အလုပ်မသွားချင်သူလေးတွေအတွက်အထာကျကျ ခွင့်တိုင်ကြမယ်
shwemom.com
|
2019-08-13

ခွင့်တိုင်တယ်ဆိုတာ လွယ်တယ်များထင်နေလား။ ခွင့်တိုင်တာ ပုံစံမမှန်ရင် မန်နေဂျာက ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြန်အပွားခံရမယ့်အပြင် ခွင့်တောင်မရပဲ ဖြစ်သွားနိုင်တယ်နော်။ မတော်တဆ စကားတွေများ၊အလုပ်ပါ ပြုတ်သွားတာမျိုးတောင် ဖြစ်နိုင်သေးတယ်။ ဒီတော့ ကိုယ်လိုချင်တဲ့ခွင့်လေးလည်းရအောင်၊အလုပ်ကလူတွေလည်း စိတ်မညစ်ရအောင် ဘယ်လိုခွင့်တိုင်ကြမလဲ။ နည်းလမ်းလေးတွေတော့ ရှိပါတယ်။

(၁)။အကြောင်းပြချက်ကောင်းဖို့ရှိရမယ်
ခွင့်တိုင်ဖို့ဆိုရင်အရေးအကြီးအရာကအကြောင်းပြချက်ကောင်းဖို့ပါပဲ။ သင်ကအိမ်မှာအိပ်နေချင်လို့ ခွင့်တစ်ရက်လောက်ယူချင်တယ်လို့ ပြောရင် မန်နေဂျာကအစ၊ သန့်ရှင်းရေးအဆုံး တစ်ရုံးလုံးက သင့်ကို ဝိုင်းမုန်းကြမှာအသေအချာပဲလေ။ ဒီတော့ သင့်မှာအကြောင်းပြချက်ကောင်းကောင်းရှိဖို့တော့ လိုမယ်မို့လား။


oYOo/Shutterstock

(၂)။ သက်သေခံပေးမယ့်သူလည်း ရှိရမယ်
ကိုယ့်ဆီမှာအကြောင်းပြချက်ကောင်းရှိရုံနဲ့လည်း မလုံလောက်သေးပြန်ဘူး။အဲဒီအကြောင်းပြချက်ကို သက်သေခံပေးမယ့်သူလည်း လိုသေးတယ်။ တချို့တွေရှိပါတယ်။အလုပ်မသွားချင်လို့ နေမကောင်းချင်ယောင်ဆောင်ပြီး မိဘတွေကို မန်နေဂျာဆီ ဖုန်းဆက်ခွင့်တိုင်ခိုင်းတာ။ သက်သေခံပေးမယ့်သူဆိုတာအဲဒါမျိုးကို ပြောတာပါ။ သင် တကယ်ပဲ တစ်ခုခုဖြစ်နေပြီလို့အတည်ပြုပေးနိုင်တဲ့သူမျိုးပေါ့။


Diego Cervo/Shutterstock

(၃)။ ရုံးက ရာထူးကြီးတဲ့သူနဲ့ ပိုင်ရမယ်
ရုံးက MD ၊ ဒါမှမဟုတ် GM လောက်ကို ကိုယ်ကအေးဆေးပဲ ပိုင်တယ်ဆိုရင်တော့ ခွင့်တစ်ရက်၊နှစ်ရက်လောက်ကိုအေးဆေး ယူလိုက်လို့ရပါတယ်။ ကိုယ်က ခွင့်ယူဖို့ စိတ်ကူးရှိတယ်ဆိုရင်အဲဒီ ဆရာသမားတွေကို တစ်ရက်နှစ်ရက်လောက်ကတည်းက ကြိုပြီး စားချင်တာလေးတွေ ဝယ်ကျွေးထား။အဲလိုဆိုရင် ခွင့်ယူတဲ့အခါအေးဆေးပဲ။အကြောင်းပြချက်တောင် ပေးနေစရာမလိုဘူး။

(၄)။ လစာအဖြတ်ခံရရင်လည်း ပြုံးနေနိုင်ရမယ်
ခွင့်ယူတာတော့ဟုတ်ပါပြီ။ လုပ်သက်ခွင့်တွေကုန်သွားပြီ၊ လစာမဲ့ခွင့်တွေ ယူရတော့မယ်ဆိုရင်တော့ စဉ်းစားစရာတွေဖြစ်လာပြီ။ လစာမဲ့ခွင့်ယူရင်အဖြတ်ခံရမယ့်လစာ ပမာဏကို တွေးပူမိပေမယ့် ရုံးမသွားချင်လောက်အောင် ဖြစ်နေပြီဆိုတော့ ယူရတော့မှာပဲလေ။ ဖြတ်ခါမှ ဖြတ်တော့လို့ပဲ တွေးရတော့မယ်။ ဒီတော့ လစာထုတ်လို့အဖြတ်ခံရတဲ့ ပိုက်ဆံပမာဏကို မြင်ရင်လည်း ပြုံးနေနိုင်အောင် ကြိုးစားပါနော်…။ ဒီလိုမှမဟုတ်ပဲ ခွင့်ယူတုန်းကတော့ ပြုံးပြုံး၊လစာအဖြတ်ခံရတော့မယ့် ငိုမဲ့မဲ့ ဆိုရင်တော့ ဘယ်လိုလုပ်အထာကျကျ ခွင့်ယူတယ် ခေါ်နိုင်ပါတော့မလဲ။


diy13/Shutterstock

Linn




Some text some message..