ပိုက်ဆံရှိမိဘများ သားသမီးများကို ပုဂ္ဂလိကကျောင်းထားသည့်အစဉ်အလာကိုအားမပေးလိုဟု နိုင် ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆို
yangonmedia.com
|
2019-08-13


ရန်ကုန်၊ ဩဂုတ် ၁၂ - ပိုက်ဆံရှိ သည့်မိဘများအနေနှင့်၎င်းတို့၏သားသမီးများအား ပုဂ္ဂလိက ကျောင်းထားသည့်အစဉ်အလာ ကိုအားမပေးချင်ဟုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။ ဩဂုတ် ၁၂ ရက်၊ နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင် ရာကွန်ဗင်းရှင်းဗဟိုဌာန-၂တွင် ကျင်းပသည့်အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနား၌ ၎င်းကအထက်ပါအတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ""ပိုက်ဆံရှိတဲ့မိဘများဟာ သူတို့ရဲ့သားသမီးတွေကို ပုဂ္ဂလိ ကကျောင်းတွေကို လွှတ်တယ်ဆို တဲ့အစဉ်အလာကို ကျွန်မအားမ ပေးချင်ပါဘူး""ဟု ၎င်းကပြော သည်။ တချို့သောနိုင်ငံများတွင်အစိုးရကျောင်းသည် ပုဂ္ဂလိက ကျောင်းများထက်ပင် ပို၍ကောင်း ကြောင်း ယင်းသို့သောစနစ်မျိုး ကို မြန်မာနိုင်ငံ၌ ထူထောင်ချင် ကြောင်း ၎င်းကပြောသည်။ နိုင်ငံသူ၊ နိုင်ငံသားများအ နေဖြင့် ဆင်းရဲချမ်းသာ၊ တောနေ မြို့နေမရွေးအားလုံးအကောင်း ဆုံးပညာရေးကိုရရှိနိုင်သည့် နိုင်ငံ မျိုးဖြစ်စေချင်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံကဆိုသည်။ ""အမှတ်အများဆုံးသူကအ တော်ဆုံးဆိုသည့်အမြော်အမြင် ရှိသည့်အတွက် မည်သူကအမှတ်အများဆုံးရမလဲဆိုသော စိတ် ဓာတ်ဖြင့် ဆောင်ရွက်ခြင်းကြောင့် ပညာသင်ခြင်း၏အခြားသော တန်ဖိုးများကို မေ့သွားတတ်ကြောင်း ပညာသင်ခြင်းသည်အမှတ်များ များရအောင် လုပ်ခြင်းဟုထင်မြင် လာခြင်း စသည့်စိတ်များကို ပြောင်း လဲရန်လိုအပ်ကြောင်း ယင်းသို့ ပြောင်းလဲရာတွင် ဆရာနှင့်ကျောင်း သားများ၌သာမဟုတ်ဘဲ မိဘများ တွင်လည်း တာဝန်ရှိကြောင်း ၎င်း က ပြောသည်။ ""လူငယ်များအားလုံး ပါဝင် ပြီး ပညာရေးစနစ်ပြုပြင်ပြောင်း လဲဖို့လုပ်တဲ့နေရာမှာ လူငယ်တွေ က ကိုယ့်ကိုယ်ကိုယ်ကစပြီးပြုပြင် ပြောင်းလဲရပါလိမ့်မယ်။ ကိုယ့် ကိုယ်ကိုယ် မပြုပြင်မပြောင်းလဲ ဘဲနဲ့ တခြားကိစ္စတွေကို ပြုပြင် ပြောင်းလဲလို့မရပါဘူး။ ပညာရေး စနစ်အတွက်အဓိကတာဝန်ယူ ထားတဲ့အစိုးရဘက်ကလည်း ပြု ပြင်ပြောင်းလဲရပါလိမ့်မယ်။အစိုး ရပညာရေးဌာနကလည်းအားလုံး ဝိုင်းပြီးတော့ပြုပြင်ပြောင်းလဲသင့်တဲ့နေရာမှာ ပြုပြင်ပြောင်းလဲရ မှာဖြစ်ပါတယ်"" ဟု၎င်းကပြော သည်။ ပညာရေးနှင့်ပတ်သက်ပြီး ယခု နှစ်နှစ်၊ သုံးနှစ်အတွင်းအ ပြောင်းအလဲတော်တော်များများ ရှိသည်ကို တချို့လည်း သတိပြု မိမည်ဟုထင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။ ""နှစ်နှစ်ဆိုတဲ့ကာလဟာ မ များပါဘူး။နှစ်နှစ်အတွင်းမှာ သိ သိသာသာအပြောင်းအလဲတွေ ဖြစ်အောင် ကျွန်မတို့လုပ်နိုင်တယ် ဆိုရင် မှန်မှန်ကန်ကန်မူဝါဒတွေ ချလိုက်ပြီဆိုရင် ကျွန်မတို့အများ ကြီး တိုးတက်နိုင်မယ်လို့ ယူဆ ပါတယ်""ဟု ၎င်းကပြောသည်။အချိန်ကို လူငယ်များ ပြည့် ပြည့်ဝဝတန်ဖိုးရှိအောင်အသုံး ချနိုင်ရေးမှာအစိုးရနှင့်အဓိက သက်ဆိုင်ပြီးအစိုးရ၏မူဝါဒများအရ လူငယ်များအားလုံး ပညာ ဆည်းပူးနိုင်ရေးအတွက် ကြိုးစား ရမည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ကပြောသည်။ ပညာရေးစနစ်ပြုပြင်ပြောင်း လဲရာတွင်အတိတ်ကကျန်ခဲ့သည့်အခြေအနေကို ပြန်လည်ပြုပြင် ခြင်းနှင့်အနာဂတ်အတွက်ဖန်တီး တီထွင် ပြုပြင်ပြောင်းလဲခြင်းဖြစ် ပြီး မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနောက် ကျသည့်နိုင်ငံဖြစ်သဖြင့် ပြုပြင် ပြောင်းလဲမှုနှစ်မျိုးစလုံးလုပ်ဆောင် ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောသည်။ ""ပညာချည်းသက်သက်ဆို တာ ဘယ်နှတန်းအောင်ပြီးပြီ။ ဘွဲ့ ဘယ်လောက်ရပြီးပြီ။အဲဒီလို ဘွဲ့ တွေရရုံနဲ့လည်း ကျွန်မတို့ဟာအမြော်အမြင်ရှိနိုင်တာမဟုတ်ပါ ဘူး။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့ပညာ ရေးစနစ်ဟာ ဉာဏ်ပညာအမြော်အမြင်ရှိစေဖို့ ဦးတည်တဲ့စွမ်းရည်ရှိ ဖို့အများကြီးအရေးကြီးပါတယ်""ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံ၏ တက္ကသိုလ် ပညာရေးသည် သုံးနှစ်အတွင်း တက်လာသော်လည်း ဒေသတွင်းအခြားနိုင်ငံများ၏ တက္ကသိုလ်များ တိုးတက်မှုနှုန်းနှင့်နှိုင်းယှဉ်ပါက တိုးတက်မှုနှေးနေသေးကြောင်း ၎င်းကပြောသည်။ TTMT #Democracytoday





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..