ကျောက်ချဉ်ရေဖြင့် ဆေးကြောခြင်းက မိန်းမကိုယ်အင်္ဂါကို ကျဉ်းစေ
shweinnlay.com
|
2019-07-26



အမျိုးသမီးများ လိင်ဆက်ဆံခြင်း၊ ကလေးမွေးဖွားခြင်းတို့က မိန်းမကိုယ်ကျယ်စေတဲ့အဓိကအကြောင်းအရင်းပါပဲ။ မိန်းမကိုယ်ကျြယ်ခင်းကြောင့်အိမ်ထောင်မှုသုခ မပြည့်စုံမှာ စိုးရိမ်နေတဲ့အမျိုးသမီးတွေအတွက်အလွယ်နည်းလမ်းကောင်း တစ်ခု ရှိပါတယ်။အဲ့ဒါကတော့ ကျောက်ချဉ်အသုံးပြုတဲ့ နည်းလမ်းပါပဲ။

တချိုက ကျောက်ချဉ်အမှုန့်ကိုအသုံးပြုကြသလိုအချို့က ကျောက်ချဉ်အခဲလိုက်အသုံးပြုကြပါတယ်။အသုံးပြုရမယ့် နည်းလမ်းကတော့ ပထမဦးစွာ ရေတဖလားထဲသို့ ကျောက်ချဉ်မှုန့် (သို့) ကျောက်ချဉ်ခဲကို ထည့်ပြီးအရည်ပျော်သွားသည်အထိ ထားပေးပါ။အရည်ပျော်သွားပါက ထိုအရည်ဖြင့် မိန်းမကိုယ်ကို ဖြေးညှင်းစွာ ပွတ်ဆေးပေးပါ။အချို့ကတော့ ဇလားကြီးကြီးထဲမှာ ၁၅မိနစ်ခန့် ထိုင်ခြင်းဖြင့် မိန်းမကိုယ်ကို ကျောက်ချဉ်စိမ်ကြပါတယ်။ မိမိအဆင်ပြေတဲ့နည်းလမ်းကိုအသုံးပြုပါ။

လိင်မဆက်ဆံခင် နာရီဝက်၊ တစ်နာရီခန့်အလိုမှာ ကျောက်ချဉ်နည်းလမ်းကိုအသုံးပြုပေးမယ်ဆိုလျှင် မိန်းမကိုယ်အင်္ဂါ ကျဉ်းမြောင်းမှုကို ပိုပြီးသတိထားမိစေမယ်လို့ ဆိုပါတယ်။

အမှန်တကယ်အားဖြင့် ထိုနည်းလမ်းဟာ ယာယီကျဉ်းမြောင်းမှုကိုသာ ပေးစွမ်းနိုင်ပြီးအန္တရာယ်မရှိသော်လည်းအခန့်မသင့်လျှင် မိန်းမကိုယ်မှာ ပိုးဝင်ခြင်း၊အဖြူစွဲခြင်း ဖြစ်နိုင်လို့ မကြာခဏ ပြုလုပ်ခြင်းမပြုဖို့တော့ တိုက်တွန်းပါတယ်။

CHAN (ရွှေအင်းလေး)




Some text some message..