ကောင်မလေးတွေ ဘာလို့ ရစ်ကြတာလဲ
shwemom.com
|
2019-08-13

ကိုယ့်ကောင်မလေးကအရမ်းရစ်တတ်တဲ့ တစ်ယောက်ဖြစ်နေရင်ဘယ်လိုလုပ်မယ်လို့ စိတ်ကူးထားလဲ။ သူတို့ရစ်သမျှကို စိတ်ရှည်လက်ရှည်နဲ့ ဖြေရှင်းပေးမှာလား။ ဒါမှမဟုတ် နှစ်ယောက်သား စကားတွေများပြီး စိတ်ကောက်ကြမှာလား။ တကယ်တော့ ကောင်မလေးတွေ ရစ်တယ်ဆိုတာအကြောင်းပြချက်တွေရှိပါတယ်။ များသောအားဖြင့် ဒီလိုအချက်တွေကိုအခြေခံကြတယ်။

(၁)။ သူတို့ချစ်တယ်ဆိုတာကို ပြချင်လို့
များသောအားဖြင့် ကောင်မလေးတွေ ရစ်တယ်ဆိုတာက သူတို့ချစ်တယ်ဆိုတာကို ပြချင်လို့ပါ။ သူတို့စိတ်ထဲမှာတော့ သူတို့အဲဒီလို ရစ်နေတာ၊ ဂျီကျနေတာတွေဟာ သင့်ကိုချစ်လို့ပဲ လို့တွေးတတ်ကြတယ်။ တစ်ခါတစ်လေလည်း သင့်ကိုပြောကြပါလိမ့်မယ် “ချစ်လို့ ဂျီကျတာ” ဆိုပြီးတော့လေ။ သူတို့အတွက်တော့ ရစ်တယ် ဆိုတာ ချစ်တယ် ဆိုတာနဲ့အဓိပ္ပာယ်တူပါသတဲ့။


gostua/Shutterstock

(၂)။အချော့ခံချင်လို့
တချို့ကတော့ သူတို့ကိုယ်သူတို့ ကလေးလို သဘောထားကြပြီး တမင်ဆိုးပြကြတာမျိုးရှိတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့အချော့ခံချင်လို့ပါပဲ။ သူတို့ရစ်တဲ့အတွက် သင်က စိတ်ဆိုးပြီး စကားများကြမယ်၊ စိတ်ကောက်ကြမယ်၊အဲဒီနောက်တော့ သင်ချော့တာကို ခံရမယ်။ ဒါက သူတို့ရဲ့ရည်ရွယ်ချက်ပါပဲ။ သူတို့ကအချော့ခံချင်နေကြတာပါ။


fizkes/Shutterstock

(၃)။ ကိုယ့်အပေါ် မကျေနပ်တာတစ်ခုခုရှိလို့
သင့်အပေါ်မှာ သူတို့မကျေနပ်တာ တစ်ခုခုရှိနေရင်လည်း သင့်ကို ရစ်ကြပါလိမ့်မယ်။ သင် ဘာလုပ်ခဲ့မိမှန်းတောင် သင်ကိုယ်တိုင် ပြန်စဉ်းစားလို့မရတဲ့အထိ သူတို့က သင့်ကိုရစ်ကြလိမ့်မယ်။ သင်က ပုံမှန်ဖုန်းဆက်နေကျအချိန်တွေမှာ ဖုန်းဆက်ဖို့မေ့နေတာ၊ ချိန်းထားတဲ့နေရာကို နောက်ကျပြီးမှရောက်သွားတာ စတဲ့အချက်လေးတွေက သင်အရစ်ခံရဖို့အတွက်အရေးပါတဲ့အကြောင်းရင်းတွေဖြစ်နိုင်ပါတယ်။

(၄)။အလိုလိုက်မှန်း သိနေလို့
သင်က သူတို့ကိုအရမ်းချစ်တယ်ဆိုတာ သူတို့သိနေတဲ့အခါဆိုရင်လည်း သင့်ကိုရစ်ဖို့ ကြိုးစားကြမှာပါ။ ရည်ရွယ်ချက်ကတော့ သူတို့ရစ်သမျှ၊ ဂျီကျသမျှကို သင်က သည်းခံပေးနေတဲ့အပေါ် ကျေနပ်နေတာကြောင့်ဖြစ်ပြီး သင်ကသူတို့ဆိုးသမျှအလိုလိုက်တဲ့သူမှန်း သိနေတာကြောင့်ပါ။


fizkes/Shutterstock

Linn




Some text some message..