မှတ်ဉာဏ်ချွတ်ယွင်းနေတဲ့အဘေးတော်စပ်သူကိုအရွယ်နဲ့မလိုက်အောင် ဂရုစိုက်ပြုစုတဲ့(၆) နှစ်သားလေး
yoyarlay.com
|
2019-08-13



ဗာဂျီးနီးယားပြည်နယ်က ကော့တ်တန် ကိတ်သ် (Colton Keith) ဆိုတဲ့ (၆) နှစ်အရွယ်ကလေးလေးက သူ့ရဲ့အဘေးကို ဂရုတစိုက်နဲ့ ထမင်းကျွေးနေတဲ့ဗီဒီယိုလေးဟာအွန်လိုင်းမှာ ပျံ့နှံ့လို့နေပါတယ်။အဲ့ဒီဗီဒီယိုလေးမှာ “ဂေါ်ဖီလက်သုပ်လေးစားဖို့လား..။ ဒီမှာ” လို့ သူ့အဘေးကို မေးနေတာကိုလည်း တွေ့ရပါတယ်။အသက် (၇၉) နှစ်အရွယ်ရှိတဲ့အဘေးတော်စပ်သူကို စိတ်ရှည်ရှည်နဲ့ တစ်ဇွန်းချင်း ခွံကျွေးနေတာပါ။

သူကအသက်သာငယ်ပေမယ့် မှတ်ဉာဏ်ချွတ်ယွင်းတဲ့ရောဂါကို ခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုထမင်းကျွေးရမလဲဆိုတာကို သိပါတယ်။ ထမင်းကျွေးတဲ့အခါမှာလည်း သူ့ရဲ့ပါးစပ်ဘေးမှာ ဘာမှ ပေကျံမနေအောင် ဂရုစိုက်ပြီးလည်းကျွေးပါတယ်။





ကော့တ်အမေရဲ့ပြောစကားအရ သူဟာ သူ့အဘေးကို နေ့တိုင်း ညစာကျွေးလေ့ရှိပါတယ်။ မကျွေးခင်မှာလည်း လက်သုတ်ပုဝါနဲ့ ဇွန်းကို သေသေချာချာလေး သန့်ရှင်ေးရးလုပ်တယ်လို့ သိရပါတယ်။ ကျွေးတဲ့အခါမှာ သူ့အဘိုးကိုအရသာရှိလားလို့ မေးကြည့်ဖို့လည်း သူ့ကို သင်ပေးထားပါတယ်။ သူ့သားကို မဂုဏ်ယူဘဲနဲ့ မနေနိုင်ဘူးလို့ သိရပါတယ်။




ကော့တ်ရဲ့မိခင်က “ကျွန်မရဲ့အဘိုးက သူ့ကိုယ်ပိုင်ဘဝလေးနဲ့ နေတာပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်စွမ်းတော့မရှိပါဘူး။ ဒါကြောင့် နေ့တိုင်း သူ့အိမ်ကို သွားကြည့်ဖြစ်ပါတယ်။ ကော့တ်က ကျွန်မနဲ့အတူ လိုက်လာလေ့ရှိပါတယ်။ သားလေးက ကူပြီးရေတိုက်ပေးတယ်။ ဝှီးချဲပေါ်တင်ပေးတယ်။ ဖိနပ်ဝတ်ပေးပါတယ်။ သားလေးအဲဒီလိုကူညီပေးတာ ဂုဏ်ယူလို့ မဆုံးပါဘူး” လို့ ပြောပါတယ်။


ဗီဒီယိုကြည့်ရန် –

http://tiny.cc/r593az
Ref: Dailymail “Heartwarming moment a six-year-boy patiently feeds his dementia-suffering great-grandfather”
WL (ရိုးရာလေး)




Some text some message..