပေ မယ့်တစ်ဖက်ကကြည့်ရင်တော့အသေးစိတ်ကအစသင့်ကိုအသိပေးနေတာပါ။


၃။အကျီ ၤလက်မောင်းကိုဆွဲတင်ခြင်း။


တော်ရုံနဲ့အမျိုးသမီးတွေက သူတို့ရဲ့အတွင်းသားကိုမပြတတ်ပါဘူး။


ဒီလိုလုပ်တယ်ဆိုတာ သင့်ကိုစိတ်ဝင်စားနေ တယ်လို့ပြသနေတဲ့အချက်တစ်ခုပါ။


၄။ မေးခွန်းနဲ့အဆုံးသတ်တဲ့ စာတိုပေးပို့ခြင်း


ဒါပြီးရင်ဘာလုပ်မှာလဲဆိုတာတွေပါ။ ဒါတွေက နောက်ထပ်စကားပြောဖို့တဲ့အကောင်းမွန်ဆုံးသော လမ်းကြောင်း ပေးမှုပါပဲ။


၅။ ခန္ဓာကိုယ်အမူအရာပြောင်းလဲခြင်း


ချစ်ခြင်းအစမျက်စိက ဆိုသလိုရှိပေမယ့် ဘေးတစ်စောင်းကြည့်နေတာတို့၊ ခြေချောင်းချိတ်ပြတာတို့နဲ့


သင့်မျက်နှာနဲ့ တည့်မယ့်ကိုယ်ဟန်ပြင်လိုက်တာတို့က သင့်ကိုစိတ်ဝင်စားနေတယ်ဆိုတာပါပဲ။


၆။ သင့်ရဲ့အထင်ကြီးမှုရယူခြင်း


ဒါကတော့ ရေလာမြောင်းပေးလို့တောင် ဆိုလို့ရပါတယ်။ သင့်ရှေ့မှာသူများထက်သူက


ဘယ်နေရာတွေမှာတော်တာ နဲ့သင်ချီးမွန်းလောက်အောင် ကိုယ်ရည်သွေးပြရတော့ သေချာပြီပေါ့။


၇။ ရင်ဖွင့်ခြင်း


သူငယ်ချင်းတွေမှာလည်းအဖြစ်များတတ်ပါတယ်။ သင့်ကိုယ်ယုံကြည်လို့ဖွင့်ပြောတာပါ။


သူ့အကြောင်း၊ သူဘယ်လို ခံစားနေရတယ်ဆိုတာပြောပြတာက သင့်ကိုအလေးထားမှန်းသိသာစေပါတယ်။

Myanmar Wedding Guide



Some text some message..